Connect with us

Hi, what are you looking for?

သတင်း

မာနယ်ပလောကို စစ်ကောင်စီဗုံးကြဲပြီးနောက် နယ်စပ်တလျောက် ထိုင်းလေတပ်ကင်းလှည့်

ထိုင်းနယ်စပ်အနီးက မာနယ်ပလော ဒေသကို စစ်ကောင်စီလေတပ်က မနေ့ (မတ်လ ၂၃ ရက်)မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ထိုင်းလေတပ်က နယ်စပ်တလျောက် လေကြောင်း ကင်းလှည့် ခဲ့တယ်လို့နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

ထိုင်းလေတပ်ရဲ့ F -16 တိုက်လေယာဉ်တစ်စီးကိုတွေ့ရပုံ (ဓာတ်ပုံ - ထိုင်းလေတပ်)

မတ် -၂၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်းနယ်စပ်အနီးက မာနယ်ပလော ဒေသကို စစ်ကောင်စီလေတပ်က မနေ့ (မတ်လ ၂၃ ရက်)မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ထိုင်းလေတပ်က နယ်စပ်တလျောက် လေကြောင်း ကင်းလှည့် ခဲ့တယ်လို့နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

မနေ့ (မတ် ၂၃ ) ညနေပိုင်း ၃ နာရီခွဲ ခန့်က ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီး ရှိ KNU ဗဟိုဌာနချုပ်နေရာဟောင်း မာနယ်ပလော ကို စစ်ကောင်စီလေတပ်က ဗုံး ၄ လုံးနဲ့ ကြဲချသွားတာဖြစ်ပြီး လူသူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ထိုင်းသတင်းရင်းမြစ်ကတော့ စစ်ကောင်စီလေတပ်က ရုရှားထုတ် YAK-130 ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မာနယ်ပလောမှာ တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲတာလို့ သိရပါတယ်။ ဌာနချုပ်နေရာဟောင်းဖြစ်တဲ့ မာနယ်ပလောကို KNU က နှစ်ပေါင်း ၃၀ ခန့်အကြာ ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလအတွင်းမှာ ပြန်လည်သိမ်းယူနိုင်ခဲ့တာပါ ။

KNU ရဲ့ စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရ မာနယ်ပလောဟာ တပ်မဟာ (၇ ) နယ်မြေထဲမှာ တည်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။

မာနယ်ပလောကို KNUက ပြန်လည်သိမ်းယူပြီးနောက်ပိုင်းမှာ KNU တပ်မဟာ (၇) နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာလာပါတယ်။

လက်ရှိမှာလည်း KNU တပ်မဟာ (၇) က ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေး တပ်စခန်းကို တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ လှိုင်းဘွဲ့မြို့နယ် ၊ ရှမ်းရွာသစ်မြို့ ၊ ခလယ့်ဒေး တပ်စခန်း တိုက်ပွဲကြောင့် ခလယ့်ဒေးရွာသူရွာသား ၁၀၀ကျော်ဟာ ထိုင်းဘက်ကို ထွက်ပြေးနေရပါတယ်။

ခလယ့်ဒေးတပ်စခန်းဟာ လက်ရှိ KNU ဌာနချုပ်နေရာအနီး မှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းလည်းဖြစ်ပါတယ်။

KNU ဟာ ထိုင်း – မြန်မာ နယ်စပ်တလျောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရှင်းလင်းတိုက်ခိုက်နေတာပါ။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကတော့ KNU တပ်မဟာ (၇) နယ်မြေ ထဲက ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈( ပူလူတူ) တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်ကနှစ်ပတ်ကြာ အပြင်းအထန်တိုက်ပြီး သိမ်းယူထားပါတယ်။

ထိုင်း နယ်စပ်အနီး ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ မြန်မာစစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြီး ထိုင်းလေတပ်ကလည်း တိုက်လေယာဉ်စေလွှတ်ပြီး ကင်းလှည့်တာတွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောနှင့် ပေါက်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲရာ ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့သည်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်‌ထားသော မင်းပြားနှင့် ပေါက်တောမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့(ဇွန်လ ၁၉ရက်)ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲသွားရာ အရပ်သားထိခိုက်သေဆုံးမှုရှိသည်ဟု ကနဦးသတင်းရရှိသည်။

သတင်း

တိုက်ပွဲဖြစ်ပွားနေသည့်ဖားကန့်မြို့နယ်အတွင်းတစ်နေရာကိုစစ်ကောင်စီကယ‌နေ့(ဇွန်လ၁၉ရက်)ည‌နေ ၃နာရီ ၂၀ မိနစ်ခန့်တွင် လေကြောင်းမှဗုံးကြဲသည်။