Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေဆုံး၊အများအပြားဒဏ်ရာရပြီးအိမ်၂၀ကျော်ပျက်စီး

​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို စစ်တပ်က လေကြောင်း၊ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးအပါအရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

(လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့အိမ်​တွေကိုတွေ့ရစဥ်။ဓါတ်ပုံ-ခင်ဦးပအဖ)

​မေ-၂၂ ၊၂၀၂၆။ဟာနာဆန်၊ရှိန်း/People’s Spring

​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို စစ်တပ်က လေကြောင်း၊ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးအပါအရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မေလ ၂၁ ရက် ည ၉နာရီခန့်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ရွှေဘိုလေ့ကျင့်ရေး (၈)က လွှတ်တင်တဲ့ အသေခံဒရုန်း(၂) စီးဟာ ရွာစဉ်ကျေးရွာရှိ တိုက်ခိုက်ခဲ့တာပါ။

“ဖိုက်တာနဲ့ ဗုံးကြဲပြီး ဆူဆိုက်ဒရုန်း တွေနဲ့ပါဗုံးတွေကြဲသေးတယ်။ပြီးတော့ စကစ အထိုင်တွေက နေလည်း လက်နက်ကြီးတွေရမ်းပစ်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အသက် (၄၅) နှစ်နဲ့ (၂၀) နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် (၆၂) နှစ်နဲ့ (၂၇) နှစ်အရွယ် အမျိုးသမီး ၂ ဦး စုစုပေါင်း အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူအချို့လည်းရှိကြောင်း ခင်ဦးပအဖက အသိပေးပါတယ်။

“ဖိုက်တာချတယ်။ အချိန်ပိုင်းအကြာမှာ ဒရုန်း ထပ်ချတယ်။ အချိန်ပိုင်းခြားပြီး လာချတာပါ။ ရွာလယ် လမ်းမတော် ဘေးကပ်လျက် လူစည်ကားတဲ့နေရာတွေ တစ်လျှောက်ချတာပါ။ အပြင်းအထန် ထိခိုက်မှု ၇ဦးခန့်ရှိတယ်။”ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ ကျော်မှာလည်း ဗုံးဒက်ကြောင့် ပြိုပျက်တာ၊ မီးလောင်ကျွမ်း ပျက်စီးတာတွေ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောပါတယ်။

မေလ ၂၀ ရက် နေ့လယ် ၁နာရီခန့်ကလည်း ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ လွှတ်တင်တဲ့ အသေခံဒရုန်း (၂) စီးနဲ့ ဗုံးသီးချ တိုက်ခိုက်လို့ ဒေသခံပြည်သူတွေရဲ့ နေအိမ်၊ အဆောက်အအုံနဲ့ ဆိုင်ခန်းအချို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

စစ်တပ်ဟာ စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံခြုံရေးအသိ၊ သတိထားပြီး ကြိုတင်ပြင်ဆင် နေထိုင်ကြဖို့၊ ဗုံးခိုကျင်းတွေ တူးဆောက်ထားဖို့၊ လေကြောင်းသတင်းပေး စကားပြောစက်တွေ အမြဲဖွင့်လှစ်ပြီး သတင်းရယူဖို့နဲ့ စစ်ကောင်စီ လေယာဉ်တွေ တက်လာတဲ့ သတင်း ရရှိပါက ဗုံးခိုကျင်းများအတွင်းသို့ အချိန်မီ ကြိုတင်တိမ်းရှောင်ကြဖို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။