Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်နယ်မှာ စစ်တပ် ဗုံးကြဲလို့ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ ကျောင်းထိုင်ဆရာတော်။ ဓာတ်ပုံ - ပေးပို့)

စက်တင်ဘာ-၈၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်က ငါန်းဇွန်မြို့ပေါ်ကနေ စစ်အုပ်စုစစ်ကြောင်းထွက်လာပြီး နတ်သားတောရွာကို ဝင်ရောက် လာတာလို့ သိရပါတယ်။

အဲဒီရွာကနေ မြောက်ကျင်းရွာဘက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြောက်‌ကျင်း ကျေးရွာအတွင်းနဲ့ ရွာရဲ့ မြောက်ဘက်က ရွာသစ်တော တောရဘုန်းကြီးကျောင်းအတွင်း ကျည်ကျပြီး ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကျင်းရွာအတွင်း ဗုံးကြဲခံရမှုကြောင့် အသက်၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ၊ ဂျိုကျေးရွာက စစ်ဘေးလာရှောင်တဲ့ အသက်၅၀ ကျော်ရွယ်အမျိုးသမီးနဲ့ မြေးဖြစ်သူ အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

“ဗုံးက ၁၂၀မမ တပ်ပြီးချတာ ဆိုတော့ အားပြင်းတယ်ဗျ။ ဒဏ်ရာရတဲ့သူတွေမှာ တော်တော်ပြင်းထန်ဒဏ်ရာတွေပါတယ်။ ခြေ၊လက်ထိလိုက်မိတာတွေပေါ့။ အဓိက,က ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်များတော့ အဲဒီမှာ ဒဏ်ရာရ တွေပါ များကြတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်ရှိလည်း မြို့သာ-ငါန်းဇွန်လမ်းပိုင်းကို စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင် နေအိမ်တွေက ပစ္စည်းတွေကို လုယက်ယူဆောင်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဆောင်းပါး

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။