Connect with us

Hi, what are you looking for?

သတင်း

(၇၈)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ ကျင်းပ

(၇၈)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP/KA ထိန်းချုပ်ရာနယ်မြေမှာ ဒီကနေ့ (စက်တင်ဘာ ၈ရက်) ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ - KnIC

စက်တင်ဘာ -၈၊၂၀၂၆။ဇော်၀င်း/People’s Spring

(၇၈)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP/KA ထိန်းချုပ်ရာနယ်မြေမှာ ဒီကနေ့ (စက်တင်ဘာ ၈ရက်) ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီကခေါင်းဆောင်တွေ၊ကရင်နီပြည်အစိုးရ တာဝန်ရှိသူတွေ ၊တပ်ဗိုလ် တပ်မှူး၊ ရဲဘော် ရဲမေတွေ၊ဌာနဆိုင်ရာတာဝန်ခံတွေ ၊ကျောင်းသူကျောင်းသား၊ လူငယ်အမျိုးသမီးနဲ့ ပြည်သူလူထု အင်အား ၂၀၀ ကျော် တက်ရောက်ခဲ့တယ်ပါတယ်။

အခမ်းအနားမှာ နိုင်ငံတော်အလံအလေးပြုတာ၊ နိုင်ငံတော်သီချင်းသီဆိုဂုဏ်ပြုတာ၊ကျဆုံးခဲ့တဲ့အာဇာနည်တွေကို အလေးပြုတာနဲ့ ကရင်နီအမျိုးသားအာဇာနည်နေ့ မိန့်ခွန်းပြောတာနဲ့ ပေးပို့လာတဲ့ သဝဏ် လွှာတွေကို ဖတ်ကြားတာတွေလုပ်ခဲ့တယ်လို့ KNPP ရဲ့ သတင်းပြန်ကြားရေးဌာန KnIC က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဖဆပလအစိုးရက ကရင်နီအမျိုးသားအစည်းအရုံး ဥက္ကဌဖြစ်သူ ဂိုဘီတူရီ (ကရင်နီခုခံတော်လှန်ရေးခေါင်းဆောင်)ကို ရက်စက်ယုတ်မာစွာသတ်ဖြတ်ခဲ့သတဲ့ ၁၉၄၈ စက်တင်ဘာ ၈ ရက်ကို ဂုဏ်ပြုပြီးကရင်နီအမျိုးသားအာဇာနည်နေ့ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဂိုဘီတူရီက အစပြုပြီး သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ရဲ့တွန်းလှန်တိုက်ပွဲတွေနဲ့ ဒီကနေ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး၊တန်းတူရေး၊ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ လက်အောက်က လွတ်မြောက်ရေးထိသမိုင်းတလျှောက် အသက်သွေးချွေးတွေ ပေးဆပ်အနစ်နာခံခဲ့တဲ့ ကရင်နီအာဇာနည်သူရဲကောင်းတွေ ၊ရဲဘော်‌တွေနဲ့ ပြည်သူလူထုကို အောက်မေ့သတိရဂုဏ်ပြုတာလို့လည်း KnIC က ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်သူတွေဟာ အခက်အခဲတွေကြားကနေ လူမှုအသိုင်းအဝိုင်းကို ပြန်လည် တည်ဆောက်နေပြီး အကျပ်အတည်းတွေကြားက အကူအညီလိုအပ်သူတွေကို စောင့်ရှောက်တာ လူမှုအဖွဲ့အစည်းတွေ ပြန်လည်ထူထောင်တာနဲ့ အနာဂတ် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးစနစ်အတွက် ပါဝင် ဆောင်ရွက်ပြီး အာဇာနည်တို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေတယ်လို့ KNPP ရဲ့ သ၀ဏ်လွှာမှာဖော်ပြပါတယ်။

ရည်မှန်းချက်က အာဏာကို လူနည်းစု လက်ထဲတွင် စုစည်းထားတဲ့ စနစ်တစ်ခုမဟုတ်ဘဲ လူထု ဆန္ဒနဲ့အခွင့်အရေးတွေကို အခြေခံတဲ့၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရေးလို့ အသိပေးပါတယ်။

အဲဒီအနာဂတ်ကို တည်ဆောက်ခြင်းက အာဇာနည်တို့ရဲ့ မြင့်မြတ်တဲ့ ပေးဆပ်မှုကို အဓိပ္ပာယ်ရှိစေမယ့် အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့လည်း KNPP က ပြောပါတယ်။

လွတ်မြောက်ရေးခရီးက ရှည်လျားကြမ်းတမ်းမှုတွေရှိနေပေမယ့် စည်းလုံးညီညွတ်မှုနဲ့ ဆက်လက် လျှောက်လှမ်းကြရင် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောင်နိုင်မယ်လို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ