Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမှာ ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်လှုပ်

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ်အချို့မှာ ယခုရက်ပိုင်းအတွင်း ငလျင်မကြာခဏလှုပ်နေပြီး ဒီနေ့ ဇူလိုင် ၁၂ရက် မနက်ပိုင်းမှာ စဉ့်ကူးမြို့အနီး ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့်ငလျင် လှုပ်သွားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ်အချို့မှာ ယခုရက်ပိုင်းအတွင်း ငလျင်မကြာခဏလှုပ်နေပြီး ဒီနေ့ ဇူလိုင် ၁၂ရက် မနက်ပိုင်းမှာ စဉ့်ကူးမြို့အနီး ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့်ငလျင် လှုပ်သွားပါတယ်။

ဇူလိုင်-၁၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ်အချို့မှာ ယခုရက်ပိုင်းအတွင်း ငလျင်မကြာခဏလှုပ်နေပြီး ဒီနေ့ ဇူလိုင် ၁၂ရက် မနက်ပိုင်းမှာ စဉ့်ကူးမြို့အနီး ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့်ငလျင် လှုပ်သွားပါတယ်။

ဒီနေ့ မနက် ၅နာရီ ၉မိနစ်ခန့်မှာ လှုပ်သွားတာဖြစ်ပြီး မြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုတာလို့ ထိုင်းမိုးဇလဌာန(TMD)က ထုတ်ပြန်ထားပါတယ်။

စဉ့်ကူးမြို့ဟာ ၂၀၂၅ မတ်လ ၂၈ရက်က မန္တလေးနဲ့ စစ်ကိုင်းမြို့ကိုဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ရစ်ခ်တာစကေး ၇ဒဿမ၇ အဆင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမှုများပြားခဲ့တဲ့မြို့ဖြစ်ပါတယ်။ စဉ့်ကူးမြို့မှာ ရစ်ခ်တာစကေး ၄နဲ့၅ကြား ငလျင်မကြာခဏလှုပ်ရှားနေပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၁ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့အနီးမှာ ရစ်ခ်စကေး ၃ ဒဿမ ၆ အဆင့်ငလျင်

အဆင့် ငလျင်လှုပ်ရှားခဲ့ပါတယ်။ ဇူလိုင် ၁၀ရက်မှာတော့ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးမှာ ရစ်ခ်တာစကေး ၄ ဒဿမ၃ အဆင့်ငလျင်လှုပ်ရှားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လနဲ့ ဇူလိုင်အတွင်းမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ နေပြည်တော်၊ ကရက်နီပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ ရစ်ခ်တာစကေး ၄နဲ့၅ကြား ငလျင်တွေ လှုပ်ရှားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဂ္ဂနီကျု့ ၇.၄ အဆင့်ရှိတဲ့ဖျက်အားပြင်းငလျင်ကြီးဒီနေ့ (သြဂုတ်လ ၁၀ ရက်)မနက်ပိုင်းကကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာလှုပ်ခတ်ရာ အနည်း ဆုံး လူ ၂၉ ဦးသေဆုံးထားပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။