နိုဝင်ဘာ-၂၅-၂၀၂၆။ကတ်သရင်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က သေဆုံးဒဏ်ရာရသူများပြီးအရာရှိတွေအပါအဝင် စစ်သုံ့ပန်းအများအပြားကို တော်လှန်ရေးတပ်တွေကဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။
နိုဝင်ဘာလ၂၃ ရက် နေ့က ကင်းချောင်းရွာအနီးက စစ်တပ်ရဲ့ ကာကင်းစခန်း တွေကို တော်လှန်ရေးတပ် တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ကာကင်းစခန်းအများစု သိမ်းယူနိုင်ခံ့ပြီး စစ်တပ်ကအထိနာခဲ့ကာ စစ်သုံ့ပန်းတွေ ဖမ်းဆီးရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။
ဒါ့အပြင်မိုးကုတ်မြို့ဘက်ကနေအင်အား၁၀၀ကျော်နဲ့စစ်ကူလာတဲ့စစ်ကြောင်း ရောက်လာ တာကြောင့် တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး အဲဒီစစ်ကြောင်းမှ စစ်ကြောင်းမှူးပါ ဒဏ်ရာရခဲ့သလို စစ်သား ၃၀ ခန့်သေဆုံးခဲ့တယ်လို့စုံစမ်းသိရပါတယ် ။ဒါအပြင် စစ်သားအချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
“ဗိုလ်မှူးက ပေါင်ထိထားတယ်လို့သိရတယ်။အထိခိုက်သေဆုံးလည်းများတယ်။စစ်ကြောင်းပျက်သလိုဖြစ်ပြီး တောထဲမှာအဖွဲ့ တွေကွဲနေတာ။ပြန်လည်စုဖွဲ့တာတော့ လုပ်လာနိုင်တာပေါ့။သုံ့ပန်းတွေနဲ့ပတ်သက်လို့သက်ဆိုင်ရာ၊တပ်ရင်းတပ်ဖွဲ့တွေက ဆက်လုပ်နေပါတယ်”လို့တော်လှန်ရေး တဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲပြီးနောက် နိုဝင်ဘာ ၂၄ ရက်နဲ့ဒီ နေ့ (နိုဝင်ဘာ ၂၅) မနက်ပိုင်းမှာ တိုက်ပွဲငြိမ်သက်နေသေးတယ်လို့သတင်းရရှိပါတယ်။
နိုဝင်ဘာလ၁၉နဲ့၂၀ရက် တိုက်ပွဲတွေမှာKIAနဲ့ တော်လှန်ရေး ပူး ပေါင်းတပ် တွေကမိုးမိတ်မြို့အနီးကအရေးပါတဲ့တပ်စခန်းနေရာ လေးခုကို သိမ်းယူထားခဲ့တယ်လို့ KIA ကထုတ်ပြန်ပါတယ်။
စစ်တပ်ကမိုးမိတ်မြို့ကို စစ်ကူပို့ဖို့အတွက် သပိတ်ကျင်းမြို့နယ်၊တွင်းငယ်(တတက-၁၃)မှာပြင်ဆင်မှုတချို့လုပ် နေပေမယ့် နိုဝင်ဘာ ၂၅ ရက်နေ့ခင်းအထိစစ်ကူမပို့နိုင်သေးဘူးလို့ စစ်ကောင်စီသတင်းရင်းမြစ်အချို့ကပြောပါတယ်။
























































