Connect with us

Hi, what are you looking for?

သတင်း

ချင်းပူးပေါင်းတပ်သိမ်းပိုက်ထားသည့် အော်တိုတောင်စခန်း နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းများရ

အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီ တပ်များက ဒီဇင်ဘာ ၈ရက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ရက်တွင် နယ်မြေရှင်းလင်းရေး ပြီးစီးခဲ့သည်ဟု ဆိုသည်။

(အော်တိုတောင်စခန်းမှ သိမ်းရသော လပ်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဓာတ်ပုံ - VOC)
(အော်တိုတောင်စခန်းမှ သိမ်းရသော လပ်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဓာတ်ပုံ - VOC)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စွဲထားသည့် အော်တိုတောင်တပ်စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းထားသည့် ချင်းပြည်ကောင်စီတပ်များက သိမ်းပိုက်ထားပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ လက်နက်ခဲယမ်းများ ရရှိခဲ့သည်ဟု ချင်းသတင်းရင်မြစ်က ပြောသည်။

အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီ တပ်များက ဒီဇင်ဘာ ၈ရက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ရက်တွင် နယ်မြေရှင်းလင်းရေး ပြီးစီးခဲ့သည်ဟု ဆိုသည်။

” နယ်မြေရှင်းလင်းရေးတွေ လုပ်ထားပြီးပြီ။ အဲဒီဟာ လက်နက်ခဲယမ်းတချို့တွေရတာပေါ့။ အဲဒီ စကစ အလောင်းကတော့ သုံးလေးယောက်လောက်ပဲရှိတယ်။ လေးဆယ်ကျော်လောက် က ထွက်ပြေးသွားတယ်လို့ သိရပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(အော်တိုတောင်စခန်းမှ သိမ်းရသော လပ်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဓာတ်ပုံ - VOC)
(အော်တိုတောင်စခန်းမှ သိမ်းရသော လပ်နက်ခဲယမ်းများ။ ဓာတ်ပုံ – ဓာတ်ပုံ – VOC)

အော်တိုတောင်စခန်းသည် ဟားခါး-ထန်တလန်မြို့ကြား တန်တလန်မြို့နှင့် ပိုနီးသော်လည်း စစ်ကောင်စီတပ်သားများသည် ဟားခါးဘက်သို့ ထွက်ပြေးသွားကြောင်း ဒေသခံ တောင်ယာခုတ်သူအချို့ကပြောသည်ဟု သတင်းရင်းမြစ်က ပြောသည်။

နယ်မြေရှင်းလင်းစဉ် သိမ်းရထားသည့် လက်နက်ခဲယမ်းများ ဓာတ်ပုံမှတ်တမ်းကို သတင်းရင်းမြစ်က ပြသရာ လက်နက်ကြီးနှင့် လက်နက်ကြီးကျည်အချို့ ၊ စက်သေနတ်နှင့် လက်နက်ငယ်အချို့၊ စက်သေနတ်ကျည်များ၊ RPG ကျည်အချို့နှင့် စစ်အသုံးအဆောက်ပစ္စည်းများ သိမ်းရထားသည်ကို တွေ့ရသည်။

ချင်းပြည်ကောင်စီတပ်များသည် နိုဝင်ဘာ ၂၂ရက်ကစ၍ စစ်ကောင်စီတပ်စွဲထားသည့် ဟားခါး-ထန်တလန်ကြားရှိ တပ်စခန်းများကို ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာ ၈ရက်တွင် တပ်စခန်း ၈ခု( ဟားခါး-ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းအားလုံး)ကို သိမ်းရခဲ့သည်ဟု ဆိုသည်။

အဆိုပါတပ်စခန်းများကို ချင်းပြည်ကောင်စီတပ်များက ယခုနှစ် ဇူလိုင်ထိုးစစ်တွင် သိမ်းနိုင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူနှင့် မြေပြင်မှ အင်အားအများအပြားဖြင့် ပြန်လည်ထိုးစစ်ဆင် ရယူထား၍ ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သိမ်းပိုက်ထားသည့် တပ်စခန်း ၈ခုအနက် ဟားခါးမြို့အနီး စခန်းတစ်ခုကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ပြီး ဝင်ရောက် နေရယူထားသည်ဟုလည်း သတင်းရင်းမြစ်ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook