Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရေကြောင်း၊လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုသတိထားဖို့၊ပြည်သူအချင်းချင်းသတိပေးကြဖို့ AAထပ်မံတိုက်တွန်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

(စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာ လက်နက်ကြီးပစ်ခတ်​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

စက်တင်ဘာ-၄၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကလေကြောင်း၊လက်နက်ကြီး ရေကြောင်းက တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အပြင် တိုက်ခိုက်မှုတွေ အချိန်မရွေး ဆက်လက် ပြုလုပ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အချိန်ပြည့် သတိရှိကြဖို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ မှာ သတိပေး တိုက်တွန်းချက် ထပ်မံ ထုတ်ပြန်ပါတယ်။

ဩဂုတ်အတွင်းစစ်တပ်ကအရပ်သားပြည်သူနေထိုင်ရာတွေကိုပစ်မှတ်ထားတဲ့ လေကြောင်း၊ရေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး ပြုလုပ်ခဲ့သလိုစက်တင်ဘာမှာလည်း လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်၊ နေရာများစွာကနေ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာတဲ့အပေါ် AAကစက်တင်ဘာ ၄ရက်မှာ သတိပေးချက်ထပ်မံထုတ်ပြန်ခဲ့တာပါ။

စက်တင်ဘာ ၃ရက်က အာရက္ခဒေသရှိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၊ ကျိန္တလီမြို့အတွင်းရှိ ပုန်းညှက်ကမ်းခြေနဲ့ စေတီကွင်းကမ်းခြေအကြားအပါအဝင် ဂွ၊ ကျိန္တလီ ကမ်းခြေတလျှောက်အား ပင်လယ်ရီကြောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ စက်တင်ဘာ ၃ ရက်မှာပဲ အာရက္ခဒေသ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ (၃) မြို့ စပ်ကြား ပတ်ဝန်းကျင်ရှိ ရပ်ရွာများဖြစ်တဲ့ကွမ်းတောင်ရွာ၊ကုန်းတန်းကြိမ်ချောင်းရွာ၊ မက္ကလာကျရွာ၊ ညိုရောင်ရွာ၊ မင်းလှရွာနဲ့ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်ကြီး (မူဆလင်ရွာ) ၊ညောင်ပင်ကြီး (ရက္ခိုင်ရွာ)တွေကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ လှည့်ပတ်ဗုံးကြဲခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒီလိုတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးရှိ၊မရှိ အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။စက်တင်ဘာ ၄ရက်မှာလည်း စစ်တွေမြို့ရှိ စစ်တပ်ရဲ့လက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊သံချပ်ကာတင့်ကား၂ စီးနဲ့ စစ်တွေမြို့နားပင်လယ်ပြင်တွင်ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောအချို့ပေါ်မှ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာများ အတွင်း လက်နက်ကြီးများ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် ဂွကမ်းခြေနဲ့ ငပလီကမ်းခြေကိုလည်းစစ်တပ်က လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့အသိ​ပေးပါတယ်။

အခုရက်တွေမှာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားနေပုံတွေကိုသုံးသပ်ချက်အရလေကြောင်း၊ရေကြောင်း၊လက်နက်ကြီး​တွေအချိန်မရွေးဆက်လက်ပစ်ခတ်နိုင်တာကြောင့်ကမ်းခြေ၊ချောင်းကမ်းနံဘေးအပါအဝင်မြို့၊ ရွာ အသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အထူးသတိထားဖို့ လေကြောင်းအချက်ပြမှုတွေ သတိထားစောင့်ကြည့်ဖို့ နိုးနိုးကြားကြားနဲ့ အချင်းချင်း သတိပေးကြဖို့ AAက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သံတွဲ၊ ဂွအပါအဝင် အာရက္ခဒေသ မြို့နယ်တွေကို ဇူလိုင်၊ ဩဂုတ်လအတွင်း လေကြောင်း တိုက်ခိုက်မှုအပြင်းအထန် ပြုလုပ်ခဲ့ရာ ကလေးငယ်တွေအပါအဝင်အရပ်သားပြည်သူအစုလိုက် အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သြဂုတ်လအတွင်းရခိုင်နဲ့ ချင်းပြည်နယ် ပလက်၀တို့မှာ စစ်တပ်က​လေ​ကြောင်းကဗုံးကြဲမှု​ကြောင့် ပြည်သူအနည်းဆုံး ၂၄ ဦး​သေဆုံးပြီး က​လေးငယ်​တွေအပါအဝင်ပြည်သူအနည်းဆုံး ၄၃ ဦးဒဏ်ရာရခဲ့တယ်လို့ HDCO ထုတ်ပြန်ထားတဲ့အချက်အလက်​တွေအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူးလေးရွာအနီး ကျွန်းတောကို ဒီနေ့(စက်တင်ဘာ ၄ရက်)နေ့ခင်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ သွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။