Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့က မူးယစ်ဆေးဖြန့်ဖြူးသူကို ထိုင်းရဲက ဖမ်းပြီး မြန်မာပြန်ပို့

မန္တလေးမြို့က ဖူဆယ်ဘောလုံးအသင်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ အောင်ဇော်မင်းခန့်ကို မူးယစ်ဆေးဂိုဏ်းဖွဲ့ ရောင်းချမှုနဲ့ ထိုင်းနိုင်ငံမှာ ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးပြီး နိုဝင်ဘာ ၃ရက် ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်လွှဲအပ်လိုက်ပြီလို့ စုံစမ်းသိရပါတယ်။

(အောင်ဇော်မင်းခန့်ကို ထိုင်းရဲတပ်ဖွဲ့က ပြန်ပို့ပေးနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

“စစ်တပ်နဲ့ တခုခုညှိသွားတာ ဖြစ်မယ်။ ဒီမတိုင်ခင်မှာလည်း စည်ပင်က အောင်ဇော်မင်းခန့်ပိုင်တဲ့ ခြံနဲ့ Barကို ဝင်သိမ်းသေးတယ်။ပြီးမှ ပြန်ပေးထားတာ” — မန္တလေးမြို့ခံ တစ်ဦး

နိုဝင်ဘာ-၅၊၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးမြို့က ဖူဆယ်ဘောလုံးအသင်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ အောင်ဇော်မင်းခန့်ကို မူးယစ်ဆေးဂိုဏ်းဖွဲ့ ရောင်းချမှုနဲ့ ထိုင်းနိုင်ငံမှာ ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးပြီး နိုဝင်ဘာ ၃ရက် ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်လွှဲအပ်လိုက်ပြီလို့ စုံစမ်းသိရပါတယ်။

၂၀၂၆ ဇန်နဝါရီ ၁ရက်က မန္တလေးတိုင်း၊သာစည်မြို့နယ်၊ကျွဲတပ်ဆုံကျေးရွာအနီးမှာ ယာ‌ဉ်မောင်း ၂ဦးနဲ့အတူ စိတ်ကြွမူးယစ်ဆေးဝါး၅၆သိန်း ဖမ်းမိခဲ့ပြီးတဲ့နောက် စိတ်ကြွဆေး၃.၈သန်း၊အိုက်စ်၁ကီလိုဂရမ်နဲ့ဘိမ်းဖြူ ၁၆.၃၉၆ကီလိုဂရမ် တို့ ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမူးယစ်ဆေးဝါး ရောင်းချမှုမှာ နောက်ကွယ်ကပါဝင်တဲ့ ထိုင်းနိုင်ငံကို ပြောင်း‌ရွှေ့နေထိုင်နေသူ အောင်ဇော်မင်းခန့်ကို မြန်မာနိုင်ငံကတဆင့် ထိုင်းနိုင်ငံမူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)အဖွဲ့ကို အချက်အလက်ပို့ကာ ဖမ်းဆီးနိုင်ခိုင်းခဲ့တာလို့ သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၄ရက်မှာ ဘန်ကောက်မြို့မှာ အောင်ဇော်မင်းခန့်ကို ဖမ်းဆီးနိုင်ခဲ့ပြီး မနေ့က လေဆိပ်ကတဆင့် မြန်မာနိုင်ငံကိုတရားခံလွှဲပြောင်းမှုလုပ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

၎င်းကို မိတ္ထီလာရဲစခန်းမှာ အမှုဖွင့်လှစ်ထားတာဖြစ်ပြီး မိတ္ထီလာမြို့မှာ အမှုရင်ဆိုင်ရမယ်လို့ သိရပါတယ်။

“စစ်တပ်နဲ့ တခုခုညှိသွားတာ ဖြစ်မယ်။ ဒီမတိုင်ခင်မှာလည်း စည်ပင်က အောင်ဇော်မင်းခန့်ပိုင်တဲ့ ခြံနဲ့ Barကို ဝင်သိမ်းသေးတယ်။ပြီးမှ ပြန်ပေးထားတာ”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

အောင်ဇော်မင်းခန့်ဟာ ယခင်ကလည်း မန္တလေးမြို့မှာ နာမည်ကြီးဖူဆယ်ကလပ်၊Barနဲ့ Gym တို့ကို ဖွင့်လှစ်လုပ်ကိုင်နေတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်အဖြစ် လူသိများသူဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook