Connect with us

Hi, what are you looking for?

သတင်း

အောက်တိုဘာတိုက်ပွဲတွေအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၇၀ ကျော် သေဆုံးဟု NUG ကာကွယ်ရေး ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာအတွင်း စစ်ရေး အခြေအနေ အကျဉ်းကို ဒီကနေ့ နိုဝင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာ ၁လတာအတွင်း စစ်အုပ်စုဘက်က ၅၇၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

(စစ်ကိုင်းတိုင်းအထက်ပိုင်းက အောက်တိုဘာတိုက်ပွဲတွေအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - MDY PDF)

နိုဝင်ဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာအတွင်း စစ်ရေး အခြေအနေ အကျဉ်းကို ဒီကနေ့ နိုဝင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာ ၁လတာအတွင်း စစ်အုပ်စုဘက်က ၅၇၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်အုပ်စုက သေဆုံးထိခိုက်နဲ့ တပ်စခန်း တိုက်ခိုက်မှုအခြေအနေတွေကို အသိပေး ဖော်ပြလာတာဖြစ်ပါတယ်။

စစ်တပ်စခန်း တိုက်ခိုက်မှု ၂၁ကြိမ်ပြုလုပ်ခဲ့ရာ တပ်စခန်း ၈ခု သိမ်းပိုက်ရရှိခဲ့ပြီး စစ်အုပ်စုဘက်က ၅၇၀ ကျော်သေဆုံးကာ ၁၃၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးထိခိုက်နဲ့ ဖမ်းမိ တပ်ဖွဲ့ဝင်တွေထဲမှာ အရာရှိ ၁၅ဦး ပါဝင်ကြောင်းအသိပေး ထားပေမဲ့ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိခိုက်ကျဆုံး အခြေအနေတွေ ဖော်ပြထားတာမရှိပါဘူး။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာလ တိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က ၃၈၀ ဦးကျော် သေဆုံးကာ ဒဏ်ရာရသူ ၅၀ခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ တိုက်ပွဲတွေမှာလည်း ရန်သူစစ်တပ်ဘက်က ၃၄၄ ဦးသေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ရေးအခြေအနေ တွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ပုံမှန်အစည်းအဝေးတွေမှာလည်း ရှင်းလင်းတင်ပြမှု ပြုလုပ်ခဲ့ရာနိုင်ငံတဝန်း စစ်မျက်နှာ ၁၇ခုမှာ တိုက်ပွဲဝင်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နိုဝင်ဘာ ၁၅ရက် CRPH အစည်းအဝေးသို့ တင်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ စစ်သားစုဆောင်းတဲ့အစီအစဉ်ကို တိုက်ဖျက်ဖို့ ဆောင်ရွက်နေသလို တော်လှန်ရေး ရန်ပုံငွေရလမ်းဖြစ်တဲ့ သယံဇာတနယ်မြေတွေ ဆက်လက်ထိန်းချုပ်နိုင်ရေး ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဧရိယာများ စိုးမိုးထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေကြောင်းလည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ