Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်နဲ့ မင်းတပ်မှာ ချင်းပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲဆက်ဖြစ်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းသတင်းရင်းမြစ်က ဒီကနေ့ ဇွန် ၂၄ရက်မှာ ပြောပါတယ်။

(CDF ကန်ပက်လက်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Chin Defence Force -Kanpetlet)

ဇွန်-၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းသတင်းရင်းမြစ်က ဒီကနေ့ ဇွန် ၂၄ရက်မှာ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ အသိပေးပါတယ်။

” တိုက်ပွဲက ဆက်ရှိတယ်။ ခုမနက်လည်း Y12နဲ့ ကန်ပက်လက်၊ မင်းတပ်ကို လာကြဲတာရှိတယ်” လို့ ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီမနက်မှာ လေကြောင်းကနေ ဗုံးအလုံးရေ အများအပြား အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်မြို့ကို မေလကုန်ပိုင်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ကန်ပက်လက်မြို့ကို မေလလယ်ခန့်က စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ကန်ပက်လက်မြို့တိုက်ပွဲ တစ်လခွဲနီးပါး ကြာမြင့်ပြီဖြစ်သလို မင်းတပ်မြို့တိုက်ပွဲဟာလည်း တစ်လခန့်ကြာမြင့်ပြီဖြစ်ပါတယ်။

စစ်တပ်ဘက်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ စစ်အင်အားအလုံးအရင်းသုံးပြီး ချင်းတောင်ပိုင်း ပြန်ရဖို့ ထိုးစစ်ဆင်နေပေမယ့် တစ်လဝန်းကျင်ကြာတဲ့အထိ စစ်တပ်ထိုးစစ်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က ကောင်းမွန်စွာ ခုခံထားနိုင်ဆဲဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။

ချင်းတောင်ပိုင်းမြို့တွေဖြစ်တဲ့ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့ကို ချင်းညီနောင်မဟာမိတ်တပ်တွေက ၂၀၂၄ မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က အဓိက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ချင်းပြည်သူ့အစည်းအရုံးအနေနဲ့ စစ်ရေးသတင်းတွေ အသေးစိတ်ထုတ်ပြန်တာ မလုပ်ပေမယ့် ထိန်းချုပ်ထားပြီးနယ်မြေတွေ စစ်တပ်ထံ ပြန်မရောက်ရေး ကြိုးပမ်းမယ်လို့ အသိပေးထားပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်း ထိုးစစ်မအောင်မြင်သေးတဲ့ အခြေအနေမှာ လေကြောင်းကနေ အပြင်းအထန် ပစ်ကူပေးတိုက်ခိုက်လျက်ရှိပါတယ်။

ဒေသခံရဲ့ အသိပေးချက်အရ စစ်တပ်က မနေ့က ဇွန် ၂၃ရက်ညမှာ မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို တိုက်လေယာဉ်နဲပ ဗုံး၂လုံး၊ ညနေပိုင်းမှာ မင်းတပ်မြို့အနီးကို ၄ကြိမ် ဗုံး ၈လုံး၊ နေ့လည်ပိုင်းမှာ မင်းတပ် အရှေ့ခြမ်းနေရာတွေကို Y12 လေယာဉ်နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ကန်ပက်လက်မြို့အနီးကိုလည်း မနေ့က နေ့လည်ပိုင်းမှာ Y12နဲ့ ဗုံးအလုံး ၂၀ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ချင်းတောင်ပိုင်းကို နေ့စဉ် နီးပါး လေကြောင်းဗုံးကြဲတာတွေ အကြိမ်ပေါင်းများစွာ ကျူးလွန်နေတာပါ။ ဒါ့အပြင် ဒရုန်းနဲ့ တိုက်ခိုက်လို့ အရပ်သား သေဆုံးထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။

ဇွန်လ ၂၂ရက်ကလည်း အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်- မင်းတပ်အစပ် ကန်ပက်လက်မြို့နယ်ထဲက ကျောက်တောင်ရွာအနီး စစ်ဘေးရှောင်တွေရဲ့ တောင်ယာတဲကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ၂နှစ်အရွယ် ကလေးငယ်နဲ့ မိခင်သေဆုံး ပြီး ဒဏ်ရာရသူအချို့ရှိတယ်လို့ ဒေသခံက အသိပေးထားပါတယ်။ဒါ့အပြင် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ဦးထက်မနည်းသေဆုံးကာ ၁၀ဦးကျော်ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်က တိုက်ပွဲမရှိတဲ့နေရာတွေပါ လေကြောင်းဗုံးကြဲနေလို့ အိမ်တိုင်း ပုန်းခိုကျင်းတူးထားဖို့ လေကြောင်းသတင်းတွေရရင် နေရာယူပုန်းခိုကြဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

Facebook