Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာနေအိမ်တစ်အိမ်အတွင်းအရပ်ဝတ်နဲ့ ဓားပြတိုက်နေတဲ့ စစ်တပ်ရဲ့ အမှတ်(၃၈၄) ခြေမြန်တပ်ရင်း(ခမရ-၃၈၄)ကစစ်သားတွေကို KIA၊KPDFက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးသွားပါတယ်။

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

(စစ်သား​တွေဆီက သိမ်းဆည်းရရှိတဲ့​သေနတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့ )

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ခမရ (၃၈၄)က တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး သေနတ်တစ်လက်ရရှိခဲ့တယ်လို့ KPDF နဲ့ နီးစပ်သူကပြောပါတယ်။

“တချို့ကထွက်ပြေးသွားတယ်လို့သိရတယ်။ စစ်ကောင်စီတပ်တွေက ဓားပြတိုက်နေတာ ခဏခဏပဲ။ အခုလို ပစ်ခတ်ဖမ်းဆီးရတာလည်း သုံးလေးကြိမ်ရှိပြီ”လို့ ၎င်းကပြောပါတယ်။

ဖားကန့်ကိုရောက်ရှိနေတဲ့စစ်ကြောင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်(SNA)၊မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။အဲဒီစစ်ကြောင်း‌ တွေက အရပ်သားပြည်သူတွေကိုဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှု ‌ တွေလည်းရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလကနေဇူလိုင်လကုန်အထိ ဓားပြတိုက်မှုအကြိမ် ၅၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ဇွန်လ၁၆ရက်နေ့ကလည်း ဖားကန့်မြိုနယ်၊ နမ္မဖြစ်အုပ်စုထဲမှာ ဖြစ်ပွားနေတဲ့ ဓားပြတိုက်မှုကို ကိုKIA၊KPDFက သွားရောက်ဖမ်းဆီးစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အပါအဝင် ငါးဦးဖမ်းမိခဲ့ပါတယ်။ဖားကန့်မှာဆိုးသွမ်းနေတဲ့ဓားပြအဖွဲ့ကို KIA၊KPDF အနေနဲ့ သေချာစုံစမ်းပြီး ထိထိရောက်ရောက်အရေးယူပေးဖို့လည်း ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

လက်ရှိမှာ ဖားကန့်မြို့နယ်နဲ့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်ကောင်စီစစ်ကြောင်းတွေရှိ‌နေပါတယ်။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသေးပေမယ့် KIA၊KPDFက မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။

ဇူလိုင် ၃၁ရက်မှာဖားကန့်မြို့နယ်ထဲက KIAတပ်မဟာ(၉)နယ်မြေကိုစစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်ကိုသတိပြုကြဖို့ KIAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်