Connect with us

Hi, what are you looking for?

News

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဆီသယ်ယာဥ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်မှ နှစ်ဦးသေ

အဆိုပါယာဉ်တန်းတွင် လေယာဥ်ဆီဘောက်ဆာ ၂ စီး၊ တခြားဆီဘောက်ဆာကား ၅ စီး၊ ဆီပေပါတွေတင်ထားသည့် ကား ၅ စီး၊ ရိက္ခာတင်ကား ၄ စီး၊ ပရိဘောဂတွေလို့ ယူဆရတဲ့ပစ္စည်းတင်ကား ၂ စီးနဲ့ ပွိင့်ကား ၂ စီး စသည့်တိုပါဝင်သည်ဟု ဒေသခံများထံမှသိရသည်။

တနသ်ာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဆီသယ်ယာဥ်တန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)က ယနေ့(ဇန်နဝါရီ ၂၆)ထုတ်ပြန်သည်။

ယနေ့ နံနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် ပုလောမြို့နယ် ကျောက်ပုဇွန်တောင်အနီး ထားဝယ်-သ ရက်ချောင်းဘက်မှ မြိတ်မြို့ဘက် မောင်းနှင်လာသော ကားအစီးရေ ၂၂ စီးပါ စစ်ကောင်စီ ၏ ဆီသယ်ယာဥ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သတင်းရရချင်း သွားရောက်တိုက်ခိုက်ချေမှုန်းရာ မိုင်းဆွဲရန်အချိန်မမှီ၍ ပစ်ခတ်မှုသာ ဖြစ် ပွားခဲ့သည်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)က ဆိုသည်။

အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီတပ်၏ ဆီသယ်ယာဥ်များနောက်မှ လိုက်ပါလာသော လုံခြုံရေးယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများမှ ရမ်းသမ်း ပြန်လည်ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦး၏ ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ညတစ်နာရီကျော်လောက်မှ ပစ်ခတ်တဲ့ အသံကြားလိုက်ရတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါယာဉ်တန်းတွင် လေယာဥ်ဆီဘောက်ဆာ ၂ စီး၊ တခြားဆီဘောက်ဆာကား ၅ စီး၊ ဆီပေပါတွေတင်ထားသည့် ကား ၅ စီး၊ ရိက္ခာတင်ကား ၄ စီး၊ ပရိဘောဂတွေလို့ ယူဆရတဲ့ပစ္စည်းတင်ကား ၂ စီးနဲ့ ပွိင့်ကား ၂ စီး စသည့်တိုပါဝင်သည်ဟု ဒေသခံများထံမှသိရသည်။

ထို့အပြင်ဇန်နဝါရီ ၂၃ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့မှ ထားဝယ်ဘက်ကို မောင်းလာသည့် လေယာဉ် ဆီတင် ကား ၄ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်ဟု ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

ရေဖြူမြို့နယ် ၂၈ မိုင် ရန်ကုန်-ထားဝယ်ကားမပေါ်တွင် မိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုယာဉ်တန်းတွင် လေယာဉ်ဆီတင် ကား ၄စီး ၊ ရိက္ခာတင် ကား ၂ စီးနှင့် ရှေ့ပြေးယာဉ်တန်းတို့ပါဝင်သည်ဟု ဒေသခံများထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။