Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းသင်တန်းတက်နေတဲ့ လူငယ်တွေ မိသားစုထံ မကြာခဏငွေတောင်းနေလို့ မိသားစုဝင်တွေ အခက်တွေ့

စစ်မှုထမ်းသင်တန်းတက်နေရတဲ့ လူငယ်တွေဟာ မိသားစုထံ မကြာခဏငွေတောင်းနေကြလို့ မိသားစုဝင်တွေ အခက်အခဲရှိနေကြောင်း စုံစမ်းသိရပါတယ်။

(စစ်မှုထမ်းသင်တန်းတစ်ခုမှ သင်တန်းသားများအား တွေ့ရစဥ်။ ဓာတ်ပုံံ-ပသစ)

အောက်တိုဘာ – ၁၈၊၂၀၂၆။ဟာနာဆန်/People’s Spring

စစ်မှုထမ်းသင်တန်းတက်နေရတဲ့ လူငယ်တွေဟာ မိသားစုထံ မကြာခဏငွေတောင်းနေကြလို့ မိသားစုဝင်တွေ အခက်အခဲရှိနေကြောင်း စုံစမ်းသိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်း​သင်တန်းကာလအတွင်းမှာ သင်တန်းသားတွေရဲ့ဖုန်းကိုသိမ်းယူပြီး ဖုန်းသုံးခွင့် ကန့်သတ်ထားပေမဲ့ သင်တန်းသားတွေဟာ သင်တန်းဆရာတွေရဲ့ ဖုန်းတွေကတဆင့် ဆက်သွယ်ကာ ငွေကြေးတောင်းခံနေပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေဟာ အခက်အခဲတွေကြားကနေ ထောက်ပံ့နေရကြောင်း မိသားစုဝင်အချို့က ပြောပါတယ်။

“ဖုန်းဘေဖို့ပေးရတယ်။ မုန့်ဝယ်စားဖို့အတွက်နဲ့လိုတာဝယ်ဖို့ တစ်ပတ်တစ်ခါ ငါးသောင်းလွှဲပေးရတယ်။ လွှဲတဲ့အခါ သူတို့ဆရာအတွက် တစ်သောင်းပိုလွှဲပေးရတယ်။ ဒါမှသူ့လက်ထဲရောက်တာ”လို့ စစ်မှုထမ်းမိသားစုဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​လက်ရှိ လေ့ကျင့်ရေးကာလအတွင်း ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် ဆေးဝါးကုသစရိတ်နဲ့ အသုံးစရိတ်တွေအတွက်ဆိုပြီး တစ်ကြိမ် ကျပ် ၂ သိန်းကနေ ကျပ် ၃သိန်းအထိ တောင်းခံမှုတွေရှိသလို၊ အချို့မှာလည်း ပုံမှန် မုန့်ဖိုးနဲ့ ဖုန်းဘေအတွက် တစ်ပတ်ကို ကျပ် သောင်းဂဏန်းစတင်ကာ လစဉ် ကျပ်သိန်းနဲ့ချီ ကုန်ကျခံ ထောက်ပံ့နေရကြောင်း သိရပါတယ်။ ဒါ့အပြင် သင်တန်းဆင်းပြီးသွားရင်လည်း ၎င်းတို့အတွက် လိုအပ်တာသုံးစွဲဖို့ဆိုပြီး လစဥ် ငွေထောက်ပံ့နေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်အာဏာသိမ်းထားလို့ စီးပွားရေးကျပ်တည်းပြီး ကုန်ဈေးနှုန်းကြီးမြင့်နေချိန်မှာမိသားစုဝင်တွေအနေနဲ့ ယခုကဲ့သို့ စစ်မှုထမ်းသင်တန်းတက်နေတဲ့သူကို လစဉ်ငွေကြေးထောက်ပံ့ပေးနေရတာဟာ ဝန်ထုပ်ဝန်ပိုး တစ်ရပ်ဖြစ်လာကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။