Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ ပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ကျဥ်း ၃ ဦး တိုက်ပိတ်ခံထားရ

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်က အိုးဘိုအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ပစ္စည်းတွေကို သိမ်းဆည်းရာကနေ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား (၁၅) ဦးကို ရိုက်နှက်ခဲ့ကြောင်း၊ ဒါ့အပြင် မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌကိုအောင်မျိုးကို(ခ)ကိုမျိုးကိုနဲ့ ကိုကျော်ကြီး၊ ကိုရှိန်ကြီးတို့ကိုပါ ထပ်မံ ရိုက်နှက်ကာ တိုက်ပိတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးပါတယ်။

“သူတို့က ရိုက်နှက်လည်းခံထားရတာဖြစ်တဲ့အတွက် လက်ရှိလည်း မိုးရာသီဖြစ်တာကြောင့် အထိုးခံထားရတဲ့၊ အရိုက်ခံထားရတဲ့ နေရာတွေက ကိုက်ခဲနေတဲ့အနေအထားတော့ ရှိပါတယ်။… အကျဥ်းဦးစီးဌာနကဘက်ကတော့ ဆက်လက်တိုက်ပိတ်ထားပြီးတော့ ဆေးဝါးစောင့်ရှောက်မှု မပေးနေဘူးလို့ သိရပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျန်နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အဆောင်ပြောင်းရွှေ့ကာ စောင့်ကြည့်ထားပြီး ပြင်းထန်ဒဏ်ရာရရှိထားသူတွေကို လုံလောက်တဲ့ ဆေးကုသခွင့် မပေးလို့ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်နေရကြောင်း PPNM က ဆိုပါတယ်။

ထို့အပြင် အဲဒီဖြစ်စဉ်ဖြစ်ပွါးတဲ့နေ့မှာတင် အဆောင် (၄)၊ အခန်း(၆)မှာ အခြားရာဇဝတ်အမှုသည်တွေထံကနေ မူးယစ်ဆေးပြားတွေ အထုပ်လိုက် ဖမ်းဆီးရမိခဲ့ပေမဲ့ ၎င်းတို့ကိုတော့ ပြစ်ဒဏ်ပေးခြင်းမရှိဘဲ လွှတ်ထားခဲ့တာဟာ ထောင်အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအပေါ် သီးသန့်ပစ်မှတ်ထားတဲ့စနစ်နဲ့ လုပ်ဆောင်နေတာဖြစ်ကြောင်း PPNMက ပြောပါတယ်။

ယခု ဖြစ်စဉ်ကို ပင်မဦးဆောင်ကျူးလွန်ခဲ့သူဟာ စစ်တပ်ကနေ အကျဉ်းဦးစီးဌာနကို အရပ်ဝတ်လဲ ပြောင်းရွှေ့လာတဲ့ ဦးစီးအရာရှိ သန်းမြတ်စိုး ဖြစ်ပြီး ၎င်းဟာ မိန်းဂျေးရှိ ရာဇဝတ်အမှုသည်တွေကိုပါ ပူးပေါင်းအသုံးချကာ နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်ခဲ့ခြင်းဖြစ်ကြောင်း PPNMက ဆိုပါတယ်။

PPNM အနေနဲ့ ယခုဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ပြီး၊ ဒီနေ့အချိန်ထိတိုက်ပိတ်ခံထားရသူတွေကို ချက်ချင်းပြန်လည်လွှတ်ပေးဖို့၊ လုံလောက်တဲ့ဆေးဝါးကုသခွင့်ပေးဖို့နဲ့ ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့ PPMMက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထောင်တွင်းစစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေ တိုးလုပ်နေ

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးထောင်မှာ ထောင်တွင်း ဖိနှိပ်မှုတွေ တင်ပြဖို့အားထုတ်သူနိုင်ငံရေးအကျဉ်းသားအမျိုးသားကိုထောင်ဝန်ထမ်းတွေဝိုင်းဝန်းရိုက်နှက်တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဒီနေ့ (အောက်တိုဘာ ၁၈ ရက်) မှာ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် နှစ် ၂၀ကျော် ချမှတ်ခံထားရတဲ့ ဆေးတက္ကသိုလ်(မန္တလေး)က CDM ဆရာမ ဒေါ်ခင်သီတာ အကျဥ်းထောင်တွင်းမှာ ကွယ်လွန်သွားခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မမေနှင်းက ပြောပါတယ်။

Facebook