Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘော ၄စီး ကသာက အပေါ်ဆန်တက်နေ၊ စင်းခန်းတံတားပြန်ရဖို့ စစ်တပ်က တပ်ရင်း ၃ရင်းနဲ့ ထိုးစစ်ဆင်

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

(မန်းလေးမြို့ဂေါဝန်ဆိပ်ကမ်းက ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စု။ ဓာတ်ပုံ - ပကဖ၊ ဝက်လက်မြို့နယ်၊ NUG)

စက်တင်ဘာ ၈၊၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မန္တလေးမြို့ကတက်လာတဲ့ စစ်သင်္ဘော ၃၁စီးအနက် တိုက်သင်္ဘော ၃စီး နဲ့ သံခွန် ၁စီးဟာ စက်တင်ဘာ ၇ရက် ညနေပိုင်းမှာ ကသာမြို့ကို ရောက်ရှိခဲ့ပြီး အခြားသင်္ဘော ၂၇စီးဟာ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ ကမ်းကပ်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ရေး သတင်းရင်းမြစ်က အခုလို ရှင်းပြတာပါ။

” မနက်စောစော ကသာကနေ ဆက်ထွက်လာပြီ။ ၄စီး။အခြား သင်္ဘော ၂၇စီးတော့မနေ့ကမောင်းကုန်းမှာ ကမ်းကပ်သွားတယ်။ ကုန်းပေါ်ကနေ ကားကြီးတွေနဲ့ အဲဒီပေါ်ကလူတွေလာသယ်သွားပြီလို့ သိရပါတယ်။ အဲဒီ ၂၇စီးမှာတင်တဲ့သူတွေက တကောင်း နီကယ် စက်ရုံလည်ပတ်ဖို့အတွက် အဲဒီမှာ လုပ်သားတွေနဲ့ပစ္စည်းတွေ လာပို့တယ်ဆိုတာ အခုမှ အတိပြုလို့ရပါတယ်။ တရက် နှစ်ရက်တုန်းက ကြိုတင်သတင်းရတာတော့ရှိပါတယ်”လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာ စစ်သင်္ဘောတွေ ကချင်ပြည်နယ်ဘက်ကို ဦးတည်ထွက်ခွာသွားသလို မြေပြင်မှာလည်း အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအနီးက ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

“အဲဒီ စင်းခန်းတံတားကို စကစတွေက ပြန်ရဖို့အတွက် တပ်ရင်းသုံးရင်းနဲ့စစ်ဆင်ရေးလုပ်နေပါတယ်။ အဲဒါကို ကျနော်တို့က လည်း ခုခံကာကွယ် တိုက်ခိုက်နေပါတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

အခု စက်တင်ဘာ ပထမပတ်မှာ စစ်တပ်ဟာ မြေပြင်ထိုးစစ်နဲ့အတူ စစ်သင်္ဘောတွေနဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်ကို တက်တဲ့ စစ်သင်္ဘောအုပ်စုဟာ ရွှေကူမြို့နယ် ဇင်းဘုံနဲ့ စင်းခန်းတံတား အကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ စစ်သင်္ဘောတွေ နစ်မြုပ်တာ မီးလောင်တာ၊ ကမ်းကပ် လက်နက်ချတာတွေရှိခဲ့ပါတယ်။

အဲဒါကြောင့် စစ်သင်္ဘောအုပ်က သင်္ဘော ၇စီးသာ ဗန်းမော်ကို ကမ်းကပ်နိုင်ခဲ့တာပါ။ အဲဒီလို ကမ်းကပ်နိုင်ခဲ့ပေမဲ့ ဗန်းမော်မြို့ရောက်စစ်သင်္ဘောတွေမှာ လက်နက်ခဲယမ်းအများအပြား ပါဝင်တာမျိုးမရှိဘူးလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အထိနာတဲ့ စစ်တပ်ဟာ စင်းခန်း မြစ်ကူးတံတားကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေလို့ စက်တင်ဘာ ပထမပတ်မှာ စင်းခန်းဒေသနဲ့ ဇင်းဘုံဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဆောင်းပါး

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။