Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆားလင်းကြီးတွင် စစ်​ကောင်စီတပ် မိုင်းဆွဲခံရ ၇ ဦးခန့်​သေဆုံး​ကြောင်း GZ LPDFထုတ်ပြန်

လည်ပစ်ခတ်နေသည့်ကြားမှ အထိအခိုက်မရှိအန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း၊ စစ်တပ်ကားကြီးကို ပဒေသာမိုင်းအလုံး(၂၀)ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတန်ဖိုးသိန်း ၂၀ ကျပ်ကုန်ကျခဲ့ကြောင်း ဆားလင်းကြီး GZ LPDFပြောက်​ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီးမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးခန့်သေဆုံးကြောင်း ဆားလင်းကြီး GZ LPDFပြောက်​ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

ယမန်နေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက် ၁၁း၃၀ အချိန်က ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းမအတိုင်း မြောက်မှတောင်သို့မောင်းနှင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ကားကြီးတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒါဏ်ရာရရှိသွားကြောင်း ဆားလင်းကြီး GZ LPDFပြောက်​ကျားတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။အတိုပါတိုက်ခိုက်မှုနှင့်ပတ်သပ်၍ People’s Spring က GZ LPDF က ဆက်သွယ်​မေးရန်ကြိုးစား​နေ​သော်လည်း အဆက်အသွယ်မရ​သေးပါ။

ပြန်လည်ပစ်ခတ်နေသည့်ကြားမှ အထိအခိုက်မရှိအန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း၊ စစ်တပ်ကားကြီးကို ပဒေသာမိုင်းအလုံး(၂၀)ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတန်ဖိုးသိန်း ၂၀ ကျပ်ကုန်ကျခဲ့ကြောင်း ဆားလင်းကြီး GZ LPDFပြောက်​ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နံနက် ၃း၃ဝ ခန့်ကလည်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ညီနောင်တော်လှန်ရေးအင်အားစု၊ မုံရွာခရိုင်တပ်ရင်း ၂ နှင့် ဆားလင်းကြီး GZ LPDF အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်းလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။