Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ကွမ်းရောင်းနေတဲ့ စစ်ရှောင်သားအဖ ဓားထိုးခံရပြီး ဖခင်ဖြစ်သူ သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

ဇူလိုင် ၃၀၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

မနေ့က ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈ A လမ်းနဲ့ ၁၁၈ လမ်းထောင့်အနီး ဇော်ဂျီလမ်းမှာ ကွမ်းယာဆိုင်ဖွင့်ထားတဲ့ သားအဖ ၂ဦးကို အမျိုးသား ၁ဦးက ဓားနဲ့ထိုးခဲ့ကြောင်း၊ ဖခင်ဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားပြီး သမီးဖြစ်သူမှာလည်း ဆေးရုံမှာ ကုသနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“အဖေနဲ့စကားများရန်ဖြစ်ပြီး အဖေကို ၀င်ထိုးတာပါ။ သမီးရောထိုးခံရတာပါ။ ကောင်မလေးက အိမ်ထောင်ရှိပါတယ်။ထိုးတဲ့သူက သူ့ကောင်လေးလည်း မဟုတ်ပါဘူး”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓားနဲ့ထိုးတဲ့သူက အခင်းဖြစ်နေရာမှာတင် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ ဓားထိုးခံရတဲ့သားအဖဟာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာ၊ စည်သာရပ်ကွက်ကဖြစ်ပြီး မန္တလေးမြို့ပေါ် စစ်​ဘေးရှောင်ရင်း ကွမ်းယာရောင်းချနေချိန် ယခုလို ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဓားထိုးခံရတဲ့သားအဖရဲ့ဇာတိ ငါန်းမြာကြီးကျေးရွာက စစ်တပ်အထိုင်စခန်းကို ၂၀၂၄ သြဂုတ်မှာ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။

စက်တင်ဘာမှာတော့ အာဏာသိမ်းစစ်တပ်က ငါန်းမြာကြီးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဲဒီကတည်းက ဒေသခံတွေဟာ ရပ်ဝေးရပ်နီးဒေသတွေမှာ သွားရောက်စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့စက်တင်ဘာ ၉ရက် မနက်က သစ်ပင်လဲပြီး ကား၁စီးပေါ်ပိမိပြီး လူ ၁ဦးပိ​တ်မိနေလို့ ကယ်ဆယ်နေရပါတယ်။