Connect with us

Hi, what are you looking for?

LuduNwayOo

News

မီတာခကောက်ခံပါက လိုအပ်သလိုဆောင်ရွက်မည်ဟု လျှပ်စစ်ဝန်ထမ်းများအား မိုးဗြဲPDF သတိပေး

“ပြည်သူကို အကြမ်းဖက်သည့် လက်နက်ကိုင် စစ်သူပုန်တွေအတွက် ကျည်ဖိုး၊ လက်နက်ဖိုး ဖြစ်စေမည့် အခွန်မှန်သမျှကို ပြည်သူများ မထမ်းဆောင်သင့်ပါ။ တစ်ခဏတာ အမှောင်တွေကို တောင့်ခံထားနိုင်ရင် လင်းလက်တဲ့မနက်ဖြန်တွေ ရောက်လာလိမ့်မယ်ဆိုတာ ပြည်သူတွေလက်တွေ့ပြသဖို့လိုပါတယ်” ဟု MBPDFက ဆိုသည်။

မိုးဗြဲလျှပ်စစ်ဌာန အကြီးအကဲများနှင့် ဝန်ထမ်းများ အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြ၍ မီတာခ ကောက်ခံခြင်း မပြုလုပ်ရန် တောင်းဆိုကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MBPDF)က ယနေ့သတင်းထုတ်ပြန်သည်။

ပြည်သူလူထုကို ခြိမ်းခြောက်ပြီး နည်းအမျိုးမျိုးဖြင့် လျှပ်စစ်မီတာခ ကောက်ခံပါက ပြည်သူ့ဘက်က ရပ် တည်ပြီး အခြေအနေ အရပ်ရပ်ကို သုံးသပ်၍ လိုအပ်သလို ကိုင်တွယ် ဆောင်ရွက်သွားမည်ဟု အထူးသတိပေးကြောင်း MBPDFက ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူလူထုများအနေဖြင့်လည်း တရားမဝင် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် တိုက်တွန်းကြောင်းလည်း ဖော်ပြခဲ့သည်။

“ပြည်သူကို အကြမ်းဖက်သည့် လက်နက်ကိုင် စစ်သူပုန်တွေအတွက် ကျည်ဖိုး၊ လက်နက်ဖိုး ဖြစ်စေမည့် အခွန်မှန်သမျှကို ပြည်သူများ မထမ်းဆောင်သင့်ပါ။ တစ်ခဏတာ အမှောင်တွေကို တောင့်ခံထားနိုင်ရင် လင်းလက်တဲ့မနက်ဖြန်တွေ ရောက်လာလိမ့်မယ်ဆိုတာ ပြည်သူတွေလက်တွေ့ပြသဖို့လိုပါတယ်” ဟု MBPDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ပြည်သူ အသိအမှတ်မပြု၊ ကမ္ဘာက အသိအမှတ်မပြုသည့် လက်နက်ကိုင် အကြမ်းဖက်အုပ်စုသာဖြစ်ကြောင်း၊ ပြည်သူ့အခွန်ဖြင့် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျသည့် အကြမ်းဖက် စစ်တပ်သည် အစိုးရမဟုတ်သကဲ့သို့ ပြည်သူများအနေဖြင့် အခွန်ပေးဆောင်စရာလည်း မလိုကြောင်း MBPDFက ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူ့အစိုးရလက်ထက် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာလတွင် လျှပ်စစ်မီတာခ ကောက်ခံရာတွင် ပြည်သူကို အမျိုးမျိုးငဲ့ညှာပြီး ကောက်ခံခဲ့ကြောင်း၊ ပြည်သူဆောင်လိုက်သည့် အခွန်မှာလည်း ပြည်သူ့ထံသို့ အကျိုးရှိရှိ ပြန်လည်စီးဆင်းစေခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။