Connect with us

Hi, what are you looking for?

သတင်း

သံတွဲနဲ့ဂွမြို့ကို စစ်တပ်ဗုံးကြဲ၊ အဖွားအို ၁ဦး သေဆုံး

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

(စက်တင်ဘာ ၇ ရက်မှာ စစ်တပ်က သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပျက်စီးမှုများ။ ဓာတ်ပုံ - AA)

စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သံတွဲမြို့ကို စစ်တပ်က စက်တင်ဘာ ၇ရက် မနက်မှာ ဗုံးကြဲခဲ့လို့ သံတွဲမြို့ အမှတ်(၈)ရပ်ကွက်က အဖွားအို နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရသလို အမျိုးသမီး ၂ဦး အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြောင်း AAက အသိပေးပါတယ်။

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူနေအိမ် ၈လုံးပျက်စီးခဲ့ရကြောင်းလည်း မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ဂွနဲ့ သံတွဲ ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြပါတယ်။ သံတွဲမြို့ကို လေကြောင်း တိုက်ခိုက်မှုအပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၇ရက် နေ့လည်ပိုင်းမှာ သံတွဲမြို့နယ် ကျောက်ကြီးရွာနဲ့ စပါးကြီးရွာကို စစ်တပ်က ထပ်မံ ဗုံးကြဲခဲ့ရာ ပြည်သူထိခိုက်မှု မရှိပေမဲ့ နေအိမ် ၈လုံးပျက်စီးခဲ့ရကြောင်း အသိပေးပါတယ်။

စက်တင်ဘာ ၇ရက်ကလည်း စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြိုနယ်၊ ဖက်ကျကျေးရွားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုနေအိမ် ၄လုံးပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ သံတွဲ၊ ဂွမြို့နယ်တွေအပါအဝင် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေကြောင်း ဗုံးကြဲတိုက်တာတွေ ဆက်တိုက်အပြင်းအထန်ပြုလုပ်ခဲ့တာပါ။ အဲဒီလို လုပ်ဆောင်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။

စစ်တပ်က လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်တာတွေ နေ့စဉ် အရှိန်မြှင့်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန် ပိုသတိရှိဖို့ AAက ထပ်ခါ ထပ်ခါ နှိုးဆော်ထားပါတယ်။ ဒါကြောင့် ဒီနောက်ပိုင်း ကျေးရွာအချို့ ဗုံးကြဲခံရမှုမှာ နေအိမ်ပျက်စီးမှု အများအပြားရှိခဲ့ပေမဲ့ အရပ်သားထိခိုက်မှု လျော့နည်းလာတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။