သတင်း
မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
Hi, what are you looking for?
မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရမှုကို Peiple's Spring ကသီးခြားအတည်မပြုနိုင်ပါ။တိုက်ပွဲများတွင် ချင်းတပ်ဖွဲ့ထိ့ခိုက်ကျဆုံးမှုကိုမူ မသိရသေးပါ။ပလက်ဝ CDF က တိုက်ပွဲများတွင် CDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိကြောင်းထုတ်ပြန်ထားသည်။
မတ်လ ၉ရက်တွင် ပလက်၀မြို့နယ် ကိန်းကန်းကုန်းရွာနှင့် စခီဟာကျေးရွာအကြားရှိ လာကီချောင်းတစ်နေရာတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၁၁နာရီခန့်တွင် မိနစ် ၄၀ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လည်ပိုင်းတွင် မိစနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့သည်။
“ဒီနေ့ ကိုးယောက်ကျတဲ့အထဲမှာ ငါးဦးကတော့ CNA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သူတို့ CNA တပ်သားတွေဆီကနေ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့ လေးယောက်က CDF ပေါ့။ CDF ထဲမှာ ဟားခါး CDF လည်းပါတယ် ထန်တလန် CDFလည်းပါတယ်” ဟု ဒေသခံက ပြောသည်။
လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန် ထိတွေ့ပစ်ခတ်ကြရာ စစ်ကောင်စီတပ်မှ ခြောက်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ပလက်၀ CDFနှင့် CNA တို့ဘက်မှ အထိအခိုက်မရှိလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
လမ်း - ဟားခါးလမ်းသည် ၄၅မိုင်ခန့်သာ ကွာဝေးသော်လည်း စစ်ကောင်စီတပ်သည် တစ်ပတ်ကြာသည်အထိ ၎င်းတို့၏ ရည်မှန်းချက် ဟားခါးသို့မရောက်နိုင်ဘဲ ဖြစ်နေသည်။
CNF၏ လက်အောက်ခံတပ် ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) တို့ ပူးပေါင်း၍ ဖလမ်းမှ ဟာခါးဘက်သို့ စစ်အင်အားဖြည့် တင်းရန်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။