သတင်း အိုးဘိုထောင်မှာ ပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ကျဥ်း ၃ ဦး တိုက်ပိတ်ခံထားရ မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။ ludunwayoo4 နာရီ ago
သတင်း သရက် -မင်းတုန်းလမ်းပိုင်း အသုံးပြုခွင့်ပိတ်ပြီ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကို စစ်တပ်က အင်အား ဖြည့်နေတာကြောင့် သရက် -မင်းတုန်းလမ်းမကြီးကို အသုံးပြုခွင့်ပိတ်ပြီလို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။ ludunwayooမေ 23, 2026
သတင်း စစ်တပ်စစ်ရေးလှုပ်ရှားမှုကြောင့် ရိဒ်ခေါ်ဒါရ်ဒေသဖြတ်သန်းသွားလာခွင့် CDF ဟွာလ်ငိးရမ်း ကန့်သတ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါ်ဒါရ်မြို့နဲ့ တီးတိန်မြို့နယ် လိုင်ထွီးရွာ လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်လိုက်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟွားငိုးရမ်းက ထုတ်ပြန်လိုက်ပြီး လုံခြုံရေးအရ အခုလို ကန့်သတ်တာလို့ အသိပေးပါတယ်။ ludunwayooမေ 23, 2026
သတင်း ခင်ဦးမြို့နယ်စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေဆုံး၊အများအပြားဒဏ်ရာရပြီးအိမ်၂၀ကျော်ပျက်စီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို စစ်တပ်က လေကြောင်း၊ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးအပါအရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ludunwayooမေ 23, 2026
သတင်း ရွှေဘိုခရိုင်အတွင်း ယာယီပိတ်ထားတဲ့ Starlinkအင်တာနက် ပြန်သုံးပြုနိုင်ကြောင်း အသိပေး ရွှေဘိုခရိုင်အတွင်း ယာယီပိတ်သိမ်းထားတဲ့ Starlink(စတားလင့်)အာင်တာနက် ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်း အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့ မေလ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ludunwayooမေ 23, 2026
သတင်း ကန်ပက်လက်မြို့ကို စစ်တပ်က ၈ကြိမ်လေကြောင်းတိုက်ခိုက် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မေလ ၂၂ရက်မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ludunwayooမေ 23, 2026