Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထံ လက်နက်ရောင်းချမှုရပ်တန့်ရန် အချိန် တန်ပြီဟု JFM တောင်းဆို

ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများဆက်လက်ကျူးလွန်နေသော စစ်ကောင်စီထံ လက်နက်ရောင်းချမှုရပ်တန့်ရန် အချိန်တန်ပြီဟု Justice for Myanmar က တောင်းဆိုထုတ်ပြန်သည်။

▪️ပြီးခဲ့သည့် နှစ်ပေါင်း ၂၀အတွင်း တရုတ်နှင့် ရုရှားက တိုက်လေယာဉ်အပါအဝင် လက်နက်ပေါင်းစုံအများဆုံး​ရောင်းချခဲ့

ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများဆက်လက်ကျူးလွန်နေသော စစ်ကောင်စီထံ လက်နက်ရောင်းချမှုရပ်တန့်ရန် အချိန်တန်ပြီဟု Justice for Myanmar က တောင်းဆိုထုတ်ပြန်သည်။

အကြမ်းဖက် မြန်မာစစ်တပ်ကို လက်နက်များ ထောက်ပံ့နေသည့် စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို ပိတ်ဆို့ အရေးယူရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုကို ချက်ချင်း ချမှတ်ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

Justice for Myanmar ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း လေယာဉ်များ၊ ဒုံးလက်နက်များ၊ သင်္ဘောများ၊ စက်အင်ဂျင်များ၊ အမြောက်များ၊ သံချပ်ကာယာဉ်များ၊ ရေတပ်လက်နက်များကို တရုတ်၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး၊ ဆားဘီးယားတို့က အများဆုံးတင်ပို့ရောင်းချ ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါနိုင်ငံများ၏နောက်တွင် ဂျာမနီ၊ အိန္ဒိယ၊ ပြင်သစ်၊ ဩစတြီးယား၊ နယ်သာလန်၊ မြောက်ကိုရီးယား၊ ဘီလာရုစ်နှင့် တောင်ကိုရီးယားတို့လည်း အကြမ်းဖက် စစ်ကောင်စီကို လက်နက်ပစ္စည်းများ ရောင်းချခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ဇွန်လတွင် ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာသို့ လက်နက်စီးဝင်မှု တား မြစ်ရေးအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း နိုင်ငံအချို့က အကြမ်းဖက်စစ်ကောင်စီကို စစ်လက်နက်များ တင်ပို့နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

Facebook