Connect with us

Hi, what are you looking for?

Latest

ဆောင်းပါး

တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် နိုဝင်ဘာ ၂၆ ရက်နေ့က မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်းရုံကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ကထိန် အလှူပွဲ တစ်ခု ကျင်းပနေခဲ့တယ်။ စာသင်ကျောင်းဘေးမှာတော့ ဘုန်းကြီးကျောင်းက ကပ်ရပ်ပါ။ ကထိန်မှာ ပျော်ပွဲရွှင်ပွဲ အနေနဲ့ ချောတိုင်တက်တာတို့၊ ဆန်ကောရွက် ပြိုင်တာတို့...

သတင်း

စစ်ကိုင်းတိုင်းဝ ကသာခရိုင် ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၇ဦးသေဆုံးကာ လက်နက် ၇လက် သိမ်းရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက နိုဝင်ဘာ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

မေးမြန်းခန်း

ကျောင်​ပေါ် ဗုံးကြဲခံရတဲ့အင်ရုံရွာမှ ဒေသခံတဦးနဲ့မေးမြန်းခန်း

မေးမြန်းခန်း

လေယာဉ်ကွင်းကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားရဲ့ တိုက်လေယာဉ် ၅ စီးကို တိုက်ခိုက် ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

ဆောင်းပါး

လေယာဥ်သံတွေ တဝေါဝေါကြားနေရတဲ့ ကရင်နီပြည်က လမ်းဘေးတစ်နေရာမှာ အမျိုးသားတစ်ဦး ခန္ဓာကိုယ်ကို ဝပ်နေရင်း ပုန်းအောင်းနေတယ်။ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်သွားတာကြောင့် အဲဒီအမျိုးသား လမ်းဘေးမှာ ဝပ်နေတာပါ။

ဆောင်းပါး

ကိုမြင့်စိုးကြီး စျေးဝယ်လာရင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကမှန်း သိသွားကြတော့ စျေးသည်တွေက ဟင်းချက်စရာတွေ အလကားထည့်ပေးကြတော့တာ။ ဒါကို ဒေါ်အောင်ဆန်းစုကြည် သိသွားတော့ ကဲ ကိုမြင့်စိုးကြီးပဲ သွားနေရင်တော့ မဖြစ်ချေဘူးဆိုပြီး သမ္မတကြီးတာဝန်ယူခဲ့ဖူးတဲ့ ဦးထင်ကျော်က တလှည့် စျေးဝယ်ပေးခဲ့ရသတဲ့။

အတွေးအမြင်

အတွေးအမြင်

အာဏာရှင် တကာ့အာဏာရှင်ထဲမှာ ပညာ အမဲ့ဆုံး၊ ဆင်ခြင်ဉာဏ် အမဲ့ဆုံး အာဏာရှင်ရဲ့ လက်အောက်မှာ ဖွတ်ဖွတ်ညက်ညက် ကြေနေပြီဖြစ်တဲ့ မြန်မာလူထု မုဒိတာပွားစေမယ့် သတင်းကောင်း တစ်ပုဒ် ဒီရက်ထဲမှာ ထွက်လာပါတယ်။

ရသ

ရသစာတမ်းငယ်

မိုးရာသီဖြစ်သော်လည်း နှစ်ရက်ဆက်တိုက်နေသာခဲ့သောကြောင့် ပတ်ဝန်း ကျင်တခုလုံး လင်းချင်တိုင်းလင်းနေသည်။ ကောင်းကင်ပြာပြာနောက်ခံ၌အဖြူရောင်တိမ်တိုက်အဆုပ်အဆုပ်များက ငန်းများကူးခတ်နေသလို ပျံသန်းနေကြသည်။အချို့နေရာများ၌ တိမ်မျှင်အစုအဝေးများက ခပ်ကြမ်းကြမ်း ခြစ်ထားသော စုတ်ချက်များနှယ်။

သတင်း

နေပြည်တော်၌ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီး၊ဒုဝန်ကြီး၊ညွှန်ချုပ်များနှင့် စစ်တပ်အကြီးအကဲများအားပေးခဲ့သည့် အထူးမြေကွက်များနှင့်ပတ်သက်ပြီး စိစစ်ပြန်သိမ်းမည်ဟု စစ်ကောင်စီ၏ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

သတင်း

ရက္ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သား သစ်များအား အတင်းအကြပ် ခြိမ်းခြောက်ပြီး တိုက်ပွဲဝင်ခိုင်းနေကြောင်း ကျောက်ဖြူစစ်မြေပြင်မှ AA ထံ အလင်းဝင်လာသူ တပ်သား မောင်မောင်ဝင်းက ပြောသည်။

သတင်း

မန္တလေးမြို့ပေါ်နှင့် ဖားကန့်ဒေသတို့တွင် တော်လှန်ပြည်သူများက ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇)နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ယနေ့ (သြဂုတ် ၈) နံနက်က ပြုလုပ်ခဲ့သည်။

သတင်း

ဖားကန့်တွင် ယ‌မန်နေ့ည၉နာရီကျော်ကစစ်ကောင်စီဗျူဟာကုန်းမှပစ်လိုက်သည့် လက်နက်ကြီးသည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး၁ဦးထပ်မံသေဆုံးတာ ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသည့် ဗောဓိတစ်ထောင် အပါအဝင် မုံရွာ - မန္တလေး လမ်းမကြီးပေါ်နှင့် မုံရွာ မုဒ်ဦးရှေ့ စသည့် နေရာတို့တွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် တက်ကြွလူငယ်များ ပူးပေါင်း၍ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့သည်။