Connect with us

Hi, what are you looking for?

သတင်း

ချင်းမြောက်ပိုင်းသို့ထိုးစစ်ဆင်လာသည့် စစ်တပ် တပ်စွဲရာနေရာ ၂ ခုကိုချင်းပူးပေါင်းတပ်သိမ်းပိုက်

စစ်ကောင်စီသေဆုံးထိခိုက်များပြီးစစ်သုံ့ပန်း ၃ ဦး၊လက်နက် ၉လက်ထက်မနည်းသိမ်းဆည်းရရှိ ၊ချင်း​တော်လှန်​ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

မွှာလ်ပီးတိုက်ပွဲ၌စစ်တပ်ထံမှ ချင်း​ပူး​ပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည့်လက်နက်များ။ဓာတ်ပုံ-ပေးပို့

ဇွန်-၂၈၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ် မြောက်ပိုင်း သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ချင်းပြည်ကောင်စီ၊ ချင်းညီနောင်တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့်နှစ်ရက်တိုက်ပွဲများအတွင်း စစ်တပ် အထိနာခဲ့ပြီး စစ်ကောင်စီ ယာယီတပ်စွဲရာနေရာ ၂ နေရာကို သိမ်းပိုက်နိုင်ခဲ့ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် တီးတိန် နှင့် ချင်းညီနောင် သိမ်းပိုက်ထားသည့် ဖလမ်းကို စစ်အင်အားဖြည့်ရန်၊ ပြန်လည် တိုက်ခိုက်ရန် အတွက်မေလ တတိယပတ်တွင် ကလေးမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ စစ်ကောင်စီတပ်များသည် ကလေးနှင့် သိုင်းငင်းကြား မွှာလ်ပီးရွာ၌ တပ်စွဲပြီးရှေ့ဆက်တိုးနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း ချင်းပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ကလေးဘက်သို့ ပြန်လည်ဆုတ်ခွာရဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

မွှာလ်ပီးတိုက်ပွဲ၌စစ်တပ်ထံမှ ချင်း​ပူး​ပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည့်လက်နက်များ။ဓာတ်ပုံ-ပေးပို့

“ချင်းပူးပေါင်းတပ်ဖွဲ့ဘက်ကနေမွှာလ်ပီးရွာ စကစ ယာယီစခန်းပေါ့ သူတို့ တပ်စွဲထားတဲ့နေရာ ၂ခုကို သိမ်းပိုက်ခဲ့တာဖြစ်တယ်။ မွှာလ်ပီးရွာကို ကျနော်တို့ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်က ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်တယ်။ စကစတွေ တချို့တွေ ထွက်ပြေးပြီး မွလ်ဆန်ရွာမှာနေရာယူထားတယ်။ အဲဒီမွလ်ဆန်ရွာလည်း သူတို့ သွားတိုက်ပြီး မှ စကစ တပ်စွဲထားတဲ့နေရာကို သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒါကြောင့်စကစအလောင်း၆ယောက်တွေ့ရှိခဲ့တယ်။ ပြီးရင် ၃ယောက် အရှင်ဖမ်းဆီးမိတယ်။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ ထိုအပြင် စစ်တပ်ထံမှလက်နက်၉လက်သိမ်းရခဲ့ဟုအထက်ပါသတင်းရင်းမြစ်ကသတင်းဓာတ်ပုံပြသ၍ပြောသည်။

Public Service Announcement

Public Service Announcement

“အခု စကစတွေ ကလေးမြို့ဘက်ကို ဆုတ်သွားတာဖြစ်တယ်။” ဟုလည်း၎င်းကဆက်ပြောသည်။

ဇွန်လ ၂၆ရက်နှင့် ဇွန်လ ၂၇ရက်နေ့များက ချင်းတော်လှန်ရေးတပ်နှင့် စစ်ကောင်စီအကြား တိုက်ပွဲများတွင် ချင်းအမျိုးသားတပ်မတော်(CNA)မှ ရဲဘော် ၁ဦး၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) စီးယင်းမှ ရဲဘော် ၁ဦး ကျဆုံးခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။ဇွန်လ ၂၆ရက် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် အစပ် ခိုင်ကမ်းမြို့အနီးတိုက်ပွဲတွင် CNA တပ်ဖွဲ့ဝင် ၁ဦး ကျဆုံးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၇ရက် မွှာလ်ပီးရွာအနီးတိုက်ပွဲတွင် CDF စီးယင်းရဲဘော် ၁ဦးကျဆုံးခဲ့သည်။

စစ်ကောင်စီသည် မြို့ရွာများစွာ ဆုံးရှုံးလက်လွှတ်ထားရသည့် ချင်းပြည်နယ်ကို ပြန်လည်ထိုးစစ်ဆင်ရန် ချင်းမြောက်ပိုင်းသို့ ကလေးမြို့ဘက်မှာ စစ်ကြောင်းထိုးနေသကဲ့သို့ ချင်းတောင်ပိုင်းသို့လည်း မကွေးတိုင်း ပခုက္ကူမှတဆင့် တပ်အင်အားအများအပြားဖြင့်ထိုးစစ်ဆင်လျက်ရှိသည်။ အဆိုပါ စစ်ကောင်စီတပ်များကိုချင်းညီနောင်၊ချင်းပြည်ကောင်စီနှင့် PDF ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။