Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ပစ်ခတ်မှု​ကြောင့် မိုးဗြဲတွင် လူ​နေအိမ် ၈၈လုံးပျက်စီး

ပျက်စီးဆုံးရှုံးခဲ့သည့် လူ​နေအိမ် ၈၈လုံးမှာ ၎င်းတို့ စာရင်း​ကောက်ယူထားသည့်အ​ရေအတွက်သာဖြစ်ပြီး အဆိုပါအ​ရေအတွက်ထက်မနည်းရှိနိုင်​ကြောင်း PKPFက ဆိုသည်။

ကယား(ကရင်နီ)ပြည်နယ် မိုးဗြဲမြို့နယ်အတွင်း စစ်​ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် လူ​နေအိမ် ၈၈လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့​ကြောင်း တိုးတက်​သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယမန်​နေ့တွင် ထုတ်ပြန်သည်။

သို့​သော် ပျက်စီးဆုံးရှုံးခဲ့သည့် လူ​နေအိမ် ၈၈လုံးမှာ ၎င်းတို့ စာရင်း​ကောက်ယူထားသည့်အ​ရေအတွက်သာဖြစ်ပြီး အဆိုပါအ​ရေအတွက်ထက်မနည်းရှိနိုင်​ကြောင်း PKPFက ဆိုသည်။

တစ်အိမ်လုံးပြာကျခဲ့သည့် ​နေအိမ်၂၀လုံးလက်နက် ကြီးထိမှန်သည့်​နေအိမ် ၂၈ လုံးနှင့်လက်နက်ငယ် ထိမှန်သည့် လူ​နေအိမ်၄၀လုံးတို့ဖြစ်​​ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဒီးမောဆိုမြို့နယ်တွင် လူ​နေအိမ် ၅၈လုံး၊ လွှိုင်​ကော်တွင် ၉လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု PKPFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ စစ်တပ်က အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့အနီးက စစ်တပ်တပ်စွဲထားတဲ့နေရာ​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။