Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ ပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ကျဥ်း ၃ ဦး တိုက်ပိတ်ခံထားရ

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်က အိုးဘိုအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ပစ္စည်းတွေကို သိမ်းဆည်းရာကနေ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား (၁၅) ဦးကို ရိုက်နှက်ခဲ့ကြောင်း၊ ဒါ့အပြင် မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌကိုအောင်မျိုးကို(ခ)ကိုမျိုးကိုနဲ့ ကိုကျော်ကြီး၊ ကိုရှိန်ကြီးတို့ကိုပါ ထပ်မံ ရိုက်နှက်ကာ တိုက်ပိတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးပါတယ်။

“သူတို့က ရိုက်နှက်လည်းခံထားရတာဖြစ်တဲ့အတွက် လက်ရှိလည်း မိုးရာသီဖြစ်တာကြောင့် အထိုးခံထားရတဲ့၊ အရိုက်ခံထားရတဲ့ နေရာတွေက ကိုက်ခဲနေတဲ့အနေအထားတော့ ရှိပါတယ်။… အကျဥ်းဦးစီးဌာနကဘက်ကတော့ ဆက်လက်တိုက်ပိတ်ထားပြီးတော့ ဆေးဝါးစောင့်ရှောက်မှု မပေးနေဘူးလို့ သိရပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျန်နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အဆောင်ပြောင်းရွှေ့ကာ စောင့်ကြည့်ထားပြီး ပြင်းထန်ဒဏ်ရာရရှိထားသူတွေကို လုံလောက်တဲ့ ဆေးကုသခွင့် မပေးလို့ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်နေရကြောင်း PPNM က ဆိုပါတယ်။

ထို့အပြင် အဲဒီဖြစ်စဉ်ဖြစ်ပွါးတဲ့နေ့မှာတင် အဆောင် (၄)၊ အခန်း(၆)မှာ အခြားရာဇဝတ်အမှုသည်တွေထံကနေ မူးယစ်ဆေးပြားတွေ အထုပ်လိုက် ဖမ်းဆီးရမိခဲ့ပေမဲ့ ၎င်းတို့ကိုတော့ ပြစ်ဒဏ်ပေးခြင်းမရှိဘဲ လွှတ်ထားခဲ့တာဟာ ထောင်အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအပေါ် သီးသန့်ပစ်မှတ်ထားတဲ့စနစ်နဲ့ လုပ်ဆောင်နေတာဖြစ်ကြောင်း PPNMက ပြောပါတယ်။

ယခု ဖြစ်စဉ်ကို ပင်မဦးဆောင်ကျူးလွန်ခဲ့သူဟာ စစ်တပ်ကနေ အကျဉ်းဦးစီးဌာနကို အရပ်ဝတ်လဲ ပြောင်းရွှေ့လာတဲ့ ဦးစီးအရာရှိ သန်းမြတ်စိုး ဖြစ်ပြီး ၎င်းဟာ မိန်းဂျေးရှိ ရာဇဝတ်အမှုသည်တွေကိုပါ ပူးပေါင်းအသုံးချကာ နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်ခဲ့ခြင်းဖြစ်ကြောင်း PPNMက ဆိုပါတယ်။

PPNM အနေနဲ့ ယခုဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ပြီး၊ ဒီနေ့အချိန်ထိတိုက်ပိတ်ခံထားရသူတွေကို ချက်ချင်းပြန်လည်လွှတ်ပေးဖို့၊ လုံလောက်တဲ့ဆေးဝါးကုသခွင့်ပေးဖို့နဲ့ ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့ PPMMက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။