Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ခြေလှမ်းပြင်လာတဲ့ ထိုင်းလေတပ်

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ပြီး Lightning IIလို့လည်း ခေါ်ဝေါ်တဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို အရှေ့တောင်အာရှ ဒေသတွင်းမှာ စင်ကာပူ လေတပ်က မှာယူထားပြီး ဖြစ်သလို အင်ဒိုနီးရှားကလည်း ဝယ်ယူ အားဖြည့်မယ့် အလားအလာတွေ ရှိနေကြောင်း သိရပါတယ်။

ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်တွေကို ထိုင်းလေတပ်က ဝယ်ယူဖို့ အလားအလာ များနေကြောင်း သိရပါတယ်။

F-35 တိုက်လေယာဉ်တွေကို ထိုင်းလေတပ်က ဝယ်ယူမယ့် အစီအစဉ်ကို ထိုင်းအစိုးရက မူအားဖြင့် သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ တကယ်လို့ ဒီကိစ္စ အမှန်တကယ် အထမြောက်လာခဲ့မယ်ဆိုရင် ၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် F-35တွေ ဝယ်ယူဖို့ အစိုးရက ဘတ်ငွေ ၁၃.၈ ဘီလီယံ ခွင့်ပြုသွားမှာပါ။ ထိုင်းရဲ့ တော်ဝင်လေတပ်ဟာ F-35 တိုက်လေယာဉ် အုပ်စုတစ်ခု ဖွဲ့စည်းထားနိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။

F-35တွေဟာ အမေရိကန် ဦးဆောင်ပြီး မဟာမိတ် နိုင်ငံတွေ ပူးပေါင်း တီထွင်ထားတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာ ပါဝင်တဲ့ F-35တွေဟာ လက်ရှိ ကမ္ဘာပေါ်မှာ နည်းပညာပိုင်း အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေ အဖြစ်လည်း သတ်မှတ် ခံထားရပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာတော့ လျှို့ဝှက်အဆင့်လို့ ခေါင်းစဉ်တပ်ထားတဲ့ အဆိုပြု ဖိုင်တွေနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ပြီး F-35တွေ ဝယ်ယူရေးကို သဘောတူခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ ထိုင်း တော်ဝင်လေတပ်ဟာ F-35 ၈ စီးပါဝင်တဲ့ တပ်ဖွဲ့ကို လက်ရှိ သုံးစွဲနေတဲ့ F-16တွေ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားပါတယ်။ ထိုင်းအစိုးရဟာ အခုကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မကြာခင် အသိပေး ထုတ်ပြန်လာဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းလေတပ် အကြီးအကဲ နာပါဒက်ဂျ် ဒူပက်တီမီယာက အမေရိကန်လုပ် F-35တွေ ဝယ်ယူရေးကို အလေးအနက် စိတ်ဝင်စားကြောင်း ဝန်ခံခဲ့ဖူးပေမယ့် ဘယ်မျိုးကွဲက ထိုင်းအတွက် ကိုက်ညီမလဲ ဆိုတာကို ရွေးချယ်ဖို့ ခက်နေဆဲလို့ ပြောခဲ့ပါတယ်။ F-35တွေမှာ မျိုးကွဲ ၃ ခုရှိပြီး မြေပြင် အခြေစိုက်၊ လေယာဉ်တင်သင်္ဘော အခြေစိုက်နဲ့ ပြေးလမ်း မလိုဘဲ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။

ထိုင်းဟာ F-35တွေကို နှစ်သုတ်ခွဲပြီး ၄ စီးစီ ဝယ်ယူသွားဖွယ် ရှိနေပါတယ်။ တစ်ဖက်မှာလည်း ကပ်ရောဂါ ဂယက်ကြောင့် နိုင်ငံစီးပွားရေး ထိခိုက် ကျဆင်းမှုတွေက ထိုင်းအစိုးရအတွက် ကာကွယ်ရေး အသုံးစရိတ် သတ်မှတ်ရာမှာ အကန့်အသတ်တွေ ကြုံနေရပြန်ပါတယ်။ ထိုင်း တော်ဝင်လေတပ်ဟာ သက်တမ်း ၃၅ နှစ်လောက် ကြာမြင့်နေပြီဖြစ်တဲ့ F-16တွေကို အဓိက မှီခိုနေရပြီး အခုတော့ နည်းပညာပိုင်း အကြီးအကျယ် အဆင့်မြှင့်တင်ဖို့ စီစဉ်နေတာပါ။

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ပြီး Lightning IIလို့လည်း ခေါ်ဝေါ်တဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို အရှေ့တောင်အာရှ ဒေသတွင်းမှာ စင်ကာပူ လေတပ်က မှာယူထားပြီး ဖြစ်သလို အင်ဒိုနီးရှားကလည်း ဝယ်ယူ အားဖြည့်မယ့် အလားအလာတွေ ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးမှာ တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။