Connect with us

Hi, what are you looking for?

LuduNwayOo

News

လောင်းရှည် ကာကွယ်​ရေးပစ္စည်းထုတ်ရုံလာသည့် စစ်​ကောက်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ အရာရှိတစ်ဦး​သေ

မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီတပ် ကားမှာ ပျက်စီးခဲ့ပြီး တပ်သားတစ်ဦးလည်း အပြင်းအ ထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း LSRPDFက ဆိုသည်။

People's Spring
People's Spring

​ယော​ဒေသ လောင်းရှည်မြို့မှ ကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေးစက်ရုံ(ကပစ ၂၅)သို့ ယနေ့ (ဒီဇင်ဘာ ၂၀ရက်) နံနက်ပိုင်းက လာသည့် အကြမ်းဖက်စစ်ကောင်စီတပ် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းရှည်ဒေသ(LSRPDF)က ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီတပ် ကားမှာ ပျက်စီးခဲ့ပြီး တပ်သားတစ်ဦးလည်း အပြင်းအ ထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း LSRPDFက ဆိုသည်။

ထို့အပြင် ယနေ့(ဒီဇင်ဘာ၂၀) နေ့လည်ပိုင်းက လောင်းရှည်မြို့အဝင်တွင် စခန်းချရန် ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်အုပ်စုကို လောင်းရှည် PDFမှ လက်လုပ်တာဝေးပစ်လက်နက်များဖြင့် ၁၅ချက် ပစ်ခတ်ခဲ့ပြီး နောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁နာရီကြာမြင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် လောင်းရှည်မြို့အဝင်တံတားထိပ်တွင် အကြမ်းဖက်စစ်တပ်သည် မြို့တွင်း၊မြို့ပြင် ဝင်ထွက်သွားလျက်ရှိနေသော ပြည်သူလူထုထံမှ မတရားသဖြင့် ငွေကြေးတောင်းခံခြင်းနှင့်ပါရှိလာသော ကုန်ပစ္စည်းများကို မတရားသဖြင့် တောင်းယူနေကြခြင်းများပြုလုပ်နေသောကြောင့် တိုက်ခိုက်သွားမည်ဟု LSRPDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လောင်းရှည်ဒေသအတွင်းရှိ မိဘပြည်သူ လူထုအနေဖြင့် မလိုအပ်ပဲ ခရီးသွားလာခြင်းများ မပြု လုပ်ကြရန် မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။