News စစ်ကောင်စီထံ လက်နက်ရောင်းချမှုရပ်တန့်ရန် အချိန် တန်ပြီဟု JFM တောင်းဆို ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများဆက်လက်ကျူးလွန်နေသော စစ်ကောင်စီထံ လက်နက်ရောင်းချမှုရပ်တန့်ရန် အချိန်တန်ပြီဟု Justice for Myanmar က တောင်းဆိုထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 26, 2022
News ဆားလင်းကြီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ ၇ ဦးခန့်သေဆုံးကြောင်း GZ LPDFထုတ်ပြန် လည်ပစ်ခတ်နေသည့်ကြားမှ အထိအခိုက်မရှိအန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း၊ စစ်တပ်ကားကြီးကို ပဒေသာမိုင်းအလုံး(၂၀)ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတန်ဖိုးသိန်း ၂၀ ကျပ်ကုန်ကျခဲ့ကြောင်း ဆားလင်းကြီး GZ LPDFပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 26, 2022
News KNU တပ်မဟာ(၅)၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၁ဦးထပ်မံသေ ဇန်နဝါရီ ၂၄ရက်တွင် တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ တိုလယ်စခန်းနှင့် ထီးဘအဲဒေကြား၊ ထီးဘအဲဒေသအနီးတို့တွင် စစ်ကောင်စီတပ်မှ မိုင်း နှစ်ကြိမ်နင်းမိရာ လေးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 26, 2022
News ကိုးကန့်နှင့် သိန္နီဒေသ၌ တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်အချို့ရဟု MNDAA ထုတ်ပြန် MNDAAနှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီလ၂၃ ရက်က ကိုးကန့်ခရိုင်နှင့် မူပန်ခရိုင်၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ LuduNwayOoဇန်နဝါရီ 25, 2022
News ချင်းတွင်းမြစ်ဘေးစစ်သင်တန်းပေးရန်လာသောစစ်ကောင်စီနှင့်ပျူစောထီးများကိုPDFတိုက်ခိုက် ပျူ ၂ဦးသေ "စစ်ကောင်စီက အဲဒီရွာထဲမှာ ပျူစောထီးတွေကို သင်တန်းပေးနေတာပါ။"ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ LuduNwayOoဇန်နဝါရီ 25, 2022
News ကျောက်ထုနယ်မြေ တိုက်ပွဲတွင် လေးရက်အတွင်း စစ်ကောင်စီတပ်သား ၂၂ဦးသေဟု PDFပြော ဇန်နဝါရီ ၂၂ ရက်ကစ၍ ကြီး-ရွှေအောင်သာ ကျေးရွာကြားတွင် ညအိပ်သော အကြမ်းဖက်စစ်ကောင်စီအဖွဲ့အား ကျောက်ထု PDFက လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ LuduNwayOoဇန်နဝါရီ 25, 2022
News စေတုတ္တရာနှင့် ငဖဲနယ်တွင် စစ်ဆိုင်ထားဆဲဖြစ်၍ စစ်ကောင်စီတပ်နှင့် နီးကပ်စွာမနေရန် PRA သတိပေး စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းကျေးရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီ ၂၄ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ဆိုင်နေဆဲဖြစ် သည်ဟု PRAက ဆိုသည်။ LuduNwayOoဇန်နဝါရီ 25, 2022
News အသံတိတ်သပိတ်မှာပါဖို့ လှုံဆော်သူတွေနဲ့ ပါဝင်သူတွေကိုအရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက် အာဏာသိမ်းလို့ တစ်နှစ်ပြည့်တဲ့အချိန်ထိ အုပ်ချုပ်လို့မရသေးတာ ၊ ပြည်သူတွေက စစ်ကောင်စီရဲ့အုပ်ချုပ်မှုကိုလက်မခံတာ ကို ထပ်မံပြသဖို့အတွက် အသံတိတ်သပိတ် ထပ်မံဆင်နွှဲကြဖို့ရှိနေတာပါ။ LuduNwayOoဇန်နဝါရီ 25, 2022
News စစ်ကောင်စီ ကို ဖိတ်ကြားတဲ့ပုံစံ မလေးရှားဝန်ကြီးချုပ်ကို ဟွန်ဆန်ရှင်းပြ အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုဖိတ်တဲ့အတွက် သဘောထားတင်းမာနေတဲ့ မလေးရှားဝန်ကြီးချုပ် နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမှုမှာ ဟွန်ဆန်က သူဖိတ်ကြားတဲ့အခြေအနေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။ LuduNwayOoဇန်နဝါရီ 25, 2022
News စေတုတ္တရာနယ်၌ ပထမဆုံးဖြစ်သည့် ရင်ဆိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ လက်ရှိ အခြေအနေမှာ အင်အား နှင့်လက်နက်ခဲယမ်း အထိုက်အလျောက် စုဆောင်းထားပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည်သူလူထုက စစ်ကောင်စီတပ်ကို ရသည့်နည်းဖြင့် တွန်းလှန်ရန် ပြင်ဆင်နေသည်မှာ အားလုံးအသိဖြစ်ကြောင်း ၎င်းက ဆိုသည်။ LuduNwayOoဇန်နဝါရီ 25, 2022