မေ ၂၂၊ ၂၀၂၆ ဟာနာဆန်/People’s Spring
ရွှေဘိုခရိုင်အတွင်း ယာယီပိတ်သိမ်းထားတဲ့ Starlink(စတားလင့်)အာင်တာနက် ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်း အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့ မေလ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးတွေရှိနေလို့ စစ်ဆင်ရေးကာလအတွင်း စစ်ရေးသတင်းလုံခြုံရေးနဲ့ ပြည်သူလူထု အသက်အိုးအိမ် လုံခြုံရေးအတွက် အများပြည်သူသုံး Starlinkအင်တာနက်တွေကို အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက မေလ ၁၄ ရက်မှာ ယာယီ ပိတ်သိမ်းခဲ့ပါတယ်။
တစ်ပတ်ကျော်အကြာ ဒီကနေ့ မေလ ၂၂ ရက်မှာတော့ လက်ရှိ စစ်ဆင်ရေးပြီးဆုံးပြီ ဖြစ်လို့ Starlinkအင်တာနက်တွေ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
စစ်ဆင်ရေးကာလအတွင်း စစ်သင်တန်းလုံခြုံရေးစည်းကမ်းတွေကို လိုက်နာပူးပေါင်းခဲ့ကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ ပူးပေါင်းပါဝင်မှုမရှိတဲ့ တာဝန်မဲ့ တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေကိုလည်း မှတ်တမ်းတင်ထားကြောင်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ထပ်မံအသိပေးပါတယ်။
အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနဟာ ပြီးခဲ့တဲ့ မေလ ၁၆ရက်က ဒီပဲယင်းမြို့နယ်ရှိ စိုင်ပြင်နယ်မြေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဝင် ၁၁ ဦးထက်မနည်း သေဆုံးကာ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့ပါတယ်။


















































