နိုဝင်ဘာ – ၂၅ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)ထိန်းချုပ်နယ်မြေ ကျောက်ခက်ဒေသအနီးကသဲဖြူချောင်းရွာဝန်းကျင်တ၀ိုက်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့နိုဝင်ဘာလလယ်ပိုင်းကစပြီးနှစ်ဖက်တိုက်ပွဲတွေတကျော့ပြန် ပြန်လည်ပြင်းထန်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
နိုဝင်ဘာလ၁၅ ရက်ကစပြီးအပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ DKBA ထိန်းချုပ်တဲ့ကျောက်ခက်ဒေသအနီးက သဲဖြူချောင်းရွာကို ထိန်းချုပ်ဖို့ လနဲ့ချီပြီးထိုးစစ်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းတွေနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်တို့အကြားတိုက်ပွဲပြင်းထန်နေတယ်လို့ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ဖလူး-ကျောက်ခက်ကားလမ်းကို DKBA တပ်ကပိတ်ထားလိုက်တဲ့နောက်သဲဖြူချောင်းမှာ စစ်တပ်နဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာတာပါ။

Public Service Announcement
တိုက်ပွဲအတွင်းစစ်တပ်ကလေကြောင်းပစ်ကူယူပြီးအပြင်းအထန် ဗုံးကြဲတယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးထားပါတယ်။
တိုက်ပွဲမှာနှစ်ဖက်တပ်တွေကြားထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ လည်း အဲဒီ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။
“သဲဖြူချောင်းတကြောမှာတိုက်ပွဲကတစ်နေကုန်ပဲ၊ကျောက်ခက်လမ်းပိတ်မယ်ဆိုတဲ့စကြားကတည်းကတိုက်ပွဲပြန်ဖြစ်တာလို့”ဒေသတွင်းမှာရှိနေတဲ့ ကရင်သတင်းရင်းမြစ်ကဒီနေ့ (နိုဝင်ဘာလ ၂၅ ရက်)မှာပြောပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ကတော့ဖလူးဒေသမှာစစ်တပ်နဲ့ KNU တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာတပ်ဖွဲ့ဝင်တွေအားလုံးအနေနဲ့ ဘယ်ဘက်ကနေ ဝင်မပါဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာဝင်ပါရင် တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ပြီး ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ DKBA က နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
စစ်တပ်က သဲဖြူချောင်းအပြင် ထိုင်း -မြန်မာ နယ်စပ်နားရှိ ဖလူးနဲ့ မင်းလက်ပံရွာကိုလည်း ထိုးစစ်ဆင်နေတာဖြစ်ပြီး မင်းလက်ပံ တိုက်ပွဲမှာ ဆိုရင်ကျည်တွေ ထိုင်းဘက်ခြမ်းကို နယ်မြေကျော်ကျရောက်ရာမှာ လူထိခိုက်မှုရှိခဲ့တာကြောင့် ထိုင်းကအာဏာသိမ်းစစ်တပ် ရဲ့စစ်သံမှုးကို ခေါ်ယူကန့်ကွက်ခဲ့သလို နယ်စပ်မှာတပ်ဖြန့်ထားခဲ့တာတွေလုပ်ဆောင်ခဲ့ပါတယ်။
























































