Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့ကို စစ်တပ်က ၈ကြိမ်လေကြောင်းတိုက်ခိုက်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မေလ ၂၂ရက်မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။

မေ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မေလ ၂၂ရက်မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။

မကွေးတိုင်း ဆောမြို့ကနေ ကန်ပက်လက်မြို့ကို ဦးတည်လာတဲ့ စစ်တပ်နဲ့ ချင်းညီနောင်အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကန်ပက်လက်မြို့ကို ဒီကနေ့ မနက်အစော ၂နာရီကျော်အချိန်မှာ တိုက်လေယာဉ် ၂စီးနဲ့ ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မနက် ၉နာရီခွဲ ဝန်းကျင်မှာလည်း တိုက်လေယာဉ် ၂စီးနဲ့ ၄ကြိမ် လေကြောင်း တိုက်ခိုက်ဗုံးကြဲခဲ့တယ်လို့ဒေသခံက အသိပေးထားပါတယ်။

ဒါ့အပြင် မနက်ပိုင်းမှာ ကန်ပက်လက်မြို့အနီးဝန်းကျင်ကို စစ်ကောင်စီက လေယာဉ်နဲ့ ကင်းထောက်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ထိန်းချုပ်ဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ ဆက်တိုက်ပြုလုပ်နေရာ မေလ ၁၈ရက်မှာ ဆောမြို့ကနေ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့တာပါ။

အဲဒါကြောင့် ကန်ပက်လက်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။

ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က ထိန်းချုပ်ထားတာဖြစ်ပြီး လတ်တလော စစ်ရေး အခြေအနေတွေကို CPU/CPAက တရားဝင် သတင်းထုတ်ပြန်တာတွေ မလုပ်သေးပါဘူး။

စစ်ကောင်စီဟာ CPU/CPA ထိန်းချုပ်ထားတဲ့ မင်းတပ် ၊ မတူပီမြို့နယ်တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။