Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်စစ်​ရေးတင်းမာ​နေချိန်မြို့ခံတွေကို စစ်တပ်ကမြို့ပြင်ထွက်ခွင့်မ​ပေးဘဲပိတ်ဆို့ထား

အာဏာသိမ်းစစ်တပ်ကမိုးမိတ်မြို့ကို ပို့‌လိုက်တဲ့ စစ်မှုထမ်းသင်တန်းဆင်း(ပစ)စစ်သားသစ်တွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားသလို တိုက်ပွဲလည်းဖြစ်နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

(မိုးမိတ်မြို့အနီးဝန်းကျင်ကို Google Earth မှာမြင်​တွေ့ရပုံ)

“ဒါကအရပ်သားကိုအကာအကွယ်ယူတာ။ဓါးစာခံလုပ်ထားတာ”

— မြို့ခံတဦး

​အောက်တိုဘာ-၂၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

အာဏာသိမ်းစစ်တပ်ကမိုးမိတ်မြို့ကို ပို့‌လိုက်တဲ့ စစ်မှုထမ်းသင်တန်းဆင်း(ပစ)စစ်သားသစ်တွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားသလို တိုက်ပွဲလည်းဖြစ်နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

မိုးမိတ်မြို့ပေါ် ရပ်ကွက်လေးခုနဲ့ပတ်ဝန်းကျင်အနှံ့မှာ စစ်တပ်က ​အောက်တိုဘာ ၁ ရက်ညကစပြီး နေရာယူလိုက်တာဖြစ်တယ်လို့ စစ်ရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

“မြို့ကို ပိတ်ဆို့ထားလိုက်ပြီ။ဘယ်သူမှမထွက်ရဘူးတဲ့။အခုမိုးမိတ်မြို့အထွက်မြစ်ဆုံသွားတဲ့ ဘက်မှာ တိုက်ပွဲဖြစ်နေပြီ”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့အနီးက အုန်းကြောရွာသစ်မှာ မနက် ၉နာရီခန့်က စပြီး တိုက်ပွဲဖြစ်နေတာပါ။ စစ်တပ်က မြို့ခံတွေကို ပိတ်ဆို့ထားပြီး လူသားတံတိုင်းလုပ်နေတဲ့လုပ်ရပ်က စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက တစ်ရက်ထက်တစ်ရက် ပြင်းလာတယ်။ဘာဆက်ဖြစ်မယ်မသိတဲ့အနေအထားမှာ ဒေသခံတွေကရှောင်ဖို့လုပ်တော့ ပိတ်ချလိုက်တယ်။ ဒါက အရပ်သားကို အကာအကွယ်ယူတာ။ဓါးစာခံလုပ်ထားတာ”လို့ မြို့ခံတဦးက ပြောပါတယ်။

မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာညောင်နီရွာအနီးမှာစက်တင်ဘာလ၂၈ရက်မနက်ပိုင်းကစပြီး စစ်ကောင်စီနဲ့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ ဒီ‌နေ့အထိ စစ်ရေးတင်းမာနေတာပါ။

အောက်တိုလာလ ၁ရက်နေ့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေစစ်အင်အားတွေကို မန္တလေး – မတ္တရာ- သပိတ်ကျင်း-တကောင်း- ထီးချိုင့် – မိုးမိတ်လမ်းအတိုင်းပို့ဆောင်ခဲ့ပါတယ်။ လေကြောင်းလုံခြုံရေးအကူအညီနဲ့ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့မဟာမိတ်​တွေကထိုးစစ်ဆင်သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ဒါ​ပေမယ့် တရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှုနဲ့စစ်ကောင်စီထံကို ၂၀၂၅ အောက်တိုဘာလမှာပြန်ပေးခဲ့တာပါ။ TNLA ကပြန်လွှဲ​ပေး​ပေမယ့်နောက်ပိုင်းဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။

မိုးမိတ်မြို့အနီး၊ညောင်နီကျေးရွာကရွှေသမင်ကုန်း စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ၂၈ရက်နဲ့ ၂၉ ရက်တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းက ဗုံးကြဲခဲ့ပြီး ဒီနေ့(​အောက်တိုဘာ ၂ ရက်)လည်း လေယာဉ်ပတ်ပျံနေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook