Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့အနီး စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်အရာရှိတစ်ဦးအပါအဝင်လေးဦးကို ချင်းပူးပေါင်းတပ် အရှင်ဖမ်းမိ

လက်ရှိတွင် ထန်တလန်မြို့၏ ၉၀ ရာခိုင်နှုန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ထိန်းချုပ်ဘထားဆဲဖြစ်သည်ဟုလည်း သတင်းရင်းမြစ်က ပြောပြသည်။

(ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ ကမ်တောင်း (ဒေသအခေါ် ကမ်တလန်)စခန်းတိုက်ပွဲအတွင်း ဖမ်းမိသော သုံ့ပန်းများ။ ဓာတ်ပုံ - ပေးပို့)
(ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ ကမ်တောင်း (ဒေသအခေါ် ကမ်တလန်)စခန်းတိုက်ပွဲအတွင်း ဖမ်းမိသော သုံ့ပန်းများ။ ဓာတ်ပုံ - ပေးပို့)

▪️စစ်ကောင်စီတပ် ၁၄ဦးသေဆုံးဟု ချင်းသတင်းရင်းမြစ်ပြော

▪️ထန်တလန်မြို့၉၀ ရာခိုင်နှုန်းကို ချင်းပူးပေါင်းတပ် ထိန်းချုပ်

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ ကမ်တောင်း(ဒေသအခေါ် ကမ်တလန်) စခန်းကို ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရပူးပေါင်းတပ်များက ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၄ဦး အရှင်ဖမ်းမိခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

” မနေ့က ဟားခါးမြို့ပြင်အနီးမှာရှိတဲ့ ကမ်တောင်း(ကမ်တလန်း)စခန်းပေါ့နော်။ အဲဒီမှာ CNA ၊CDF ချင်းပြည်အစိုးရ ပူးပေါင်းတပ်တွေ က သိမ်းပိုက်နိုင်ခဲ့တဲ့အထဲမှာ ဖမ်းဆီးနိုင်တဲ့ လေးယောက်ဖြစ်ပါတယ်။ အဲဒီ စကစလေးယောက်မှာ တစ်ယောက်က မေဂျာအဆင့်ဖြစ်ပါတယ်။ နာမည်ကတော့ မသိနိုင်သေးဘူး”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့က ဟားခါးမြို့အနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၂ခုကို ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းထားသည့် ချင်းပြည်ကောင်စီ အစိုးရတပ်များက သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းအနက် ကမ်တလန် စခန်းသိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးသူများလည်းရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” လက်နက်ခဲယမ်းတွေလည်း ရပါတယ်။ စကစတွေကလည်း အလောင်းရှိပါတယ်။ပြီးရင် ဒဏ်ရာရပြီး ဟားခါးဆေးရုံမှာ သွားပြီး မှ သေဆုံးတဲ့သူတွေ ပေါင်းမယ်ဆိုရင် စကစဘက်မှာ ၁၄ယောက် ကျတယ်လို့ သိရပါတယ်။ ကျနော်တို့ ဘက်ကတော့ အဆင်ပြေပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

တစ်ဖက်တွင်လည်း ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သည် ထန်တလန်မြို့ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းပြီး လေကြောင်းပစ်ကူဖြင့် စစ်ကူပေးတိုက်ခိုက်ခဲ့၍ ထန်တလန်မြို့သို့ စစ်ကောင်စီတပ် စစ်ကူ စစ်ကြောင်းပူးပေါင်းလာနိုင်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

” ဟားခါးကနေ စစ်ကြောင်းထိုးလာတဲ့အထဲမှာ ၁၅၀လောက်က ဟားခါးကနေ လာတဲ့သူတွေကို လေယာဉ်ကနေ ပစ်ကူတာကြောင့် ထန်တလန်မြို့ထဲ ဝင်နိုင်တာ။ အော်တိုတောင်ရဲ့တောင်ထိပ်ကို သူတို့က ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ အော်တိုတောင်မှာ ၃နေရာရှိတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

အော်တိုတောင်နှင့် C3တောင်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်သည်မှာ မှန်ကန်သော်လည်း အော်တိုတောင်၌ ချင်းပူးပေါင်းတပ်ဖွဲ့များလည်းရှိဟု ၎င်းက ဆိုသည်။

အော်တိုတောင်သည် ထန်တလန်နှင့် ၇မိုင်ခန့်ဝေးသည့် နေရာဖြစ်ပြီး ဟားခါးနှင့် ထန်တလန် မြို့နယ်ကြားရှိသည်ဟု ဆိုသည်။

” ဒါပေမဲ့ ထန်တလန်ပြန်လည်ထိန်းချုပ်နိုင်တယ်ဆိုတာက ကောလာဟလဖြစ်တယ်။ ထန်တလန် စစ်ကောင်စီတပ်ကုန်းကလည်း ကျနော်တို့ အခုအချိန်ထိ ထိန်းချုပ်နိုင်ဆဲဖြစ်တယ်။ သူတို့က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တယ်။ ကျနော်တို့က ပြန်ခုခံတယ်။ အခုထိမရသေးဘူးပေါ့။ ပြီးရင် သူတို့က ထန်တလန်မြို့ပေါ် တပ်ဖြန့်တာမျိုးမဟုတ်ဘူး။ သူတို့တပ်စွဲထားတဲ့ နှစ်နေရာပေါ့ ရဲစခန်းနဲ့ NLD ရုံးမှာပေါ့။ အဲဒီမှာပဲသွားပူးပေါင်းတယ်။ အဲဒီလိုမျိုး နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ထန်တလန်မြို့၏ ၉၀ ရာခိုင်နှုန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ထိန်းချုပ်ဘထားဆဲဖြစ်သည်ဟုလည်း သတင်းရင်းမြစ်က ပြောပြသည်။

ထန်တလန်တိုက်ပွဲနှင့် ဟားခါးစခန်းသိမ်းတိုက်ပွဲ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။