Connect with us

Hi, what are you looking for?

သတင်း

ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းမှာ သက်ကြီးပိုင်းအမျိုးသား ၁ဦး အပူရှပ်ပြီး လေဖြန်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

(လေဖြန်းတဲ့ အမျိုးသားကို ဆေးရုံပို့ဖို့ သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - ခေမာအောင်လူမှုကယ်ဆယ်ရေးအသင်း)

အောက်တိုဘာ-၁၃၊၂၀၂၆။မိုမို/People’s Spring

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၁၃ ရက်)နေ့လယ် ၁၂ နာရီ၀န်းကျင်က ဘုရင့်နောင်ကားပစ္စည်းဈေးမှာ ဈေးလာ၀ယ်တဲ့ လင်းမယား ၂ဦးအနက်က အသက်(၆၀)အရွယ် အမျိုးသား လေဖြန်းသွားခဲ့တာလို့ ဆိုပါတယ်။

“ကားပစ္စည်းရုံ၀င်းထဲမှာ ဖြစ်တာ။ပစ္စည်း၀ယ်နေရင်းနဲ့။ အဲယားကွန်းဖွင့်ထားတဲ့ ကားပေါ်က ဆင်းပြီး သိပ်မကြာဘူးဖြစ်တာဆိုတော့ အပူရှပ်သွားတာထင်တယ်။ဒီရက်ရန်ကုန် နေကလည်း အရမ်းပူနေတာလေ”လို့ ဘုရင့် နောင်ကုန်စည်ဒိုင်မှာနေထိုင်သူတစ်ဦး လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေဖြန်းသူကို အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသခဲ့ရတယ်လို့ ခေမာအောင်လူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

“လူနာက သက်သာပါတယ်”လို့ခေမာအောင်လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

မနေ့ကလည်း ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာ သက်ကြီးပိုင်း အမျိုးသား ၁ဦးအပူရှပ် ( HeatStrokeဖြစ်ပြီး) လဲကျသေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

သေဆုံးသူဟာ တောင်ဒဂုံမြို့နယ်အတွင်း နေထိုင်သူ အသက်(၆၅)နှစ်အရွယ် ဦးအောင်ဌေးဆိုသူ ဖြစ်ပြီး သေဆုံးသူရဲ့ အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ပပရဟိတအဖွဲ့တွေ ဆီက သိရပါတယ်။

စူပါအယ်လ်နီညိုဖြစ်နေတာကြောင့် ရန်ကုန်မြို့အပါအဝင် နိုင်ငံဒေသအများစုမှာ ဆောင်းရာသီဝင်ကာလဖြစ်ပေမယ့် အပူရှိန်တွေဟာ ပုံမှန်ထက်ပူနေပါတယ်။

အောက်တိုဘာ ၁၀ ရက်မှာ မိုးလေဝသစခန်းရှိတဲ့ဒေသတွေထဲက ဖျာပုံနဲ့ ဇောင်းတူဒေသမှာ အပူရှိန်စံချိန်သစ်တင်ခဲ့ပါတယ် ။ ဇောင်းတူဒေသမှာ အောက်တိုဘာ ၁၀ ရက်က အပူချိန်၃၁. ၁ ဒီဂရီဆဲလ်စီးယပ် (၉၈.၈ ဒီဂရီဖာရင်ဟိုက်) ရှိပြီး စခန်းစတင်ဖွင့်လှစ်တဲ့ ၃၉ နှစ်အတွင်း အပူချိန်အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက ထုတ်ပြန်ပါတယ်။

အလားတူ ဖျာပုံမြို့မှာလည်း အောက်တိုဘာ ၁၀ ရက်က အပူချိန် ၃၆.၂ ဒီဂရီဆဲလ်စီးယပ်

(၉၆.၈ ဒီဂရီဖာရင်ဟိုက်)ရှိပြီး ၂၅ နှစ်အတွင်းအပူချိန် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

စူပါအယ်လ်နီညိုကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၆ စက်တင်ဘာကနေ ၂၀၂၇ ဖေဖော်ဝါရီအထိ လူပေါင်း ၁,၂၀၀ ခန့် သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ စုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab က ခန့်မှန်းတွက်ချက်ထားပါတယ်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ စုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab က လူပေါင်း ၄၅၁,၀၀၀ အန္တရာယ်ရှိနေပြီလို့ အဓိပ္ပါယ်ရတဲ့ သုတေသနစာတမ်းမှာ ၂၀၂၆ ဇွန်လကနေ ၂၀၂၇ ဖေဖော်ဝါရီအထိ ၉ လအတွင်း လူပေါင်း လေးသိန်းခွဲကျော် သေဆုံးနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ် ။

ဒီခန့်မှန်းတွက်ချက်ထားတဲ့အစီရင်ခံစာကို အမေရိကန်နိုင်ငံ၊ ချီကာဂိုတက္ကသိုလ်မှာ ရာသီဥတု သက်ရောက်မှု သုတေသနဌာနကို ထူထောင်ထားသူ ပရော်ဖက်ဆာ မိုက်ကယ် ဂရင်းစတုန်းအပါအဝင်ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတာဖြစ်ပါတယ်။

၂၀၂၆ စက်တင်ဘာကနေ ၂၀၂၇ ဖေဖော်ဝါရီအထိ ၆လအတွင်းမှာဆိုရင် ကမ္ဘာတစ်ဝန်း လူပေါင်း ၂၃၉,၀၀၀ ခန့် သေဆုံးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အမှန်တကယ်သေဆုံးမှုဟာ ခန့်မှန်းထားတာရဲ့ အတိုးအလျှော့ ၁၁,၀၀၀ ခန့်ရှိနိုင်တယ်လို့လည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာလည်း ၂၀၂၆ စက်တင်ဘာကနေ ၂၀၂၇ ဖေဖော်ဝါရီလအထိ ၆လအတွင်း လူပေါင်း ၁၂,၀၀ ခန့်သေဆုံးနိုင်ပြီး အတိုးအလျှော့ ၉၀ ခန့်ရှိနိုင်တယ်လို့ Climate Impact Lab ကခန့်မှန်းထားတာပါ။

ဖေဖော်ဝါရီလဟာ မြန်မာနိုင်ငံမှာ ဆောင်းရာသီပဲရှိသေးပြီး ပိုမို ပူပြင်းတဲ့နွေရာသီကာလမှာ အယ်လ်နီညိုကြောင့် လူဘယ်လောက်ထပ်မံသေဆုံးနိုင်တယ်ဆိုတာကိုတော့ သုတေသနစာတမ်းမှာ မတွက်ချက်ထားသေးပါဘူး။

သုတေသန စာတမ်းခန့်မှန်းချက်မှာ မြန်မာနိုင်ငံကတော့ စူပါအယ်လ်နီညိုနဲ့ဆက်စပ်ပြီး လူသေဆုံးမှုအများဆုံး နိုင်ငံ ၅၀ ထဲမှာပါဝင်ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ လူပေါင်း ၁၅,၈၀၀ သေဆုံးနိုင်တဲ့ အိန္ဒိယ၊ လူပေါင်း ၅,၀၀၀ သေဆုံးနိုင်တဲ့ ထိုင်းတို့က မြန်မာနိုင်ငံထက် အခြေအနေပိုဆိုးနေပါတယ်။

အယ်လ်နီညိုဟာ အပူချိန်လွန်လွန်ကဲကဲ မြင့်တက်စေပေမယ့် တချို့ဒေသတွေမှာတော့ မိုးသည်းသည်းထန်ထန်ရွာပြီး ရေကြီးမှုတွေ ပိုဆိုးလာအောင်ပြောင်းလဲ သက်ရောက်စေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။

Facebook