Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်က ကွန်ဒို ကြိုပွိုင့်ပြသာနာတာဝန်ယူ​ဖြေရှင်း​ပေးမည့်သူမရှိဖြစ်​နေ

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ-၂၊၂၀၂၆။ဇော်၀င်း /People’s Spring

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

လတ်တလောလူထုနွေဦးက ရရှိထားတဲ့အချက်အလက်တွေအရ ရန်ကုန်မြို့က နာမည်ကြီး ကွန်ဒိုတွေ ဖြစ်တဲ့ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က The Central Tower 8 ၊ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအနီးက Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းက အခန်းတွေ နဲ့ အလုံမြို့နယ်က The Park Projectကွန်ဒိုတွေဟာ ဆောက်လုပ်နိုင်ခြင်းမရှိသေးဘဲ ကြိုပွိုင့်၀ယ်ယူထားမိသူတွေဆီက ငွေတောင်းခံတာတွေဆက်ရှိနေတယ်လို့ဝယ်ယူထားသူ​​တွေက​ပြောပါတယ်။

“အင်လျား view ပါတဲ့အခန်းတွေက အနည်းဆုံးဒေါ်လာလေးသိန်းကနေဒေါ်လာတစ်သန်းထိရှိတယ်။နောက်ပြီးကြိုပွိုင့်ပေးရတဲ့လစဉ် ကြေးကလည်းအပြင်ဒေါ်လာပေါက်ဈေး(မြန်မာငွေလဲနှုန်းအတိုင်း)သွင်းရတယ်။ နိုင်ငံခြားသားတွေလည်းပါတယ်။သူတို့ဆိုရင်လည်းတရားစွဲထားတာတွေပါ ရှိတယ်။နစ်နာသူ ၁၀၀ ကျော် ကျော်လောက်ရှိတယ်။‌ရှေ့မှာသွင်းထားတဲ့ငွေတွေဆုံးမှာစိုးလို့ ငွေဆက်သွင်းနေတဲ့လူတစ်စုက သပ်သပ်ရှိနေသေးတယ်။ကျွန်တော်ဆို ၂၀၂၂ ကတည်းကနေ အခုချိန်ထိ အခန်းခရဲ့ ၆၀ ရာခိုင်နှုန်းအထိ ပေးသွင်းပြီးပြီ”လို့ The Central Tower 8မှာ ကြိုပွိုင့်၀ယ်ယူထားတဲ့ အမျိုးသားတစ်ဦးက သူရဲ့‌ဖြစ်စဉ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စက်တင်ဘာ ၃၀ ရက်က The Central Tower 8 ရုံးခန်းကို ကြိုပွိုင့်၀ယ်ယူထားသူ‌တွေစုပြီး သွားရောက်မေးမြန်းကာ ဖြေရှင်းပေးဖို့တောင်းဆိုမှုကိုလည်း ကုမ္ပဏီဘက်က လျစ်လျူရှုခဲ့တယ်လို့သူကဆက်​​ပြောပါတယ်။

“ထွက်လည်းမတွေ့ဘူး။ဘာမှလည်းမလုပ်ပေးဘူး။ဆောက်လုပ်ရေးဘယ်နေ့ပြီးမလဲ အခန်းဘယ်တော့အပ်မလဲ ဆိုတာ သူတို့တွေတောင် မသိတဲ့ အခြေအနေ”လို့ အထက်ပါအမျိုးသားကဆက်ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး The Central Tower 8 ကိုတည်ဆောက်တဲ့ တရုတ်နိုင်ငံသား အိမ်ခြံမြေကျွမ်းကျင်သူ စတီဖင် ဆိုသူပိုင်တဲ့ Marga Group ရဲ့ Marga Land mark Development ကုမ္ပဏီကို လူထုနွေဦးကသုံးကြိမ်ထက်မနည်းဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်တာမရှိခဲ့ပါဘူး။

လက်ရှိမှာ စရံငွေပေးသွင်းထားတဲ့ကွန်ဒိုအခန်းတွေနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ အကာအကွယ်ဖြစ်နိုင်မယ့် သတင်းစာတွေထဲ အသိပေးကြေညာထားပြီး ‌ဆောက်လုပ်မယ့် ကုမ္ပဏီဘက်က တဖက်သတ် စာချုပ်ဖျက်သိမ်းတာ၊ ထပ်ဆင့်ရောင်းချတာ တွေ မရှိအောင် တားမြစ်ကန့်ကွက်တာမျိုးသာ လုပ်နိုင်တယ်လို့ ကြိုပွိုင့်၀ယ်ယူထားသူ‌တချို့က ဆိုပါတယ်။

“တရားရုံးတွေမှာ တရားစွဲဆိုထားတာလည်း ဘာမှမထူးဘူး။ဌာနဆိုင်ရာတွေစာပို့ထားတာလည်းအကြောင်းပြန်တာမရှိသေးဘူး”လို့ The Park Project ကွန်ဒိုမှာ အခန်းတခန်းငွေကြိုသွင်း၀ယ်ယူထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုဖြစ်စဉ်တွေက စီးပွားရေးအသိုက်အ၀န်းကို ရိုက်ခတ်နိုင်ပြီး ဆောက်လုပ်ရေးနဲ့ အိမ်‌ခြံမြေလောကရဲ့နာတာရှည်ရောဂါဖြစ်ကာ စားသုံးသူ(၀ယ်ယူသူ)အကျိုးစီးပွားကို ကာကွယ်ဖို့ အစီအမံတွေ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်လို့ စီးပွားရေးအကြံပေး တစ်ဦးကသုံးသပ်​ပြောကြားပါတယ်။

“ကွန်ဒိုတိုက်ခန်းတွေကို မဆောက်လုပ်မီ ကြိုပွိုင့်စနစ်နဲ့ ကြိုတင်ရောင်းချတာဟာ developer တွေအတွက် ဆောက်လုပ်ရေးအရင်းအနှီးလွယ်ကူစွာရရှိစေသလို၊ဝယ်သူတွေအတွက်လည်းဈေးနှုန်းသက်သာစွာ ရွေးချယ် ဝယ်ယူခွင့်ရစေတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ဒါပေမဲ့မြေပြင်မှာ အဆောက်အအုံအမှန်တကယ်မပေါ်ပေါက်လာခင် စာရွက်ပေါ်က အစီအမံကိုပဲယုံပြီး ငွေကြိုပေးရတာဖြစ်တဲ့အတွက် ပရောဂျက်ရပ်တန့်သွားတာ၊ ဆောက်လက်စတန်းလန်းနဲ့ developer ဒေဝါလီခံသွားတာ၊ အချိန်မီ မအပ်နှံနိုင်တာနဲ့ ဝယ်သူဆီကရတဲ့ငွေကို အခြားစီမံကိန်းတွေမှာ လှည့်သုံးလိုက်တာစတဲ့ အန္တရာယ်ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်”လို့ သူက ပြောပါတယ်။

ဒါကြောင့် ကွန်ဒိုကြိုပွိုင့်စနစ်တွင် ဝယ်ယူသူတွေအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တည်ဆောက်မယ့်(developer )ရဲ့နာမည်ဂုဏ် သတင်းတစ်ခုတည်းအပေါ် ယုံကြည်ရုံနဲ့ မလုံလောက်ဘဲ ငွေကြေးကို သီးသန့်အကောင့်ထဲထိန်းချုပ်ထားတာ၊ဆောက်လုပ်မှုအဆင့်အလိုက်သာ ထုတ်ယူစေတာ နဲ့ တတိယအဖွဲ့အစည်း (ဘဏ်/အာမခံ) ရဲ့ တာဝန်ခံမှု ထားရှိတဲ့ငွေကြေးနစ်နာမှု ကင်းဝေးစေမယ့်စနစ်ဖြစ်ထွန်းလာဖို့ သူက တိုက်တွန်းပါတယ်။

တဖက်မှာလည်း စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းပြည်တွင်းဆောက်လုပ်ရေးလောက အကျပ်အတည်းတွေ့ နေပါတယ်။ စစ်တပ်ကပြည်ပက ဆောက်လုပ်ရေးပစ္စည်းတင်သွင်းခွင့်တားမြစ်ထားတာနဲ့ ငွေကြေးဖောင်းပွတာ​ကြောင့် ​ဆောက်လုပ်​ရေးသုံးပစ္စည်း​တွေ ​ဈေးကြီးကုန်သလို ၊စစ်မှုထမ်းစုဆောင်းမှုကြောင့်လုပ်သားရှားပါးတာတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်း​တွေဟာ ကြိုပွိုင့်နဲ့​ရောင်းထားတဲ့​ဈေးနဲ့ မ​ရောင်းနိုင်​တော့နဲ့အ​ခြေအ​နေ ကြုံ​နေကြတယ်လို့ လုပ်ငန်းရှင်တချို့ကပြောပါတယ်။

“အိမ်ဆောက်ပစ္စည်းရဲ့အခြေခံဖြစ်တဲ့ သံချောင်း တွေသွင်းခွင့်မရတော့ဘူး။အရင် တစ်တန် ၁၆ သိန်းက အခု သိန်း ၆၀ ဖြစ်နေတယ်။ဒါကြောင့် အခုလိုအချိန်မှ သွင်းကုန်ပါမစ်တွေ ခက်ခဲတာ နဲ့ ဈေးကွက်မှာပစ္စည်းတွေ၀ယ်မရတာ၊ရှားပါးတာ ကြုံနေရတယ်။အဲဒီပြဿနာတွေအပြင် လုပ်သားအင်အားထုရှားပါးနေတာကလည်း ‌ဆောက်လုပ်ရေးလောက က ပိုဆိုးရွာလာတယ်”လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် ​ဆောက်လုပ်​ရေးကုမ္ပဏီ​တွေ ဆက်မလုပ်နိုင်​တော့ဘဲ ရပ်နားသွားတာ​တွေရှိပါတယ်။ စက်တင်ဘာလထဲမှာပဲ ဆောက်လုပ်ရေးကုမ္ပဏီသုံးခုထက်မနည်းစာရင်းရှင်းလင်းဖျက်သိမ်းကြောင်းကြေညာခဲ့သလို ဆောက်လုပ်ရေးလောကဟာ ရေရှည် ပိုဆိုးလာနိုင်တယ်လို့ လုပ်ငန်းရှင်​တွေက ​ပြောပေးပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့်ပြည်ပရင်းနှီးမြှပ်နှံမှုနည်းပါးတာ၊ပြည်ပချေးငွေမရတာ၊ကုန်သွယ်ရေးကျဆင်းတာ စတာတွေကြောင့် စစ်တပ်က နိုင်ငံခြားငွေနည်းပါးတာကိုအကြောင်းပြပြီးပြည်ပကကုန်ပစ္စည်းတင်သွင်းမှုတွေအားလုံးကို တင်းကြပ်ကန့်သတ်ထားတာဖြစ်ပါတယ်။စားသောက်ကုန်၊ဆေးဝါးကအစ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကိုပါ ကန့်သတ်တားမြစ်နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်မှာ ဘီလပ်မြေတစ်အိပ် ၆၀၀၀ ကျပ်သာရှိပေမယ့် အခုအခါ သုံးဆကျော်ဈေးတက်သွားပြီ တစ်အိတ် ၂၀၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ် ။နယ်တွေမှာတော့ ဈေးနှုန်းကပိုကြီးပါတယ် ။

အာဏာသိမ်းစစ်တပ်လက်အောက်မှာ ပြည်သူတွေဟာ ဘဏ်တွေမှာ ငွေအပ်ထားရတာကိုမယုံကြည်တဲ့အပြင် ၊ငွေကြေးဖောင်းပွမှုကြောင့် ငွေသားအနေနဲ့မထားချင်ကြဘဲ ၊အိမ်ခြံမြေဝယ်ယူစုဆောင်းသူတွေရှိတဲ့အတွက် ဝယ်လိုအားကရှိနေတယ်လို့စုံစမ်းသိရပါတယ်။

ဒါ့အပြင် အခုနာက်ပိုင်း ပြည်တွင်းမှာ ပိုမိုများပြားလာတဲ့ ကျားဖြန့်လုပ်ငန်း(အွန်လိုင်းငွေလိမ်လုပ်ငန်း)တွေကလည်း အိမ်ခြံမြေဝယ်ယူပြီး တရားမဝင်ရတဲ့ငွေ(ငွေမည်း)ကို တရားဝင်ဖြစ်အောင်(ငွေဖြူဖြစ်အောင်)အိမ်ခြံမြေဝယ်ယူတာတွေရှိတယ်လို့ လုပ်ငန်းရှင်အချို့ကပြောပါတယ် ။

ဒါ့အပြင် ရန်ကုန်မြို့ဆောက်လုပ်ရေလောကမှာ ရပ်ကွက်တွေထဲမှာ ကန်ထရိုက်တာတွေ၊စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေ ၊ရန်ကုန်စည်ပင် ယာအုံက အကျင့်ပျက်သူတွေပေါင်းပြီး အများပြည်သူပိုင်မြေတွေမှာရော ၊ ပုဂ္ဂလိကပိုင်မြေတွေပေါ်မှာရော ကန်ထရိုက်တိုက်တွေကြိုပွိုင့်နဲ့ ရောင်းပြီး ဆောက်လုပ်နေကြတာမှာ အချင်းချင်းပြန်တိုင်တဲ့အတွက် စစ်တပ်လက် အောက်ခံ စရဖ နဲ့ စစစ တို့ကပါ လိုက်စစ်ပြီး ဆောက်ပြီးတိုက်တွေကို တရာမဝင်ဆောက်တယ်ဆိုပြီး နေထိုင်ခွင့်ချမပေးဘဲ ပါဝင်သူတွေကို ဖမ်းဆီးစစ်ဆေးတဲ့ အရှုပ်အထွေးတွေလည်းဖြစ်ပွားနေပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ တနေရာမှာ တော်လှန်ပြည်သူတွေက အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစနစ်ကို တိုက်ဖျက်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook