Connect with us

Hi, what are you looking for?

News

ကော်သူးလေက တိုက်ပွဲအကြိမ်တစ်ရာကျော်မှာ စစ်ကောင်စီတပ်ဘက်က ၁၀၀ ကျော်သေဆုံးတယ်လို့ ကေအဲန်ယူထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ စစ်သမီးတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေမှာ ၁၀ ရက်တာအတွင်း အာဏာသိမ်းစစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲပေါင်း (၁၀၅) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်ဖွဲ့တို့ဟာ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ အဆက်မပြတ်လုပ်ဆောင်ခဲ့တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ နေ့စဉ်ဖြစ်ပွားခဲ့တာပါ။

ဇန်နဝါရီ ၁၅ ရက်ကနေ ၂၅ ရက်အထိ ၁၀ ရက်တာအတွင်း တိုက်ပွဲပေါင်း (၁၀၅) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က (၁၅၀) သေဆုံးခဲ့ပြီး (၁၁၅) ယောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ စစ်သမီးတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့က ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်တဲ့အတွက် ဒီ ၁၀ ရက်တာအတွင်းမှာ ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့ပစ်ခတ်မှုတွေ နေ့စဉ်ဖြစ်ပွားနေတာကြောင့် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒူးသထူ၊ ညောင်လေးပင်၊ ဘိတ်ထားဝယ်၊ မူတြော်နဲ့ ဒူးပလာယာခရိုင်ထဲက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေလူထုတွေဟာ ဒီကနေ့အချိန်ထိ နေရပ်ကို မပြန်နိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကျောင်းတွေကို ပိတ်ထားရတဲ့အတွက် ကျောင်းသားကျောင်းသူနဲ့ လူငယ်တွေဟာ ပညာမသင်ကြားနိုင်တော့ပဲ တောတောင်တွေမှာ ထွက်ပြေးပုန်းအောင်းခဲ့ရပြီး စစ်ရှောင်ပြည်သူလူထုတွေဟာ ဆင်းရဲ့ဒုက္ခတွေမျိုးစုံနဲ့ ရင်ဆုံကြုံတွေ့နေရတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

Facebook