Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်မှာ စစ်တပ်ထိုးစစ်အထိနာပြီး သံတွဲနဲ့ ပုဏ္ဏားကျွန်းကိုဗုံးကြဲ

သံတွဲမြို့မှာ ​ဒေသခံပြည်သူ ၁ ဦး​သေပြီး ၄ဦးထက်မနည်းဒဏ်ရာရ

(စစ်တပ်ကစက်တင်ဘာ ၄ ရက်မှာဗုံးကြဲတာ​ကြောင့်ပုဏ္ဏားကျွန်းမြို့အနီးရှိဂူ၀ရှေးဟောင်းဘုရားပုထိုးတော်တွေထိမှန်ပျက်စီး​နေစဥ်။ ဓါတ်ပုံ- Wai Hin Aung)

စက်တင်ဘာ-၇၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၇ ရက် မနက်ပိုင်းမှာ ဗုံးကြဲနေတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ သံတွဲမြို့ပေါ်နဲ့ပင်လယ်ကမ်းခြေတလျှောက်ကျေးရွာတွေကိုဒီက​နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်ကနေ ဗုံးကြဲ နေတာလို့ဆိုပါတယ်။ “ကမ်းခြေရွာတွေမှာ လူနေလို့မရတော့ဘူး။တောက်လျှောက်ကြဲနေတယ်။နေဗီတွေလည်း အနားကပ်နေတယ်”လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

ဗုံးကြဲမှုကြောင့်သံတွဲမြို့ပေါ်မှ ​ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ‌ဒဏ်ရာရသွားခဲ့တယ်လို့ အခြားဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်စစ်တွေမြို့နယ်တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကကျေးရွာတွေကိုလည်း ဒီနေ့မနက်ပိုင်း ၇ နာရီ ၄၅ မိနစ်ကနေ ၈ နာရီဝန်းကျင်ထိ ဗုံးကြဲနေခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဟာစစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစ ထိုးစစ်ဆင်နေခဲ့ပြီး AA ရဲ့တန်ပြန်တိုက်ခိုက်မှုကြောင့်အထိနာပြန်ဆုတ်ခဲ့ရပြီး​နောက် အခုလိုဗုံးကြဲနေတာပါ။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်လာလ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းခြေမြို့တွေဖြစ်တဲ့ ဂွ၊ ကျိန္တလီနဲ့ ဂျိတ္တော အနီးဝန်းကျင်တို့ကို ပင်လယ်ပြင်မှာ ရပ်နားတပ်စွဲထားတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့ပြီး ကမ်းတက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေက စက်တင်ဘာ ၄ ရက်စတယ်ဆိုပြီး ၄၉၂၆ စစ်ဆင်​ရေးစပြီလို့ ဝါဒဖြန့်​နေကြပါတယ်။ဒါ​ပေမယ့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ထိုးတဲ့စစ်​ကြောင်း ၂ ​ကြောင်းလုံးပြန်ဆုတ်​ပြေးခဲ့သလို

ဒီ​နေ့အထိ့ ဘယ်စခန်းမှသိမ်းနိုင်တာလည်းမရှိဘူးလို့ စစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ်။ ​ဒါ့အပြင် မြေပြင်စစ်​ကြောင်း​တွေမှာာစစ်တပ်က စစ်သားသစ်​တွေဖြစ်တဲ့ ပြည်သူ့စစ်​တွေကိုအဓိကအသုံးပြု​နေပြီး ​စစ်တပ်ဘက်ကသေဆုံးဒဏ်ရာရသူများ​နေပြီး အာရက္ခတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်မှုရှိတယ်လို့ ​ဒေသခံစစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံအဝှမ်း စစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာမှာ အထိနာပြီး​နောက် လေကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်အနီးတိုက်ပွဲဆက်ဖြစ်နေ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့်လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က စစ်​​တွေမြို့ဘက်က​နေကြည်း၊ ရေ၊ လေသုံး ကာအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှစ်ခုလုံး ​သေဆုံးဒဏ်ရာရသူများပြီး တပ်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။