News ကျောက်ဝိုင်းပြင်ပမှာ အခန်းဌားပြီး ကျောက်အရောင်းအဝယ်လုပ်သူ ၂၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရပြီးသူတို့ကို လဝကအက်ဥပဒေနဲ့အရေးယူထားတယ်လို့သိရပါတယ်။ LuduNwayOoဒီဇင်ဘာ 20, 2021
News ရုန်းပင်ရဲကင်းစခန်း မီးရှို့ခံရပြီးနောက် ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီဖမ်းခေါ်သွားဟုဆို ဖမ်းဆီးသွားသူများကို ပြန်လွှတ်ပေးမည်ဟု ကြားရသော်လည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ရှာဖွေမှုများ ဆက်လုပ်နေကြောင်း ဒေသခံက ပြောသည်။ LuduNwayOoဒီဇင်ဘာ 20, 2021
News မင်းတပ်ရောက် စစ်ကောင်စီတပ် စစ်မတိုက်ဘဲတူတူပုန်းတန်းကစားနေဟု CDF ပြော "ဒရုန်းနဲ့လိုက်ကြည့်လွန်းလို့ ရှက်ကြတာများလား။ မကြီးမငယ်နဲ့ ရွာရိုးကိုးပေါက် တူတူပုန်းတမ်း လာဆော့တာ ကျနေတာပဲ" ဟုCDF-MINDAT သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ယောမောင်က ၎င်း၏ လူမှုကွန်ရက်တွင် ယနေ့ ရေးသားထားသည်။ LuduNwayOoဒီဇင်ဘာ 20, 2021
News ရွှေဘို-မန္တလေးလမ်းတွင်စစ်ကောင်စီယာဥ်မိုင်းခွဲတိုက်ခိုက်ခံရ မြင်းဖြူရှင်ပြောက်ကြားတပ်ဖွဲ့ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိုင်းထိမှန်ပျက်စီးခဲ့သည့် စစ်ကောင်စီ၏ ၁၂ဘီးကား ၁စီးသည် ယနေ့နံနက်အထိ ရွာသာကြီးအနီးတွင် ရှိနေကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဒီဇင်ဘာ 20, 2021
News ထီးချိုင့်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ၁၅ ဦးခန့်သေဟုဆို "စစ်ကောင်စီတပ် လမ်းကြောင်းများနှင့်လာလျှင် အမြန်ဆုံးရှောင်တိမ်းကြဖို့ ပြောချင်ပါတယ်"ဟု ထီးချိုင့်တော်လှန်ရေးအင်အားစု (TR)မှ တာဝန်ရှိသူတစ်ဦးက ပြည်သူများအား တိုက်တွန်းသည်။ LuduNwayOoဒီဇင်ဘာ 20, 2021
News ခရမ်း-သုံးခွလမ်းပိုင်း လက်ပံကျိုးရွာအနီး စစ်ကောင်စီကားနှစ်စီး မိုင်ဆွဲတိုက်ခိုက်ခံရ ဒီဇင်ဘာ ၁၆ ရက် ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက တိုက်ခိုက်ခဲ့ပြီးနောက် သုံးခွဘက်မှနေ၍ ခရမ်းမြို့သို့ စစ်ကူများပို့လျှက်ရှိသည်။ LuduNwayOoဒီဇင်ဘာ 20, 2021
News အခွင့်သာလျင် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းယူရန် တပ်မဟာအားလုံးကို KNU ညွှန်ကြား စစ်ကောင်စီတပ်အနေဖြင့် နယ်မြေစိုးမိုးရေးအတွက် တည်ဆောက်ထားသည့် စခန်းများရှိကြောင်း၊ လက်ရှိအချိန်သည် ပြည်တွင်း၌ လူထု၏ တွန်းလှန်မှုနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ လက်တွဲညီညီဖြင့် စစ်ရေး၊ နိုင်ငံရေးအောင်မြင်မှုရရှိရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ LuduNwayOoဒီဇင်ဘာ 20, 2021
News မုံးကိုးဒေသ ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိ့ခိုက်သေဆုံးသူ ၇၀ကျော်ရှိဟု MNDAA ထုတ်ပြန် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာကျဆုံး(၇၀)ကျော်အထက်ရှိကြောင်းနှင့် စစ်ကောင်စီသည် ကျဆုံးမှုများသောကြောင့် MNDAA၏ မုံးကိုးခရိုင် လှိုင်ရှိန်တောင်တန်းနှင့် မန်ရန် တပ်စခန်းကို တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဒီဇင်ဘာ 20, 2021
News မန္တလေးကျောက်ဝိုင်း ပြင်ပမှာအခန်းဌားပြီး ကျောက်အရောင်းအဝယ်လုပ်တဲ့နေရာကို စစ်ကောင်စီတပ်တွေဝင်စီးနင်း စစ်ကောင်စီဟာ အခွန်ရရှိဖို့အတွက် ကျောက်ဝိုင်းအတွင်းမှာ ဝင်ရောက်ပြီး အရောင်းဝယ်ပြုလုပ်ဖို့ ပြီးခဲ့တဲ့ရက်တွေက သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်တာ ၊ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ LuduNwayOoဒီဇင်ဘာ 20, 2021
News လေးကေ့ကော်ဒေသ ၆ရက်မြောက်တိုက်ပွဲထပ်ဖြစ်၊ စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းများထပ်မံဖမ်းဆီးရမိ စစ်ကောင်စီတပ်အထိ့နာခဲ့တဲ့ ယမန်နေ့(ဒီဇင်ဘာလ ၁၉ ရက်နေ့) မယ်ထော်သလေးတိုက်ပွဲအဆက်အနေနဲ့ စစ်ကောင်စီ စခန်းကို KNLA နှင့် PDF ပူးပေါင်းတက်ဖွဲ့က သွားရောက်ရှင်းလင်းရာ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိတယ်လို့ PVTV ကဖော်ပြပါတယ်။ LuduNwayOoဒီဇင်ဘာ 20, 2021