Connect with us

Hi, what are you looking for?

သတင်း

ချင်းပူးပေါင်းတပ်သိမ်းပိုက်ထားသည့် အော်တိုတောင်စခန်း နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းများရ

အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီ တပ်များက ဒီဇင်ဘာ ၈ရက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ရက်တွင် နယ်မြေရှင်းလင်းရေး ပြီးစီးခဲ့သည်ဟု ဆိုသည်။

(အော်တိုတောင်စခန်းမှ သိမ်းရသော လပ်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဓာတ်ပုံ - VOC)
(အော်တိုတောင်စခန်းမှ သိမ်းရသော လပ်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဓာတ်ပုံ - VOC)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စွဲထားသည့် အော်တိုတောင်တပ်စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းထားသည့် ချင်းပြည်ကောင်စီတပ်များက သိမ်းပိုက်ထားပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ လက်နက်ခဲယမ်းများ ရရှိခဲ့သည်ဟု ချင်းသတင်းရင်မြစ်က ပြောသည်။

အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီ တပ်များက ဒီဇင်ဘာ ၈ရက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ရက်တွင် နယ်မြေရှင်းလင်းရေး ပြီးစီးခဲ့သည်ဟု ဆိုသည်။

” နယ်မြေရှင်းလင်းရေးတွေ လုပ်ထားပြီးပြီ။ အဲဒီဟာ လက်နက်ခဲယမ်းတချို့တွေရတာပေါ့။ အဲဒီ စကစ အလောင်းကတော့ သုံးလေးယောက်လောက်ပဲရှိတယ်။ လေးဆယ်ကျော်လောက် က ထွက်ပြေးသွားတယ်လို့ သိရပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(အော်တိုတောင်စခန်းမှ သိမ်းရသော လပ်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဓာတ်ပုံ - VOC)
(အော်တိုတောင်စခန်းမှ သိမ်းရသော လပ်နက်ခဲယမ်းများ။ ဓာတ်ပုံ – ဓာတ်ပုံ – VOC)

အော်တိုတောင်စခန်းသည် ဟားခါး-ထန်တလန်မြို့ကြား တန်တလန်မြို့နှင့် ပိုနီးသော်လည်း စစ်ကောင်စီတပ်သားများသည် ဟားခါးဘက်သို့ ထွက်ပြေးသွားကြောင်း ဒေသခံ တောင်ယာခုတ်သူအချို့ကပြောသည်ဟု သတင်းရင်းမြစ်က ပြောသည်။

နယ်မြေရှင်းလင်းစဉ် သိမ်းရထားသည့် လက်နက်ခဲယမ်းများ ဓာတ်ပုံမှတ်တမ်းကို သတင်းရင်းမြစ်က ပြသရာ လက်နက်ကြီးနှင့် လက်နက်ကြီးကျည်အချို့ ၊ စက်သေနတ်နှင့် လက်နက်ငယ်အချို့၊ စက်သေနတ်ကျည်များ၊ RPG ကျည်အချို့နှင့် စစ်အသုံးအဆောက်ပစ္စည်းများ သိမ်းရထားသည်ကို တွေ့ရသည်။

ချင်းပြည်ကောင်စီတပ်များသည် နိုဝင်ဘာ ၂၂ရက်ကစ၍ စစ်ကောင်စီတပ်စွဲထားသည့် ဟားခါး-ထန်တလန်ကြားရှိ တပ်စခန်းများကို ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာ ၈ရက်တွင် တပ်စခန်း ၈ခု( ဟားခါး-ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းအားလုံး)ကို သိမ်းရခဲ့သည်ဟု ဆိုသည်။

အဆိုပါတပ်စခန်းများကို ချင်းပြည်ကောင်စီတပ်များက ယခုနှစ် ဇူလိုင်ထိုးစစ်တွင် သိမ်းနိုင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူနှင့် မြေပြင်မှ အင်အားအများအပြားဖြင့် ပြန်လည်ထိုးစစ်ဆင် ရယူထား၍ ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သိမ်းပိုက်ထားသည့် တပ်စခန်း ၈ခုအနက် ဟားခါးမြို့အနီး စခန်းတစ်ခုကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ပြီး ဝင်ရောက် နေရယူထားသည်ဟုလည်း သတင်းရင်းမြစ်ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၈ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ရာ တိုက်ပွဲအတွင်း သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းရုပ်သံကို ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် စစ်ရေးသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

သတင်း

မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)နှင့် အမတ (၃၅၂) တပ်ရင်းများကို ယနေ့ နံနက် ၁၁နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

AAသည် ဒီဇင်ဘာ ၂၀ရက် တွင် နပခ ဌာနချုပ် အပါအဝင် အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

​တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။