Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော် ဈေးပေါက်

ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ၃၀၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိဈေးကွက်မှာ လက်လီဝယ်ယူသူတွေအနေနဲ့ ကြက်သွန်နီ တစ်ပိဿာ ၁၂၀၀၀ ကျပ် နဲ့ ဝယ်နေရပြီး ပိဿာလိုက်ဝယ်ယူသူတွေအတွက်တော့ ၁၁၀၀၀ ‌ကျပ် နဲ့ ဝယ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။

ကြက်သွန်နီဈေးက ပြီးခဲ့တဲ့လတုန်းက တစ်ပိဿာ ၆၀၀၀ကျပ်ဝန်းကျင်သာရှိခဲ့ပြီး တစ်လအတွင်းမှာ ကျပ် ၈၀၀၀ ၊ ၁၀၀၀၀ ကနေ ၁၂၀၀၀ ကျပ် အထိရောက်လာတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကြက်သွန်နီ‌ဈေးတက်တာက လက်ရှိရေကြီးနေတဲ့ ဖြစ်စဉ်တွေကြောင့် ဖြစ်နိုင်ပြီး ဓာတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေးစရိတ်နဲ့ သယ်ယူရတဲ့စရိတ်တွေပိုကုန်ကျတာကြောင့် ဈေးတက်တာဖြစ်နိုင်တယ်လို့ ပြည်သူတစ်ဦးကသုံးသပ်ထားပါတယ်။

ဒီကာလရောက်ရင်ကြက်သွန်နီက တောင်သူတွေလက်ထဲမှာ မရှိတော့ပဲ ကုန်သည်တွေရဲ့ လက်ထဲမှာပဲရှိတာကြောင့် ကုန်သည်တွေ ဈေးကစားတာဖြစ်နိုင်တယ်လို့ အခြားပြည်သူတစ်ဦးကလည်း ၎င်းရဲ့ အမြင်ကိုပြောပါတယ်။

ကြက်သွန်နီ အသစ်ပေါ်ဖို့ အချိန်အားဖြင့် တစ်လကျော်လောက် လိုနေသေးပြီး လက်ရှိရေကြီးတဲ့ ဖြစ်စဉ်တွေကြောင့် အဲဒီ့ထက်လည်း နောက်ကျနိုင်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ တနေရာမှာ တော်လှန်ပြည်သူတွေက အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစနစ်ကို တိုက်ဖျက်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

Facebook