Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတိုက်ခိုက်ခံနေရချိန် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ် ဗုံးကြဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိအာဏာသိမ်းစစ်တပ်ရဲ့ တခုတည်းသော ထိန်းချုပ်နယ်မြေ စစ်တွေနဲ့ ထိစပ်နေတဲ့ ပု ဏ္ဏားကျွန်းမြို့နယ်ကနေရာအချို့ကိုဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

(၂၀၂၆ ၊ဖေဖော်ဝါရီ ၂၄ ရက်နေ့ကပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာကို စစ်တပ်ကဗုံးကြဲခဲ့စဥ်။ ။ဓါတ်ပုံ - Wai Hun Aung)

စက်တင်ဘာ-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိအာဏာသိမ်းစစ်တပ်ရဲ့ တခုတည်းသော ထိန်းချုပ်နယ်မြေ စစ်တွေနဲ့ ထိစပ်နေတဲ့ ပု ဏ္ဏားကျွန်းမြို့နယ်ကနေရာအချို့ကိုဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ကွမ်းတောင်၊ ပဒေသာကျေးစတဲ့ရွာတွေနဲ့ အနီးတဝိုက် နေရာတွေကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲနေတာလို့သိရပါတယ်။

“ခြောက်ချက်လောက်ရှိပြီ ကြားရတာ။ အသံတော်တော်ကျယ်တယ်။ကြောက်စရာကြီး။ တနာရီခွဲလောက်ကနေ စကြားရတာ။ခုနကလည်း တလုံးကြားလိုက်သေးတယ်။ကွမ်းတောင်ဘက်တွေဖြစ်မယ်။ အဲဒီဘက်ကကြားတယ်” လို့ ကုလားတန်မြစ်အရှေ့ဘက်ကမ်း ပေါက်တောမြို့နယ်မှာနေထိုင်တဲ့အမျိုးသမီးတဦးက စက်တင်ဘာလ ၃ ရက်မွန်းလွဲ၂ နာရီဝန်းကျင်မှာပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုဗုံးကြဲ မှုကြောင့် အရပ်သားထိခိုက်၊ သေဆုံးမှုတွေရှိနိုင်ပြီး အခြေအနေမသိရသေးဘူးလို့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တ ဦးက ပြောပါတယ်။ “ပဒေသာဘက်မှာဆိုရင် လူတွေ ရှိသေးတယ်။ လယ်လုပ်နေတဲ့သူတွေလည်း ရှိတယ်။ စိုးရိမ်ရပါတယ်” လို့ သူကပြောပါတယ်။

လက်ရှိမှာအာရက္ခတပ်တော်(AA)ဟာစစ်တွေမြို့နယ်ပတ်လည်မှာရှိတဲ့ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော မြို့နယ်တို့ကို သိမ်းပိုက်ထားပြီးစစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို ဝန်းရံပိတ်ဆို့၊ တိုက်ခိုက်နေတာပါ။

ဒါ့အပြင်ဒီနေ့ နံနက် ၁၁ နာရီလောက်မှာလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းခြေမြို့တွေဖြစ်တဲ့ ဂွ၊ ကျိန္တလီနဲ့ ဂျိ တ္တော အနီးဝန်းကျင်တို့ကို ပင်လယ်ပြင်မှာ ရပ်နားတပ်စွဲထားတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ သတိထားနေထိုင်ကြဖို့ AA က အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံအဝှမ်းစစ်အရေးအရအထိနာနေတဲ့စစ်တပ်ဟာရခိုင်ပြည်နယ်အတွင်းကသူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ်မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးလာမှာပြီးလေကြောင်းကနေလည်းဗုံးကြဲတာတွေဆက်တိုက်လုပ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။