Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်နယ်မှာ စစ်တပ် ဗုံးကြဲလို့ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ ကျောင်းထိုင်ဆရာတော်။ ဓာတ်ပုံ - ပေးပို့)

စက်တင်ဘာ-၈၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်က ငါန်းဇွန်မြို့ပေါ်ကနေ စစ်အုပ်စုစစ်ကြောင်းထွက်လာပြီး နတ်သားတောရွာကို ဝင်ရောက် လာတာလို့ သိရပါတယ်။

အဲဒီရွာကနေ မြောက်ကျင်းရွာဘက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြောက်‌ကျင်း ကျေးရွာအတွင်းနဲ့ ရွာရဲ့ မြောက်ဘက်က ရွာသစ်တော တောရဘုန်းကြီးကျောင်းအတွင်း ကျည်ကျပြီး ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကျင်းရွာအတွင်း ဗုံးကြဲခံရမှုကြောင့် အသက်၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ၊ ဂျိုကျေးရွာက စစ်ဘေးလာရှောင်တဲ့ အသက်၅၀ ကျော်ရွယ်အမျိုးသမီးနဲ့ မြေးဖြစ်သူ အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

“ဗုံးက ၁၂၀မမ တပ်ပြီးချတာ ဆိုတော့ အားပြင်းတယ်ဗျ။ ဒဏ်ရာရတဲ့သူတွေမှာ တော်တော်ပြင်းထန်ဒဏ်ရာတွေပါတယ်။ ခြေ၊လက်ထိလိုက်မိတာတွေပေါ့။ အဓိက,က ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်များတော့ အဲဒီမှာ ဒဏ်ရာရ တွေပါ များကြတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်ရှိလည်း မြို့သာ-ငါန်းဇွန်လမ်းပိုင်းကို စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင် နေအိမ်တွေက ပစ္စည်းတွေကို လုယက်ယူဆောင်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။