Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်စစ်​ရေးတင်းမာ​နေချိန်မြို့ခံတွေကို စစ်တပ်ကမြို့ပြင်ထွက်ခွင့်မ​ပေးဘဲပိတ်ဆို့ထား

အာဏာသိမ်းစစ်တပ်ကမိုးမိတ်မြို့ကို ပို့‌လိုက်တဲ့ စစ်မှုထမ်းသင်တန်းဆင်း(ပစ)စစ်သားသစ်တွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားသလို တိုက်ပွဲလည်းဖြစ်နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

(မိုးမိတ်မြို့အနီးဝန်းကျင်ကို Google Earth မှာမြင်​တွေ့ရပုံ)

“ဒါကအရပ်သားကိုအကာအကွယ်ယူတာ။ဓါးစာခံလုပ်ထားတာ”

— မြို့ခံတဦး

​အောက်တိုဘာ-၂၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

အာဏာသိမ်းစစ်တပ်ကမိုးမိတ်မြို့ကို ပို့‌လိုက်တဲ့ စစ်မှုထမ်းသင်တန်းဆင်း(ပစ)စစ်သားသစ်တွေကို မြို့အနှံ့ နေရာချထားပြီး မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားသလို တိုက်ပွဲလည်းဖြစ်နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

မိုးမိတ်မြို့ပေါ် ရပ်ကွက်လေးခုနဲ့ပတ်ဝန်းကျင်အနှံ့မှာ စစ်တပ်က ​အောက်တိုဘာ ၁ ရက်ညကစပြီး နေရာယူလိုက်တာဖြစ်တယ်လို့ စစ်ရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

“မြို့ကို ပိတ်ဆို့ထားလိုက်ပြီ။ဘယ်သူမှမထွက်ရဘူးတဲ့။အခုမိုးမိတ်မြို့အထွက်မြစ်ဆုံသွားတဲ့ ဘက်မှာ တိုက်ပွဲဖြစ်နေပြီ”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့အနီးက အုန်းကြောရွာသစ်မှာ မနက် ၉နာရီခန့်က စပြီး တိုက်ပွဲဖြစ်နေတာပါ။ စစ်တပ်က မြို့ခံတွေကို ပိတ်ဆို့ထားပြီး လူသားတံတိုင်းလုပ်နေတဲ့လုပ်ရပ်က စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက တစ်ရက်ထက်တစ်ရက် ပြင်းလာတယ်။ဘာဆက်ဖြစ်မယ်မသိတဲ့အနေအထားမှာ ဒေသခံတွေကရှောင်ဖို့လုပ်တော့ ပိတ်ချလိုက်တယ်။ ဒါက အရပ်သားကို အကာအကွယ်ယူတာ။ဓါးစာခံလုပ်ထားတာ”လို့ မြို့ခံတဦးက ပြောပါတယ်။

မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာညောင်နီရွာအနီးမှာစက်တင်ဘာလ၂၈ရက်မနက်ပိုင်းကစပြီး စစ်ကောင်စီနဲ့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကနေ ဒီ‌နေ့အထိ စစ်ရေးတင်းမာနေတာပါ။

အောက်တိုလာလ ၁ရက်နေ့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေစစ်အင်အားတွေကို မန္တလေး – မတ္တရာ- သပိတ်ကျင်း-တကောင်း- ထီးချိုင့် – မိုးမိတ်လမ်းအတိုင်းပို့ဆောင်ခဲ့ပါတယ်။ လေကြောင်းလုံခြုံရေးအကူအညီနဲ့ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့မဟာမိတ်​တွေကထိုးစစ်ဆင်သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ဒါ​ပေမယ့် တရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှုနဲ့စစ်ကောင်စီထံကို ၂၀၂၅ အောက်တိုဘာလမှာပြန်ပေးခဲ့တာပါ။ TNLA ကပြန်လွှဲ​ပေး​ပေမယ့်နောက်ပိုင်းဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။

မိုးမိတ်မြို့အနီး၊ညောင်နီကျေးရွာကရွှေသမင်ကုန်း စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၂၉ရက်မှာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ၂၈ရက်နဲ့ ၂၉ ရက်တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းက ဗုံးကြဲခဲ့ပြီး ဒီနေ့(​အောက်တိုဘာ ၂ ရက်)လည်း လေယာဉ်ပတ်ပျံနေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေတိုက်ပွဲမှာ အထိနာ​နေတဲ့စစ်တပ်ဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်က ၆မြို့နယ်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကယ်ဆယ်ရေးကားတွေ အလံဖြူထောင်သွားလာခြင်းမပြုဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ

သတင်း

ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းကဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

Facebook