Connect with us

Hi, what are you looking for?

သတင်း

ခလရ(၂၈၂)တပ်ရင်းကတပ်သား လက်နက်နဲ့အတူ KNUထံ အလင်းဝင်

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။

(လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား။ ဓာတ်ပုံ - KNU - Mergui-Tavoy District)

ဇူလိုင် ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။

KNU မြိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်က စစ်ကောင်စီတပ်သား ၁ဦးဟာ ဇူလိုင် ၁ရက်မှာ KNLA တပ်မဟာ(၄) တပ်ရင်း (၁၀)ထံ အလင်းဝင်လာတာလို့ ဆိုပါတယ်။ လယ်ဒိုစိုးမြို့နယ်ဆိုတာဟာ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်က နယ်မြေဒေသတွေကို KNUက မြို့နယ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အလင်းဝင်လာသူဟာ ခလရ(၂၈၂)တပ်ရင်းက ဖြစ်ပြီး MA-1(၁)လက်၊ ကျည်ဘောက်(၄)ခုယူလာတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ အပါအဝင် ခရိုင်နဲ့ တပ်မဟာ ၇ခုနယ်မြေတွေမှာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ KNUထံသို့ စစ်ကောင်စီတပ်သားတွေ တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ အလင်းဝင်ဘက်ပြောင်းခိုလှုံမှုတွေ မကြာခဏ ရှိခဲ့ပါတယ်။

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးဒေသမှာဆိုရင် ဇွန်လ ၉ရက်က စစ်ကောင်စီတပ်သား ၅ဦး၊ ဇွန် ၁၅ရက်မှာ စစ်ကောင်စီတပ်သား ၁၁ဦး ဟာ KNU တပ်မဟာ(၃) လက်အောက်ခံ တပ်ထံမှာ အလင်းဝင်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ဇွန် နောက်ဆုံးပတ်မှာဆိုရင်လည်း KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်သားသစ်တဦးဟာ တပ်ရင်းမှူးကို လုပ်ကြံပြီး အခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင်ပူးပေါင်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို