ကယား(ကရင်နီ)ပြည်နယ် မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် လူနေအိမ် ၈၈လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယမန်နေ့တွင် ထုတ်ပြန်သည်။
သို့သော် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် ၈၈လုံးမှာ ၎င်းတို့ စာရင်းကောက်ယူထားသည့်အရေအတွက်သာဖြစ်ပြီး အဆိုပါအရေအတွက်ထက်မနည်းရှိနိုင်ကြောင်း PKPFက ဆိုသည်။
တစ်အိမ်လုံးပြာကျခဲ့သည့် နေအိမ်၂၀လုံးလက်နက် ကြီးထိမှန်သည့်နေအိမ် ၂၈ လုံးနှင့်လက်နက်ငယ် ထိမှန်သည့် လူနေအိမ်၄၀လုံးတို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ဒီးမောဆိုမြို့နယ်တွင် လူနေအိမ် ၅၈လုံး၊ လွှိုင်ကော်တွင် ၉လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု PKPFက ထုတ်ပြန်ထားသည်။