Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ (၅)နယ်မြေမယ်နုထရွာဗုံးကြဲခံရပြီးကလေးတစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊မယ်နုထရွာကို ​ဒီနေ့ (အောက်တိုဘာ ၂၅ ရက်​) မနက်အစောပိုင်း ၁ နာရီအချိန်ခန့်မှာအာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် က​လေးတစ်ဦး သေဆုံးသွားပါတယ်။

(ဗုံးကြဲခံရပြီး​နောက်အပျက်အစီး​တွေ/ ​သေဆုံးခဲ့တဲ့က​လေးငယ် နဲ့ ဒဏ်ရာရခဲ့တဲ့ဖခင်တို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-​ဒေသခံ ၊The Reporter)

အောက်တိုဘာ – ၂၅ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊မယ်နုထရွာကို ​ဒီနေ့ (အောက်တိုဘာ ၂၅ ရက်​) မနက်အစောပိုင်း ၁ နာရီအချိန်ခန့်မှာအာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် က​လေးတစ်ဦး သေဆုံးသွားပါတယ်။

ဒီ​​နေ့ မနက်အစောပိုင်း ၁ နာရီအချိန်မှာ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်​မြေရှိထိုင်းနယ်စပ်အနီး သံလွင်မြစ်ကမ်းဘေးကမယ်နုထရွာထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲတိုက်​လေယာဥ်နဲ့ ဗုံး နှစ်လုံးကြဲချသွားတာပါ။

အဲဒီ ဗုံးကြဲမှု​ကြောင့် မယ်အူထရွာမှာ ​နေထိုင်တဲ့ က​လေးတစ်ဦး ​သေဆုံးသွားပြီးက​လေးနှစ်ဦးအပါအ၀င်သုံးဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနယ်စပ်သတင်းတွေအရတော့ ဒဏ်ရာရသူတွေထဲမှာ သားအဖနှစ်ဦး ပါဝင်ပြီး ဆေးကုသဖို့ ထိုင်းဘက်ခြမ်းကို ရောက်ရှိလာခဲ့ပေမယ့် ကလေးဖြစ်သူက သေဆုံးသွားခဲ့ရတာပါ။

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မယ်နုထရွာခံတွေ ထိုင်းဘက်ဆီ ထွက်ပြေးခိုလှုံခဲ့ကြပေမယ့် အခုမနက်ပိုင်းမှာတော့ နေရပ်ရွာဆီပြန်သွားကြတယ်လို့သိရပါတယ်။

ဒီအ​ခြေအ​နေနဲ့ ပတ်သက်ပြီး တပ်မဟာ (၅ ​) ပြော​ရေးဆိုခွင့်ရှိ ပဒို​စောထို​ရော်ဘင်ကို ဆက်သွယ်​မေးမြန်းထားဆဲ ပါ။

ထိုင်းစစ်တပ်က တာဝန်ရှိသူက ဗုံးကြဲခံရမှု​ကြောင့် မြန်မာဒုက္ခသည်​တွေ ထိုင်းဘက်ထွက်​ပြေးခိုလှုံလာရင် လက်ခံ​ဆောင်ရွက်​ပေးဖို့အသင့်ပြင်ခိုင်း​ထားပြီး ထိုင်အမျိုးသားလုံခြုံ​ရေး​ကောင်စီ(NSC)အစီအစဥ်အတိုင်း​ဆောင်ရွက်မယ်လို့ ထိုင်းသတင်းဌာန The Reporter က ​ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။