Connect with us

Hi, what are you looking for?

သတင်း

ICJ အမိန့်ချပြီး မြန်မာသို့လေယာဉ်ဆီရောင်းချမှု ပိတ်ဆို့အ​ရေးယူမယ့်ဥပဒေပြဌာန်းဖို့ ဗြိတိန်အစီအစဥ်အ​ပေါ် JFM ကြိုဆို

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကနေ လူမျိုးတုံးသတ်ဖြတ်မှု အမိန့်ချမှတ်ပြီးချိန် မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရောင်းချမှုနဲ့ပတ်သက်ပြီးပိတ်ဆို့အ​ရေးယူမယ့် ဥပဒေပြဌာန်းမယ်လို့ ဗြိတိန်အစိုးရက ကြေညာတဲ့အပေါ် ကြိုဆိုကြောင်း Justice For Myanmar-JFM က ထုတ်ပြန်လိုက်ပါတယ်။

(စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာ ရခိုင်ပြည်နယ် ၊​ကျောက်​တော်မြို့ရှိ ၊အိန္ဒိယ​ဈေးကို ဗုံးကြဲပြီး​နောက်မြင်ကွင်း ။အဆိုပါဗုံးကြဲမှု​ကြောင့် ပြည်သူ ၅၀ ​ကျော်​သေဆုံးပြီး ၆၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ဓါတ်ပုံ-AFP )

နိုဝင်ဘာ-၂၅၊၂၀၂၆။တေဇ/ People’s Spring

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကနေ လူမျိုးတုံးသတ်ဖြတ်မှု အမိန့်ချမှတ်ပြီးချိန် မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရောင်းချမှုနဲ့ပတ်သက်ပြီးပိတ်ဆို့အ​ရေးယူမယ့် ဥပဒေပြဌာန်းမယ်လို့ ဗြိတိန်အစိုးရက ကြေညာတဲ့အပေါ် ကြိုဆိုကြောင်း Justice For Myanmar-JFM က ထုတ်ပြန်လိုက်ပါတယ်။

“မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ က စီရင်ချက်ချမှတ်ခဲ့အပြီးမှာပဲ ယူကေ ရဲ့ အလျင်အမြန် အရေးယူဆောင်ရွက်မှုကို ကြိုဆိုပါတယ်။အခုအချိန်မှာ ယူကေ အစိုးရအနေနဲ့ ICJ စီရင်ချက်ကိုအကောင်အထည်ဖော်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာရေးမှာ ဦးဆောင်ရမှာဖြစ်ပြီး၊ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဆက်လက်အထောက်အပံ့ပေးနေတဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်သုံးပစ္စည်းနဲ့ လေယာဉ်ဆီရရှိနေမှုတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ တိုးမြှင့်ချမှတ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။” လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။

ICJ စီရင်ချက်အပြီးမှာယူကေအစိုးရက မြန်မာစစ်အုပ်စုရဲ့စစ်သံမှူးကို တိုင်းပြည်မှနှင်ထုတ်တာ၊ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ စစ်တပ်အဖွဲ့ဝင် မျိုးထွဋ်လှိုင်၊ မျိုးမင်းထွန်း၊ မြတ်သက်ဦး၊ ကျော်စိုးနဲ့ကျော်စွာဦး တို့ကို ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချက်ချင်းချမှတ်လိုက်ကာ တုန့်ပြန်အရေးယူတဲ့အပေါ် JFMကကြိုဆိုကြောင်းရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီအရေးယူပိတ်ဆို့မှုတွေက၂ နှစ်ကျော်ကာလအတွင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ယူကေက ပထမဆုံးအကြိမ် ချမှတ်ခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေကို လေကြောင်းကနေ နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေတဲ့စစ်တပ်ကို လေယာဉ်ဆီ တင်ပို့ ရောင်းချတာတွေ ထောက်ပံ့ပေးတာတွေကို အလုံးစုံပိတ်ပင်တားမြစ်ဖို့နဲ့ လေယာဉ်ဆီသယ်ဆောင်မှုအတွက် အာမခံဝန်ဆောင်မှုပေးတာတွေကို အမြန်ဆုံးပိတ်ပင်ပေးဖို့ ယူကေအစိုးရကို JFM ကတောင်းဆိုထားပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေမှာ လေယာဉ်ဆီတင်သွင်းတာ၊ လေတပ်စခန်းတွေကို ပို့ ဆောင်ပေးတာ‌တွေ အတွက် တာဝန်ရှိတဲ့ စစ်တပ်က တရားမဝင် ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)၊ သူ့ရဲ့ ဖက်စပ်လုပ်ငန်း National Energy Prime Aviation Services Company Limited (NEPAS) နဲ့ Asia Sun/Myan Oil ကုမ္ပဏီကွန်ရက်တစ်ခုလုံးတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ရမယ်လို့ အကြံပြုထားပါတယ်။

စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ကုမ္ပဏီတွေက ‌လေယာဉ်ဆီ ဝယ်ယူရာမှာ မြန်နှုန်းမြင့် ဒီဇယ်လို့ အမျိုးအစားကို ပုံမှားရိုက်သုံးနှုန်းနေပြီး လောင်စာဆီ တင်သွင်းမှုတွေကို ဖုံးကွယ်ဖို့ ကြားခံကုမ္ပဏီတွေကိုအသုံးပြုနေတယ်လို့ JFM ကပြီးခဲ့တဲ့လကထုတ်ဖော်ထားပါတယ်။

စစ်တပ်အနေနဲ့ ဒီလိုတွေလုပ်ဆောင်နေတာက လေယာဉ်ဆီကိစ္စအပေါ် နိုင်ငံတကာရဲ့အရေးယူဆောင်ရွက်မှုကင်းမဲ့နေတာကြောင့် လို့ JFM ကထောက်ပြထားပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ICJ ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စီရင်ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်ဆောင်ရွက်ကြရမှာဖြစ်ပြီး တရားမျှတမှုဖော်ဆောင်ပေးနိုင်ရေးကိုလည်းအာမခံကြရမှာဖြစ်ပါတယ်။လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်ပြီး၊ စစ်ရာဇဝတ်ဂိုဏ်းကို ဖြိုဖျက်ရမယ့်အချိန် ဖြစ်ပါတယ်”လို့ မရတနာမောင်က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ