Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေဆုံး၊အများအပြားဒဏ်ရာရပြီးအိမ်၂၀ကျော်ပျက်စီး

​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို စစ်တပ်က လေကြောင်း၊ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးအပါအရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

(လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့အိမ်​တွေကိုတွေ့ရစဥ်။ဓါတ်ပုံ-ခင်ဦးပအဖ)

​မေ-၂၂ ၊၂၀၂၆။ဟာနာဆန်၊ရှိန်း/People’s Spring

​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို စစ်တပ်က လေကြောင်း၊ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးအပါအရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မေလ ၂၁ ရက် ည ၉နာရီခန့်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ရွှေဘိုလေ့ကျင့်ရေး (၈)က လွှတ်တင်တဲ့ အသေခံဒရုန်း(၂) စီးဟာ ရွာစဉ်ကျေးရွာရှိ တိုက်ခိုက်ခဲ့တာပါ။

“ဖိုက်တာနဲ့ ဗုံးကြဲပြီး ဆူဆိုက်ဒရုန်း တွေနဲ့ပါဗုံးတွေကြဲသေးတယ်။ပြီးတော့ စကစ အထိုင်တွေက နေလည်း လက်နက်ကြီးတွေရမ်းပစ်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အသက် (၄၅) နှစ်နဲ့ (၂၀) နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် (၆၂) နှစ်နဲ့ (၂၇) နှစ်အရွယ် အမျိုးသမီး ၂ ဦး စုစုပေါင်း အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူအချို့လည်းရှိကြောင်း ခင်ဦးပအဖက အသိပေးပါတယ်။

“ဖိုက်တာချတယ်။ အချိန်ပိုင်းအကြာမှာ ဒရုန်း ထပ်ချတယ်။ အချိန်ပိုင်းခြားပြီး လာချတာပါ။ ရွာလယ် လမ်းမတော် ဘေးကပ်လျက် လူစည်ကားတဲ့နေရာတွေ တစ်လျှောက်ချတာပါ။ အပြင်းအထန် ထိခိုက်မှု ၇ဦးခန့်ရှိတယ်။”ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ ကျော်မှာလည်း ဗုံးဒက်ကြောင့် ပြိုပျက်တာ၊ မီးလောင်ကျွမ်း ပျက်စီးတာတွေ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောပါတယ်။

မေလ ၂၀ ရက် နေ့လယ် ၁နာရီခန့်ကလည်း ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ လွှတ်တင်တဲ့ အသေခံဒရုန်း (၂) စီးနဲ့ ဗုံးသီးချ တိုက်ခိုက်လို့ ဒေသခံပြည်သူတွေရဲ့ နေအိမ်၊ အဆောက်အအုံနဲ့ ဆိုင်ခန်းအချို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

စစ်တပ်ဟာ စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံခြုံရေးအသိ၊ သတိထားပြီး ကြိုတင်ပြင်ဆင် နေထိုင်ကြဖို့၊ ဗုံးခိုကျင်းတွေ တူးဆောက်ထားဖို့၊ လေကြောင်းသတင်းပေး စကားပြောစက်တွေ အမြဲဖွင့်လှစ်ပြီး သတင်းရယူဖို့နဲ့ စစ်ကောင်စီ လေယာဉ်တွေ တက်လာတဲ့ သတင်း ရရှိပါက ဗုံးခိုကျင်းများအတွင်းသို့ အချိန်မီ ကြိုတင်တိမ်းရှောင်ကြဖို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook