Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောတွေတိုက်ခိုက်ခံရစဉ်ရေထဲမျောပြီး မြစ်ကမ်းဘေးတယောက်တည်း နှစ်ပတ်​ကျော်အစာမစားရတဲ့ စစ်တပ်မိသားစုဝင် ကလေးငယ်ကို KIA ပူးပေါင်းတပ်ကယ်တင်

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

စက်တင်ဘာ-၁၉၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

ရေထဲမျောပါပြီး ကမ်းဘေးတွေတောတွေမှာ တင်ကျန်နေတဲ့ သူတွေကို တော်လှန်ရေးရဲဘော်တွေက စက်လှေငယ်တစီးနဲ့ လိုက်လံရှာဖွေခဲ့ရာ မြစ်ကမ်းဘေးတခုမှာ ကလေးငယ်တဦးကို ရှာဖွေကယ်တင်နိုင်ခဲ့တာပါ။

“ငါ့တူ ကောင်းကောင်းဖြေနော် ဦးတို့က မင်းတို့ကိုလာကယ်တာ ဘယ်မှာရှိသေးလဲ” လို့တော်လှန်ရေးရဲဘော်ကမေးရာ တယောက်တည်းလို့ ကလေးငယ်က ဖြေပါတယ်။

Public Service Announcement

Public Service Announcement

​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက ကလေးငယ်ကိုအစားအစာ​ပေးစားခိုင်းပြီး၊ဓာတ်ဆားရည်တိုက်တာခဲ့တာ တွေ့ရပါတယ်။

အခြားကလေးငယ်တွေရှိသေးလားဟု မေးမြန်းရာ တယောက်တည်းလို့ ကလေးငယ်က ​ပြောပါတယ်။

“ဟိုမှာ မိန်းမတယောက်သေနေတာမင်းသိလား”လို့ထပ်မံ မေးမြန်းရာ ကလေးငယ်က မသိဘူးလို့ ပြောပါတယ်။

သင်္ဘောပေါ်က ခုန်ချပြီးပြေးတာလားဟု မေးမြန်းရာ ရေထဲမျောလာတာဟု ကလေးငယ်က ပြန်လည်ဖြေကြားပါတယ်။

“နှစ်ပတ်လောက်ကျော်ပြီ သားတယောက်တည်း” လို့လည်း ကလေးငယ်က ပြောပါတယ်။ ဘာမှမစားရဘဲ ​ရေပဲ​သောက်​နေခဲ့ရတယ်လို့က​လေးငယ်ကပြော​ပါတယ် ။

တော်လှန်ရေးရဲဘော်တွေက ထွက်ခဲ့ကြ မင်းတို့ကို လာကယ်တာ ထွက်ခဲ့ကြလို့ အော်ဟစ်သံတွေကိုလည်း ကြားရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က “အဲဒီကလေးက အဲဒီလိုပါလာတာ။ အများကြီးပဲ။ မြစ်ကမ်းဘေးမှာရော မြစ်အနောက်ဘက်ကမ်း အရှေ့ဘက်ကမ်းရွာတွေမှာကယ်တင်ထားတာအများကြီးပဲ။ တပ်မိသားစုဝင်တွေများတယ်”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂ရက်နေ့က ရွှေကူကနေ ဗန်းမော်ကို စစ်သင်္ဘောတွေ ဆန်တက်ခဲ့စဥ်မှာ​ရော ၊ ဗန်း​မော်က​နေ ​ရွှေကူကို ဆင်းလာတဲ့ စစ်တပ် သင်္ဘော​တွေကို​ရော KIAနဲ့ပူး​ပေါင်းတပ်​တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ​တွေအပါအဝင် တွဲသင်္ဘော​တွေ၊တွန်းသင်္ဘော​တွေ စတဲ့ သင်္ဘောမျိုးစုံ အစီး​ရေများစွာပျက်စီးနစ်မြှပ်၊မီး​လောင်ကျွမ်းခဲ့ပါတယ် ။

သင်္ဘောတွေ မီး​လောင်ပျက်စီး​ရေနစ်မြှပ်တဲ့အခါစစ်သားတွေအပါအဝင် စစ်တပ်သင်္ဘော​​နဲ့ လိုက်ပါလာသူတွေ သေဆုံးထိခိုက်တာ၊ ရေထဲခုန်ချတာ၊ ရေထဲမျောပါတာတွေရှိခဲ့သလို သင်္ဘောကမ်းကပ်ပြီး လက်နက်ချ အညံ့ခံသူတွေလည်းရှိခဲ့ပါတယ်။

ရွှေကူ-ဗန်းမော်ကြား စင်းခန်းတံတားအနီး လက်နက်ချတဲ့ သင်္ဘော ၂ စီး​ပေါ်က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁၈ဦး၊ သင်္ဘောကြုံလိုက်လာတဲ့ အရပ်သား ၈ဦး၊ တပ်မိသားစုဝင် အမျိုးသမီး ၁၇ဦးနဲ့ လသားအရွယ်ကလေးငယ်တွေ ကို KIA ပူးပေါင်းတပ်က စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၅၁ဦး ရှိပြီး သူတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KIAက အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်