Connect with us

Hi, what are you looking for?

News

မီတာခကောက်ခံပါက လိုအပ်သလိုဆောင်ရွက်မည်ဟု လျှပ်စစ်ဝန်ထမ်းများအား မိုးဗြဲPDF သတိပေး

“ပြည်သူကို အကြမ်းဖက်သည့် လက်နက်ကိုင် စစ်သူပုန်တွေအတွက် ကျည်ဖိုး၊ လက်နက်ဖိုး ဖြစ်စေမည့် အခွန်မှန်သမျှကို ပြည်သူများ မထမ်းဆောင်သင့်ပါ။ တစ်ခဏတာ အမှောင်တွေကို တောင့်ခံထားနိုင်ရင် လင်းလက်တဲ့မနက်ဖြန်တွေ ရောက်လာလိမ့်မယ်ဆိုတာ ပြည်သူတွေလက်တွေ့ပြသဖို့လိုပါတယ်” ဟု MBPDFက ဆိုသည်။

မိုးဗြဲလျှပ်စစ်ဌာန အကြီးအကဲများနှင့် ဝန်ထမ်းများ အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြ၍ မီတာခ ကောက်ခံခြင်း မပြုလုပ်ရန် တောင်းဆိုကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MBPDF)က ယနေ့သတင်းထုတ်ပြန်သည်။

ပြည်သူလူထုကို ခြိမ်းခြောက်ပြီး နည်းအမျိုးမျိုးဖြင့် လျှပ်စစ်မီတာခ ကောက်ခံပါက ပြည်သူ့ဘက်က ရပ် တည်ပြီး အခြေအနေ အရပ်ရပ်ကို သုံးသပ်၍ လိုအပ်သလို ကိုင်တွယ် ဆောင်ရွက်သွားမည်ဟု အထူးသတိပေးကြောင်း MBPDFက ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူလူထုများအနေဖြင့်လည်း တရားမဝင် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် တိုက်တွန်းကြောင်းလည်း ဖော်ပြခဲ့သည်။

“ပြည်သူကို အကြမ်းဖက်သည့် လက်နက်ကိုင် စစ်သူပုန်တွေအတွက် ကျည်ဖိုး၊ လက်နက်ဖိုး ဖြစ်စေမည့် အခွန်မှန်သမျှကို ပြည်သူများ မထမ်းဆောင်သင့်ပါ။ တစ်ခဏတာ အမှောင်တွေကို တောင့်ခံထားနိုင်ရင် လင်းလက်တဲ့မနက်ဖြန်တွေ ရောက်လာလိမ့်မယ်ဆိုတာ ပြည်သူတွေလက်တွေ့ပြသဖို့လိုပါတယ်” ဟု MBPDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ပြည်သူ အသိအမှတ်မပြု၊ ကမ္ဘာက အသိအမှတ်မပြုသည့် လက်နက်ကိုင် အကြမ်းဖက်အုပ်စုသာဖြစ်ကြောင်း၊ ပြည်သူ့အခွန်ဖြင့် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျသည့် အကြမ်းဖက် စစ်တပ်သည် အစိုးရမဟုတ်သကဲ့သို့ ပြည်သူများအနေဖြင့် အခွန်ပေးဆောင်စရာလည်း မလိုကြောင်း MBPDFက ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူ့အစိုးရလက်ထက် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာလတွင် လျှပ်စစ်မီတာခ ကောက်ခံရာတွင် ပြည်သူကို အမျိုးမျိုးငဲ့ညှာပြီး ကောက်ခံခဲ့ကြောင်း၊ ပြည်သူဆောင်လိုက်သည့် အခွန်မှာလည်း ပြည်သူ့ထံသို့ အကျိုးရှိရှိ ပြန်လည်စီးဆင်းစေခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့