Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘော ၄စီး ကသာက အပေါ်ဆန်တက်နေ၊ စင်းခန်းတံတားပြန်ရဖို့ စစ်တပ်က တပ်ရင်း ၃ရင်းနဲ့ ထိုးစစ်ဆင်

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

(မန်းလေးမြို့ဂေါဝန်ဆိပ်ကမ်းက ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စု။ ဓာတ်ပုံ - ပကဖ၊ ဝက်လက်မြို့နယ်၊ NUG)

စက်တင်ဘာ ၈၊၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မန္တလေးမြို့ကတက်လာတဲ့ စစ်သင်္ဘော ၃၁စီးအနက် တိုက်သင်္ဘော ၃စီး နဲ့ သံခွန် ၁စီးဟာ စက်တင်ဘာ ၇ရက် ညနေပိုင်းမှာ ကသာမြို့ကို ရောက်ရှိခဲ့ပြီး အခြားသင်္ဘော ၂၇စီးဟာ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ ကမ်းကပ်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ရေး သတင်းရင်းမြစ်က အခုလို ရှင်းပြတာပါ။

” မနက်စောစော ကသာကနေ ဆက်ထွက်လာပြီ။ ၄စီး။အခြား သင်္ဘော ၂၇စီးတော့မနေ့ကမောင်းကုန်းမှာ ကမ်းကပ်သွားတယ်။ ကုန်းပေါ်ကနေ ကားကြီးတွေနဲ့ အဲဒီပေါ်ကလူတွေလာသယ်သွားပြီလို့ သိရပါတယ်။ အဲဒီ ၂၇စီးမှာတင်တဲ့သူတွေက တကောင်း နီကယ် စက်ရုံလည်ပတ်ဖို့အတွက် အဲဒီမှာ လုပ်သားတွေနဲ့ပစ္စည်းတွေ လာပို့တယ်ဆိုတာ အခုမှ အတိပြုလို့ရပါတယ်။ တရက် နှစ်ရက်တုန်းက ကြိုတင်သတင်းရတာတော့ရှိပါတယ်”လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာ စစ်သင်္ဘောတွေ ကချင်ပြည်နယ်ဘက်ကို ဦးတည်ထွက်ခွာသွားသလို မြေပြင်မှာလည်း အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအနီးက ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

“အဲဒီ စင်းခန်းတံတားကို စကစတွေက ပြန်ရဖို့အတွက် တပ်ရင်းသုံးရင်းနဲ့စစ်ဆင်ရေးလုပ်နေပါတယ်။ အဲဒါကို ကျနော်တို့က လည်း ခုခံကာကွယ် တိုက်ခိုက်နေပါတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

အခု စက်တင်ဘာ ပထမပတ်မှာ စစ်တပ်ဟာ မြေပြင်ထိုးစစ်နဲ့အတူ စစ်သင်္ဘောတွေနဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်ကို တက်တဲ့ စစ်သင်္ဘောအုပ်စုဟာ ရွှေကူမြို့နယ် ဇင်းဘုံနဲ့ စင်းခန်းတံတား အကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ စစ်သင်္ဘောတွေ နစ်မြုပ်တာ မီးလောင်တာ၊ ကမ်းကပ် လက်နက်ချတာတွေရှိခဲ့ပါတယ်။

အဲဒါကြောင့် စစ်သင်္ဘောအုပ်က သင်္ဘော ၇စီးသာ ဗန်းမော်ကို ကမ်းကပ်နိုင်ခဲ့တာပါ။ အဲဒီလို ကမ်းကပ်နိုင်ခဲ့ပေမဲ့ ဗန်းမော်မြို့ရောက်စစ်သင်္ဘောတွေမှာ လက်နက်ခဲယမ်းအများအပြား ပါဝင်တာမျိုးမရှိဘူးလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အထိနာတဲ့ စစ်တပ်ဟာ စင်းခန်း မြစ်ကူးတံတားကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေလို့ စက်တင်ဘာ ပထမပတ်မှာ စင်းခန်းဒေသနဲ့ ဇင်းဘုံဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်တွေမြို့ကို ပိတ်ဆို့ဝန်းရံတိုက်ခိုက်ခံနေရချိန်မှာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်ဖို့ကြိုးစားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သေင်္ဘာ​တွေကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်တာကြောင့် သင်္ဘော တစီးထိမှန်ကာ စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။