Connect with us

Hi, what are you looking for?

News

လောင်းရှည် ကာကွယ်​ရေးပစ္စည်းထုတ်ရုံလာသည့် စစ်​ကောက်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ အရာရှိတစ်ဦး​သေ

မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီတပ် ကားမှာ ပျက်စီးခဲ့ပြီး တပ်သားတစ်ဦးလည်း အပြင်းအ ထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း LSRPDFက ဆိုသည်။

People's Spring
People's Spring

​ယော​ဒေသ လောင်းရှည်မြို့မှ ကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေးစက်ရုံ(ကပစ ၂၅)သို့ ယနေ့ (ဒီဇင်ဘာ ၂၀ရက်) နံနက်ပိုင်းက လာသည့် အကြမ်းဖက်စစ်ကောင်စီတပ် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းရှည်ဒေသ(LSRPDF)က ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီတပ် ကားမှာ ပျက်စီးခဲ့ပြီး တပ်သားတစ်ဦးလည်း အပြင်းအ ထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း LSRPDFက ဆိုသည်။

ထို့အပြင် ယနေ့(ဒီဇင်ဘာ၂၀) နေ့လည်ပိုင်းက လောင်းရှည်မြို့အဝင်တွင် စခန်းချရန် ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်အုပ်စုကို လောင်းရှည် PDFမှ လက်လုပ်တာဝေးပစ်လက်နက်များဖြင့် ၁၅ချက် ပစ်ခတ်ခဲ့ပြီး နောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁နာရီကြာမြင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် လောင်းရှည်မြို့အဝင်တံတားထိပ်တွင် အကြမ်းဖက်စစ်တပ်သည် မြို့တွင်း၊မြို့ပြင် ဝင်ထွက်သွားလျက်ရှိနေသော ပြည်သူလူထုထံမှ မတရားသဖြင့် ငွေကြေးတောင်းခံခြင်းနှင့်ပါရှိလာသော ကုန်ပစ္စည်းများကို မတရားသဖြင့် တောင်းယူနေကြခြင်းများပြုလုပ်နေသောကြောင့် တိုက်ခိုက်သွားမည်ဟု LSRPDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လောင်းရှည်ဒေသအတွင်းရှိ မိဘပြည်သူ လူထုအနေဖြင့် မလိုအပ်ပဲ ခရီးသွားလာခြင်းများ မပြု လုပ်ကြရန် မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။