Connect with us

Hi, what are you looking for?

သတင်း

သံလွင်မြစ်ရေမှာ အာဆင်းနစ် ပါဝင်မှုဟာ ဘေးကင်းတဲ့ အဆင့်ထက် ၄ ဆပိုများနေ

သံလွင်မြစ်ထဲမှာ ရောနှော ပါဝင်နေတဲ့ အာဆင်းနစ် အဆိပ်အတောက် ပမာဏဟာ ဘေးကင်းတယ်လို့ ယူဆရတဲ့ အခြေအနေထက် ၄ ဆ ပိုများနေကြောင်း ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဓါတ်ပုံ-Khaosod

နိုဝင်ဘာ-၂၅၊၂၀၂၆။People’s Spring

သံလွင်မြစ်ထဲမှာ ရောနှော ပါဝင်နေတဲ့ အာဆင်းနစ် အဆိပ်အတောက် ပမာဏဟာ ဘေးကင်းတယ်လို့ ယူဆရတဲ့ အခြေအနေထက် ၄ ဆ ပိုများနေကြောင်း ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

သံလွင်မြစ်ရိုးတလျှောက်နေထိုင်သူ ၄ ဦးကို ဆေးစစ်ကြည့်တဲ့အခါသွေးထဲမှာအာဆင်းနစ် အဆိပ်အတောက်တွေလွန်ကဲနေတာကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေက ပြည်သူတွေ အနေနဲ့ သံလွင်မြစ်ရေကို လတ်တလောမှာ သောက်သုံးတာ၊ သုံးစွဲတာတွေ မလုပ်ဖို့ တိုက်တွန်းထားသလို အာဆင်းနစ် အဆိပ်သင့်မှု ခံစားနေရသူ ၄ ဦးရဲ့ ကျန်းမာရေးကို နောက်ထပ် ၅ နှစ်အတွင်း အလေးထား စောင့်ကြည့်သွားဖို့ လိုကြောင်း မှတ်ချက် ပေးထားပါတယ်။

မယ်ဆမ်လပ်ဒေသမှာနေထိုင်သူတွေ အနေနဲ့ နွေရာသီမှာ သံလွင်မြစ်ရေအစား တခြားရေအရင်းအမြစ်ကို မှီခိုနိုင်ရေး ကြိုတင် စီမံထားဖို့ လိုကြောင်းလည်း ခရိုင်အုပ်ချုပ်ရေး အရာရှိ ဖွန်ဖိပတ် မီဘန်ဂျာမက်စ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာပိုင်တွေကတော့မြစ်အထက်ပိုင်း၊ မြန်မာပိုင်နက်ထဲမှာ မြစ်ရိုးတလျှောက် သတ္တုတူးဖော်မှု လုပ်ငန်း ၄၀၊ ၅၀ လောက်ကနေ အခုလိုမျိုး အာဆင်းနစ် အဆိပ်အတောက်တွေ စွန့်ထုတ်နေတာလို့ ယုံကြည်ရကြောင်း ပြောပါတယ်။

မြန်မာဖက်က စီးဆင်းလာတဲ့ မြစ်တွေထဲမှာ ရွှေနဲ့ တခြားဓာတ်သတ္တုတွေ တူးဖော်ရာက ရောနှောပါလာတဲ့အာဆင်းနစ်နဲ့ ဓာတု အဆိပ်အတောက်တွေ ပြဿနာဟာ ထိုင်းအတွက် ခေါင်းခဲစရာ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ ထိုင်းအစိုးရဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာသိမ်း မြန်မာစစ်တပ်ကို သံတမန်ရေးအရ ဖိအားပေးမှုတွေ ရလဒ်ပိုင်း ထူးခြားလာဖို့တော့ ရုန်းကန်နေရပါတယ်။

ဆက်စပ် သတင်းတစ်ခု အနေနဲ့ နိုဝင်ဘာ ၂၄ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပခဲ့တဲ့ နယ်စပ်ဖြတ်ကျော် မြစ်တွေ ညစ်ညမ်းမှု တားဆီးထိန်းချုပ်ရေး အလွတ်သဘောဆွေးနွေးမှုတစ်ခုကိုရှမ်းပြည်နယ်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအလွတ်သဘော ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်က နမ့်ခုတ်၊ နမ့်ဆိုင်၊ ရောက်၊ မဲခေါင်မြစ်တွေမှာ ရေထုညစ်ညမ်းမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားမှုတွေကို ပြသခဲ့ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်ဟာ မြစ်ရိုးတွေတလျှောက် တရားမဝင် သတ္တုတူးဖော်မှု လုပ်ငန်း အများအပြား တည်ရှိနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ထိုင်းရဲ့ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ထိုးထွင်းတီထွင်မှု ဝန်ကြီး ယော့ချာနန် ဝမ်ဆာဝတ်ကတော့ အဲဒီ သတ္တုတွေးတွေကို စစ်ဆေးကြီးကြပ်ဖို့ ဆိုတာက တရုတ် အစိုးရရဲ့ ပူးပေါင်း ပါဝင်မှု မရှိဘဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ