Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ပေါ်မှာသူခိုးတွေသောင်းကျန်းနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ညဘက် လျှပ်စစ်မီးပြတ်တောက်ချိန် သူခိုးတွေ သောင်းကျန်းနေပြီး ၃ ရက်ဆက်တိုက် ဖောက်ထွင်းခိုးယူခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

(ရွှေဘိုမြို့ ညနေစောင်းအချိန် သွားလာနေသော ပြည်သူအချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab)

ဇူလိုင်-၅၊၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ညဘက် လျှပ်စစ်မီးပြတ်တောက်ချိန် သူခိုးတွေ သောင်းကျန်းနေပြီး ၃ ရက်ဆက်တိုက် ဖောက်ထွင်းခိုးယူခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့၊အမှတ် ၁ ရပ်ကွက်မှာဇူလိုင်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ၃ ရက်ဆက်တိုက်ညတိုင်းအိမ်တွေဖောက်ထွင်းခံရပြီး ဆိုင်ကယ်တွေ ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါသူခိုးအဖွဲ့ဟာ ၈ ယောက်ထက်မနည်း ပါဝင်ပြီးမနက် ၁ နာရီကနေ ၄ နာရီအတွင်း ဝင်ရောက်ခိုးယူသွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဘောင်းဘီတိုအင်္ကျီချွတ်တွေနဲ့တုတ်တွေ ဓားတွေလည်းပါတော့အိမ်ရှင်ကမြင်ရင်တောင်မအော်ရဲဘူး။ဒီတိုင်းကြည့်နေရတယ်”လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့မှာ လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေတာကြောင့်သူခိုးတွေသောင်းကျန်းနေတာဖြစ်ကြောင်းဒေသခံ​တွေကပြောပါတယ်။

“ညဘက်မီးမလာတော့ပိုဆိုးတယ်။ အိမ်တွေကနေ ဓာတ်တိုင်ကိုသွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေလည်း ဖြုတ်ခိုးနေကြတယ်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။

အလားတူ စစ်ကိုင်းတိုင်းမှာ မုံရွာမြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်ရာ မြို့ပေါ်တွေမှာဓါးပြတိုက်ပြန်ပေးဆွဲတာတွေ၊ခိုးဆိုးလုယက်မှုတွေဖြစ်ပွားနေပြီးအာဏာသိမ်းစစ်တပ်က ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးကာ ဒရုန်းနဲ့ ချီပါရွာအနီးကို ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook