Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့ရေဘေး ပိတ်မိသူတွေများပြားနေပြီး ကယ်ဆယ်ရေးအင်အား လိုအပ်နေ

ရေကာတာကျိုးပေါက်မှုကြောင့်ဖြစ်တဲ့ လေးမျက်နှာမြို့ရေဘေးမှာ ပိတ်မိနေသူတွေအများအပြားရှိနေပြီး ကယ်ဆယ်ရေးအင်အားလိုအပ်နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့တွေက ပြောပါတယ်။

(အိုင်သပြုမြို့နယ်အတွင်း ဇူလိုင် ၃၁ရက်ညက ရေတွေစီးဝင်လာလို့ ဒေသခံတွေ တိမ်းရှောင်စဉ်။ ဓာတ်ပုံ - CJ)

ဩဂုတ် ၁၊၂၀၂၆။မိထက်/People’s Spring

ရေကာတာကျိုးပေါက်မှုကြောင့်ဖြစ်တဲ့ လေးမျက်နှာမြို့ရေဘေးမှာ ပိတ်မိနေသူတွေအများအပြားရှိနေပြီး ကယ်ဆယ်ရေးအင်အားလိုအပ်နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့တွေက ပြောပါတယ်။

ငဝန်မြစ်ကမ်းဘေးမှာ ရှိပြီး လေးမျက်နှာမြို့ကို ကာရံထားတဲ့ ရေကာတာဟာ မေလ ၃၀ရက် မနက်ပိုင်းမှာ မြစ်ကျိုးကျေးရွာရဲ့ တာမိုင် (၂၅ / ၃)အနီး သဲဗွက်ဖြစ်ပြီး အနည်းငယ်နိမ့်ကျသွားတာကနေ ညဘက်မှာ အလျားပေ၅၀ခန့် ကျ်ိုးကျသွားတာပါ။

မြစ်ထဲက‌ရေတွေဟာ မြို့အတွင်းကို စီးဝင်လာပြီး ရေကာတာအတွင်းဘက်ဒေသတွေ ရေကြီးနစ်မြုပ်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ပိတ်မိနေတဲ့ရွာတွေတော်တော်များများရှိတယ်။ရေလာမယ့်လမ်းကြောင်းကိုမသိတော့ မရှောင်ဘဲနေကြတာ။ ရွာတော်တော်များတယ်။ စက်လှေတွေနဲ့သွားပြီးကယ်ထုတ်မှရမယ့်အနေအထားဖြစ်ပါတယ်”လို့ လေး မျက်နှာမြို့ကိုရောက်ရှိနေတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကျိုးကျတဲ့ရေကာတာနဲ့အနီးဆုံးဖြစ်တဲ့ မြစ်ကျိုးကျေးရွာမှာတင် နေအိမ်တွေအတွင်းပိတ်မိနေသူတွေရှိပြီး ဒီနေ့ ဩဂုတ်လ ၁ရက် မနက်အစောပိုင်းအထိကယ်ထုတ်ခဲ့ရတယ်လို့ အရပ်ဖက်ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ကျိုးကျတဲ့ရေကာတာဟာ ယနေ့ မနက်ပိုင်းမှာ အလျား ပေ၂၀၀ခန့်အထိ ပဲ့ကျသွားပြီး ရေတွေဆက်လက်စီးဝင်နေပါတယ်။

လေးမျက်နှာမြို့နဲ့ ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ အိုင်သပြု၊ခမောက်စုမြို့နယ်တွေမှာလည်းရေဝင်နေပြီး လာရောက်ကယ်ဆယ်ပေးဖို့အကူအညီတောင်းနေသူတွေ ရှိပါတယ်။

“ညက အမြန်ရှောင်တာ‌တောင် လမ်းမှာ ပိတ်မိသွားလို့ ပရဟိတအဖွဲ့တွေကိုလှမ်းခေါ်ရတယ်။ ရေကဆက်ပြီးတက်နေပါတယ်။ လယ်ကွင်းတွေလည်းအကုန်မြုပ်ကုန်ပြီ”လို့ အိုင်သပြုမြို့ခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးတွေလုပ်ဆောင်နေကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပေမယ့် ဒေသခံတွေ ရွှေ့ပြောင်းနိုင်တဲ့လမ်းကြောင်းတွေကို ကြိုတင်ဖော်ပြပေးတာမရှိပါဘူး။ ဒါကြောင့် ဘယ်ကိုရှောင်ရမှန်းမသိသလို ဖုန်းဆက်သွယ်ရေးတွေလည်းခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိရေ ရေဘေးသင့်နေသူဦးရေဟာ ၁၀၀၀၀အထက်ရှ်ိနေပြီး ဟင်္သာတမြို့အပါအဝင် ရေစီးဝင်ခြင်းမရှိတဲ့ အနီးပတ်ဝန်းကျင်မြို့တွေမှာ သွားရောက် တိမ်းရှောင်နေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

ငဝန်မြစ်ရေဟာ ဇူလိုင်လနောက်ဆုံးရက်သတ္တပတ်ကတည်းက စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေက ကြိုတင်ကာကွယ်ရေးတွေလုံးဝမလုပ်ခဲ့ဘူးလို့ လေးမျက်နှာမြို့ခံတွေကပြောပါတယ်။ လက်ရှိမှာလည်း အရေးပေါ်ကယ်ဆယ်ရေးအတွက် စက်လှေတွေမှာအသုံးပြုမယ့် စက်သုံးဆီလုံလုံလောက်လောက်မရှိဘဲ ဝယ်ယူရခက်ခဲနေတယ်လို့ သိရပါတယ်။

‌ကျိုးကျတဲ့ရေကာတာနေရာကနေ စီးဝင်လာမယ့်ရေတွေဟာ ဟင်္သာတ-ပုသိမ်ရထားလမ်းဘေးနဲ့ ကားလမ်း ဘေးမှာရှိနေတဲ့ ဒိုက်ပျက်၊ဇရပ်လှ၊ ငါးသိုင်းချောင်း၊ရေကြည်၊ကျုံ‌ပျော်မြို့တွေအထိ စီးဝင်နိုင်တဲ့အတွက် ကြိုတင်သတိပြုကြဖို့ မြေပြင်မှာကူညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေကပြောပါတယ်။

လက်ရှိရေ ဘေးကြောင့် လူထိခိုက်သေဆုံးမှုသတင်းမကြားရသေးပါဘူး။ ဒါပေမယ့် စပါးစိုက်ပျိုးပြီးသားလယ်ကွင်းတွေ ဧက သိန်းချီနစ်မြုပ်လို့ဆုံးရှုံးမှုကြီးမားသလို လက်ရှိမှာလည်းအရေးပေါ်ကယ်ဆယ်ရေးလုပ်ရမယ့်အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်