Connect with us

Hi, what are you looking for?

News

ပြည်သူတွေ အောက်ဆီဂျင်အိုးရဖို့ ခက်ခဲနေချိန် ပုဂ္ဂလိကသို့မပေးရန် စစ်ကောင်စီညွှန်ကြား

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်ခံရတဲ့လူနာသစ် ၄၃၇၇ ဦးရှိရာမှာ ရန်ကုန်တိုင်းက ၈၈၄ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်းမှာပိုးကူးစက်ခံရသူ​တွေများ​နေပြီး ပြည်သူတွေအောက်ဆီဂျင် အိုးရဖို့ခက်ခဲနေချိန်မှာ ပုဂ္ဂလိကကိုမပေးဘဲ ကုသရေးစင် တာနဲ့ ဆေးရုံတွေကိုသာပေးဖို့ စစ်ကောင်စီက စက်ရုံတွေကို ညွှန်ကြားထားတယ်လို့ သိမ်ဖြူသင်္ဘောကျင်း စစ်မှုအင်ဂျင်နီယာဌာနက သတင်းရရှိပါတယ်။

စစ်ကောင်စီရဲ့ညွှန်ကြားချက်ကို ဇူလိုင် ၁၀ ရက်ဒီကနေ့ညနေပိုင်းလောက်မှာ ရရှိခဲ့တာဖြစ်ပြီး ညွှန်ကြားချက်မရမီ အောက်ဆီဂျင်ဖြည့်ပေးဖို့လက်ခံထားတဲ့ အိုးခွံ ၁၀၀ ကျော်ရှိနေသေးပြီး ဘယ်လိုဆက်လုပ်ရမယ်မသိသေးဘူးလို့ ဌာနတာဝန်ရှိသူက ဆိုပါတယ်။

“အခုညနေ ၅ နာရီဆိုတော့ ည ၁၀ နာရီအထိ သွင်းချိန်က ၅ နာရီပဲရှိတော့တယ်။ ဒါပေမဲ့ ဒီမှာတန်းစီထားတာက အိုး ၁၀၀ ကျော်ရှိနေတယ်။ ကျွန်တော်တို့က ၁ နာရီကို အိုး ၁၀ လုံးလောက်ပဲဖြည့်ပေးနိုင်တာဆိုတော့ ကျန်တာတွေ ဘယ်လိုလုပ်ပေးရမှန်းတောင် မသိတော့ဘူး”လို့ သိမ်ဖြူသင်္ဘောကျင်း စက်မှုအင်ဂျင်နီယာဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေတဲ့ ရန်ကုန်မြို့မှာ လူနာတွေလိုအပ်တဲ့ အောက်ဆီဂျင်ကို ဒီကနေ့ညနေပိုင်းအထိ သိမ်ဖြူသင်္ဘောကျင်းက စက်ရုံမှာ လိုသလောက်ဖြည့်ပေးနေတာပါ။

Public Service Announcement

Public Service Announcement

၁၅ လီတာဆံ့တဲ့ အောက်ဆီဂျင်အိုးတွေကို ခုလိုဖြည့်ပေးနေရာက စစ်ကောင်စီကညွှန်ကြားလာတဲ့ “ပုဂ္ဂလိကကိုမပေးဘဲ ကုသရေးစင်တာနဲ့ ဆေးရုံတွေကိုပဲ ပေးရမယ်’ဆိုတာကြောင့် မနက်ဖြန်(ဇူလိုင် ၁၁)ကစပြီး အများပြည်သူထံ ခါတိုင်းလိုအောက်ဆီဂျင်ဖြည့်မပေးနိုင်တော့ဘူး”လို့လည်း စက်ရုံအရာရှိက ရှင်းပြပါတယ်။

လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးနီးပါး ကိုဗစ်ကူးစက်မှုမြင့်တက်နေပြီး အသက်ရှူကြပ်တဲ့လူနာတွေဟာ အောက်ဆီဂျင်လုံလောက်အောင်မရတာကြောင့် အသက်သေဆုံးတာတွေရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်ခံရတဲ့လူနာသစ် ၄၃၇၇ ဦးရှိရာမှာ ရန်ကုန်တိုင်းက ၈၈၄ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

ရန်ကုန်မှာရှိတဲ့ အောက်ဆီဂျင်ထုတ်လုပ်တဲ့ စက်ရုံတချို့ကိုလည်း စစ်ကောင်စီက လျှပ်စီမီးဖြတ်တောက်တာ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။