သတင်း ငပြီကျွန်းကိုတတိယအကြိမ်ကမ်းတက်ဖို့ ကြိုးစားတဲ့ စစ်တပ်ထိုးစစ်မအောင်မြင်ပြန် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကို ကမ်းထပ်တက်ဖို့ သုံးကြိမ်မြောက် ထပ်ကြိုး စားတဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးမအောင်မြင်ဘဲ သေဆုံးထိခိုက်မှုများစွာနဲ့ နောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayoo15 နာရီ ago
News စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် မိုးဗြဲတွင် လူနေအိမ် ၈၈လုံးပျက်စီး ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် ၈၈လုံးမှာ ၎င်းတို့ စာရင်းကောက်ယူထားသည့်အရေအတွက်သာဖြစ်ပြီး အဆိုပါအရေအတွက်ထက်မနည်းရှိနိုင်ကြောင်း PKPFက ဆိုသည်။ LuduNwayOoဇူလိုင် 11, 2021
News ပြည်သူတွေ အောက်ဆီဂျင်အိုးရဖို့ ခက်ခဲနေချိန် ပုဂ္ဂလိကသို့မပေးရန် စစ်ကောင်စီညွှန်ကြား စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်ခံရတဲ့လူနာသစ် ၄၃၇၇ ဦးရှိရာမှာ ရန်ကုန်တိုင်းက ၈၈၄ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ LuduNwayOoဇူလိုင် 11, 2021
News KIAနှင့်PDF ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ငါးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ကျော် သေဆုံး ဇူလိုင် ၉ရက် ညနေပိုင်းတွင် ကသာ (၃၀၉) တပ်ရင်းမှ မြို့လှသို့စစ်ကူလာသော စစ်ကောင်စီယာဉ်နှစ်စီးကို ကသာမြို့နယ် ပေါမမြိုင် ကျေးရွာ နှင့် ကသာ ကားကြီးကွင်းအကြားတွင် KIA/PDF ပူးပေါင်းအဖွဲ့က ပဒေသာမိုင်းအတွဲဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံးခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။ LuduNwayOoဇူလိုင် 11, 2021
News ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ အခွန်အခများ လွတ်ငြိမ်းခွင့်ပြုကြောင်း NUG လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးထုတ်ပြန် ရေနံနှင့်ရေနံထွက်ပစ္စည်းဥပဒေသည် ပြည်သူ လူထုကရွေးချယ်တင်မြှောက်သောအစိုးရ နှင့် လွှတ်တော်က ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀ ဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ကိုင်စွဲသုံးစွဲခွင့်မရှိဟု ဆိုသည်။ LuduNwayOoဇူလိုင် 10, 2021
News မီတာခကောက်ခံပါက လိုအပ်သလိုဆောင်ရွက်မည်ဟု လျှပ်စစ်ဝန်ထမ်းများအား မိုးဗြဲPDF သတိပေး “ပြည်သူကို အကြမ်းဖက်သည့် လက်နက်ကိုင် စစ်သူပုန်တွေအတွက် ကျည်ဖိုး၊ လက်နက်ဖိုး ဖြစ်စေမည့် အခွန်မှန်သမျှကို ပြည်သူများ မထမ်းဆောင်သင့်ပါ။ တစ်ခဏတာ အမှောင်တွေကို တောင့်ခံထားနိုင်ရင် လင်းလက်တဲ့မနက်ဖြန်တွေ ရောက်လာလိမ့်မယ်ဆိုတာ ပြည်သူတွေလက်တွေ့ပြသဖို့လိုပါတယ်” ဟု MBPDFက ဆိုသည်။ LuduNwayOoဇူလိုင် 10, 2021